ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိ လွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ဒီဇင်ဘာ ၂၃ ရက်ည ၆ နာရီခန့်က ၆ ဘီးကား ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်းအတိုင်း အမျိုးသား(၃) ဦးနှင့် အမျိုး သမီး (၃) ဦးတို့ လိုက်ပါလာသော မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့မောင်းနှင်လာသည် MITSUBISHI CANTER FUSO (၆) ဘီးကားမှာ အခင်းဖြစ်နေရာအရောက် ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိုင်းဆတ်ခရိုင်/မြို့နယ်မီးသ-တ်စခန်း၊ မိုင်းတွမ်းနယ်မြေမီးသ-တ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ မိုင်းဆတ်မြို့နယ်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
