Wednesday, January 22, 2025

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...
HomeNewsLocal Newsလွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းနှင့် ပွန်ချောင်းရေ...

လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းနှင့် ပွန်ချောင်းရေ ထပ်မံဝင်ရောက်လာ၍ တံတား(၂)စင်းပေါ်မှ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းနှင့် ပွန်ချောင်းရေ ထပ်မံမြင့်တက်ဝင်ရောက်လာသဖြင့် ဒေသခံများ ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး တံတား(၂)စင်းပေါ်မှ ဖြတ်သန်းသွားလာခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယာယီပိတ်ထားလိုက်ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းနှင့် ပွန်ချောင်းရေ ဆက်လက်မြင့်တက်မှုကြောင့် ရှမ်းပိုင်းရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်တွင် ရေများ ဆက်လက် ဝင်ရောက်မှုဖြစ်ပွားလျက်ရှိပြီး နှစ်ထပ်ဈေး (ကန္ဒာရဝတီ) တံတားနှင့် ဥတ္တရာရုံတံတားတို့ အပေါ်မှ ဖြတ်သန်းသွားလာခွင့်ကို စက်တင်ဘာ (၂၅)ရက်မှ စတင်၍ ယာယီပိတ်ထားကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်း ဘီးလူးချောင်းနှင့် ပွန်ချောင်းရေဆက်လက်မြင့်တက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များ ရေဆက်လက် ဝင်ရောက်မှုဖြစ်ပွားလျက်ရှိရာ လွိုင်ကော်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး စက်လှေ(၆)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရဟန်းပြည်သူ သွားလာရေး အဆင်ပြေစေရန်နှင့် ရေဘေးသင့် အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

ယခု စက်တင်ဘာလအတွင်း လွိုင်ကော်မြို့နယ် အနိမ့်ပိုင်းနေရာများနှင့် မြို့လယ်အထိ ဈေးများ၊ တံတားများ၊ အဓိက လမ်းမများ၊ နေအိမ်များနှင့် ဒီးမော့ဆို မြို့နယ် ကျေးရွာများရှိ လယ်ဧက၊ စိုက်ခင်းများစွာ ရေနစ်မြုပ်နေပြီး အကူညီများ လိုအပ်လျက်ရှိရာ နယ်မြေကန့်သတ်မှုကြောင့် အကူညီမရောက်သေးသည့် ဒေသများလည်းရှိနေသေးကြောင်း လွိုင်ကော်ရေးဘေး အကူညီပေးနေသူများထံမှ သိရသည်။

လက်ရှိ ဆက်သွယ်ရေး အခြေနေတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်ကွန်ရက်များ ပြတ်တောက်လျက်ရှိပြီး တချို့နေရာများတွင် မြန်မာ့ဆက်သွယ်ရေး MPT ဖုန်းလိုင်းရရှိနေသည်ဟုဆိုသော်လည်း နေရာတိုင်းတွင် ဆက်သွယ်၍ မရရှိသေးကြောင်းနှင့် ရေဘေးသင့်များ ခိုလှုံရန် မိုဃ်းကောင်းဘုရားကြီးရှိ ဓမ္မာရုံ၊ စေတီပုထိုးနှင့် ပုဗ္ပါရုံပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းဝန်းတို့တွင် ကယ်ဆယ်ရေးစခန်းများအဖြစ် ကြိုတင်ပြင်ဆင်ထားပြီး ဆက်လက်၍ ထပ်တိုးနေရာများအတွက် ပြင်ဆင်နေရကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ရေများမှာ မိုးဗြဲရေလှောင်တမံမှ တစ်ဆင့် ဘီလူးချောင်းနှင့် ပွန်ချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ရာမှ စက်တင်ဘာ (၉)ရက်မှ စတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေရာ ကယားပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ စက်တင်ဘာ (၂၆)ရက်၊ နံနက်(၇)နာရီအချိန် နေ့စဉ်မိုးလေဝသတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ – စက်တင်ဘာ ၂၄ ရက်နေ့ ဘီလူးချောင်းရေမြင့်တက်နေသည့် မြင်ကွင်းပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071