တည်ငြိမ်လျက်ရှိနေပြီဖြစ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဒေသခံများ သုံးကုန်ပစ္စည်းများ ဝယ်ယူရ ပိုမိုအဆင်ပြေစေနိုင်ရန် အဆင့်မြင့်သီရိမင်္ဂလာဈေးကို တိုးချဲ့ဆောက်လုပ်လျက်ရှိသည်။
လက်ရှိ၌ ဈေးရုံသစ်များ တိုးချဲ့ဆောက်လုပ်နေကာ ဈေးခန်းမနှင့် ၂ ထပ်ဈေးရုံများ အပြီးသတ်ဆောက်လုပ်နေကြောင်းလည်း တိုင်းအစိုးရသတင်းများအရ သိရသည်။
တိုးချဲ့ ဆောက်လုပ်နေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများက ကြည့်ရှူစစ်ဆေးခဲ့သေးကာ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
