Monday, July 14, 2025

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက်...

ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင်...
HomeNewsLocal Newsလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများ အနေဖြင့်...

လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများ အနေဖြင့် ပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း လူ့အခွင့်ရေးကော်မရှင် ပြော

ယမန်နေ့က နစက၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများ အနေဖြင့် နိုင်ငံတော်၏ စေတနာကို အလေးထားကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ကိုယုံကြည်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ယမန်နေ့ သြဂုတ်လ (၁) ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား (၇၀၀၀) ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ‌ဟောင်းဦးဝင်းမြင့်တို့အား ပြစ်ဒဏ်အချို့မှ လျှော့ပေါ့ပေးမှုများ လုပ်ဆောင်ခဲ့သည်။

အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ထုတ်ပြန်သည့်ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် (၆) နှစ်နှင့် ဦးဝင်းမြင့်အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် (၄) နှစ် ခွင့်ပြုခဲ့ခြင်းသည် အပြုသဘောဆောင်သည်ဟု ရေးသားထားသည်။

ထို့ပြင် အကျဥ်းထောင်၊ အကျဥ်းစခန်းအသီးသီး၌ သေဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူ အချို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်းသည်လည်း လူသားချင်းစာနာထောက်ထားမှုကို အလေးထားရာရောက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဥ်းသူ (၇၇၄၉) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် (၂၂) ဦး၊ နိုင်ငံခြားသား အကျဉ်းသား/အကျဥ်းသူ (၁၂၅) ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူ (၇၂) ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုပိတ်သိမ်း၍ အမှုမှ လွှတ်ခြင်းတို့သည်လည်း နိုင်ငံအချ င်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို မြှင့်တင်ရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေသည်ဟု ရေးသားထားသည်။

ထို့ကြောင့် သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရသူများ အသက်ရှင်ခွင့် ရရှိကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများအနေဖြင့်လည်း မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများသည် အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးနှစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်တို့ဆွတ်ခူးနိုင်ခဲ့ကြသည်။ ထို့ပြင် Open ကနူးလေးယောက်လှော် အမျိုးသား မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင်...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင်...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071