ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နှင့် တနိုင်းမြို့အနီးတို့တွင် ငလျင်လှုပ်ခတ်မှုများရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အ နောက်မြောက် ဘက်(၁၁) မိုင်ခန့်အကွာ၌ အနက် (၉) ကီလို မီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၂) အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားသ ည်ဟု ဆိုသ ည်။
ထိုနည်းတူ ကချင်ပြည်နယ်၊ တနိုင်းမြို့၏ တောင်-အနောက် တောင်ဘက် (၂၆) မိုင်ခန့်အကွာ၌လည်း အနက် (၃၆) ကီလို မီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်ဟုလ ည်း မိုး/ဇလက ထုတ်ပြန်အသိပေးထားသည်။
