Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal Newsလွိုင်ကော်တွင် အမျိုးသား၂ဦး ဆိုင်ကယ်...

လွိုင်ကော်တွင် အမျိုးသား၂ဦး ဆိုင်ကယ် မစီးဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်

လွိုင်ကော်တွင် အမျိုးသား၂ဦးဆိုင်ကယ်မစီးဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဆိုင်ကယ်စီးနင်းတာနဲ့ ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က ရက်၆၀သက်တမ်းရှိတဲ့ ဒေသန္တရအမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်တာရှိပါတယ်။

မြို့နယ်ထဲ ဆိုင်ကယ်စီးနင်းတာမှာ အမျိုးသား၂ဦး ဆိုင်ကယ်မစီးကြဖို့ တားမြစ်တာဖြစ်ပြီး အမျိုးသားမောင်းတဲ့ဆိုင်ကယ်နောက်မှာ အမျိုးသမီး ၁ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်ဦးတွဲလျှက် ဆိုင်ကယ်စီးနင်းလို့ရတယ်လို့ အမိန့်က ဆိုပါတယ်။

ဒေသန္တရအမိန့် ထုတ်ပြန်ရတာနဲ့ ပတ်သတ်ပြီး ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးက “ ကယားပြည်နယ်အတွင်း လက်ရှိအချိန်၌ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများ အား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦး များနှင့် အပြစ်မဲ့ပြည်သူများ၏နေအိမ်များသို့ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်ကျူးလွန်လျက်ရှိပါသည်။

အဆိုပါပြစ်မှုများအား အကြမ်းဖက်သောင်းကျန်းသူ များမှ ကျူးလွန်သောင်ရွက်ရာ၌ အများအားဖြင့် မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦးစီးနင်း အသုံးပြု၍ တစ်ဦးမှဆိုင်ကယ်မောင်းနှင်ပေးခြင်း၊ ပြစ်မှုကျူးလွန်ချိန်တွင် တစ်နေရာ၌ အသင့်စောင့်ဆိုင်းပေးခြင်း၊ ကျန်တစ်ဦးမှ လက်နက်ငယ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း/ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း)တို့ကို ဆောင်ရွက်ခဲ့ကြကြောင်းစိစစ်တွေ့ရှိရ၍ဖြစ်သည်”လို့ ပြောဆိုပါတယ်။

လိုက်နာရန်ပျက်ကွက်တဲ့သူကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ဒေသန္တရအမိန့်မှာဖော်ပြပါတယ်။

“မြို့ထဲ လိုက်ကြော်ငြာတယ်။အမျိုးသား ၂ဦးဆိုင်ကယ်မစီးဖို့၊အောက်တိုဘာ ၁၆ရက်ကစပြီး လိုက်နာရမယ်လို့ ပြောတာကြားမိတယ်။စစ်ဆေးတာတွေလည်း အတော်လုပ်တယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

လွိုင်ကော်အပြင် တနင်္သာတိုင်းတစ်တိုင်းလုံး၊ရန်ကုန်တိုင်းက မြို့နယ်အချို့၊မကွေးနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်အချို့တွေမှာ အခုလိုပဲ အမိန့်ထုတ်ပြန်ထားတာရှိပါတယ်။

ဒီအမိန့်ဟာ ဆိုင်ကယ်ရီသမားတွေအတွက်တော့ စားဝတ်နေရေးအတော်လေးထိခိုက်စေတဲ့ အမိန့်ဖြစ်တယ်လို့ ဆိုင်ကယ်ကယ်ရီသမားတွေက ညီးတွားကြပါတယ်။

Zaw Gyi

လြိဳင္ေကာ္တြင္ အမ်ိဳးသား၂ဦးဆိုင္ကယ္မစီးဖို႔ ေဒသႏၲရ အမိန႔္ထုတ္ျပန္

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ဆိုင္ကယ္စီးနင္းတာနဲ႔ ပတ္သတ္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးမ်ိဳးေက်ာ္က ရက္၆၀သက္တမ္းရွိတဲ့ ေဒသႏၲရအမိန႔္တစ္ရပ္ကို ထုတ္ျပန္လိုက္တာရွိပါတယ္။ၿမိဳ႕နယ္ထဲ ဆိုင္ကယ္စီးနင္းတာမွာ အမ်ိဳးသား၂ဦး ဆိုင္ကယ္မစီးၾကဖို႔ တားျမစ္တာျဖစ္ၿပီး အမ်ိဳးသားေမာင္းတဲ့ဆိုင္ကယ္ေနာက္မွာ အမ်ိဳးသမီး ၁ဦးလိုက္ပါစီးနင္းနိုင္ၿပီး အမ်ိဳးသမီးႏွစ္ဦးတြဲလၽွက္ ဆိုင္ကယ္စီးနင္းလို႔ရတယ္လို႔ အမိန႔္က ဆိုပါတယ္။

ေဒသႏၲရအမိန႔္ ထုတ္ျပန္ရတာနဲ႔ ပတ္သတ္ၿပီး ကယားျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက “ ကယားျပည္နယ္အတြင္း လက္ရွိအခ်ိန္၌ အျပစ္မဲ့ ျပည္သူမ်ား၊ နိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးတာဝန္ထမ္းေဆာင္ေနသူမ်ား အား လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္ျခင္း၊ အေျခခံပညာေက်ာင္းမ်ား၊ ဌာနဆိုင္ရာအေဆာက္အဦး မ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ား၏ေနအိမ္မ်ားသို႔ လက္လုပ္မိုင္းမ်ားျဖင့္ ပစ္ေပါက္ျခင္းစသည့္ အၾကမ္းဖက္ လုပ္ရပ္မ်ား ျပဳလုပ္က်ဴးလြန္လ်က္ရွိပါသည္။

အဆိုပါျပစ္မွုမ်ားအား အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားမွ က်ဴးလြန္ေသာင္ရြက္ရာ၌ အမ်ားအားျဖင့္ ေမာ္ေတာ္ဆိုင္ကယ္အား အမ်ိဳးသားႏွစ္ဦးစီးနင္း အသုံးျပဳ၍ တစ္ဦးမွဆိုင္ကယ္ေမာင္းႏွင္ေပးျခင္း၊ ျပစ္မွုက်ဴးလြန္ခ်ိန္တြင္ တစ္ေနရာ၌ အသင့္ေစာင့္ဆိုင္းေပးျခင္း၊ က်န္တစ္ဦးမွ လက္နက္ငယ္ျဖင့္ပစ္ခတ္သတ္ျဖတ္ျခင္း/ လက္လုပ္မိုင္းမ်ားျဖင့္ ပစ္ေပါက္ျခင္း)တို႔ကို ေဆာင္ရြက္ခဲ့ၾကေၾကာင္းစိစစ္ေတြ႕ရွိရ၍ျဖစ္သည္”လို႔ ေျပာဆိုပါတယ္။

လိုက္နာရန္ပ်က္ကြက္တဲ့သူကို တည္ဆဲဥပေဒအရ အေရးယူမယ္လို႔လည္း ေဒသႏၲရအမိန႔္မွာေဖာ္ျပပါတယ္။“ၿမိဳ႕ထဲ လိုက္ေၾကာ္ျငာတယ္။အမ်ိဳးသား ၂ဦးဆိုင္ကယ္မစီးဖို႔၊ေအာက္တိုဘာ ၁၆ရက္ကစၿပီး လိုက္နာရမယ္လို႔ ေျပာတာၾကားမိတယ္။စစ္ေဆးတာေတြလည္း အေတာ္လုပ္တယ္”လို႔ ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

လြိဳင္ေကာ္အျပင္ တနသၤာတိုင္းတစ္တိုင္းလုံး၊ရန္ကုန္တိုင္းက ၿမိဳ႕နယ္အခ်ိဳ႕၊မေကြးနဲ႔ စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္အခ်ိဳ႕ေတြမွာ အခုလိုပဲ အမိန႔္ထုတ္ျပန္ထားတာရွိပါတယ္။ဒီအမိန႔္ဟာ ဆိုင္ကယ္ရီသမားေတြအတြက္ေတာ့ စားဝတ္ေနေရးအေတာ္ေလးထိခိုက္ေစတဲ့ အမိန႔္ျဖစ္တယ္လို႔ ဆိုင္ကယ္ကယ္ရီသမားေတြက ညီးတြားၾကပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071