Thursday, August 13, 2026

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...
HomeNewsLocal Newsလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင်...

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပြန်လည် လွတ်မြောက်

ဇန်နဝါရီ (၄) ရက်တွင် အကျဉ်းသား (၇၀၁၂) ဦးကို ပြစ်ဒ ဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် ပုဒ်မ ၅၀၅ အ ပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် အမှုဖွင့် ထောင်ချခံထားရသူအချို့သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နစက က (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအ မှတ်အနေဖြင့် အကျဉ်းသား (၇၀၀၀) ကျော်ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အ ကျဉ်းသားဦးရေမှာ အနည်းငယ်သာ ရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။

” များသော အားဖြင့်က အခြားအမှုတွေနဲ့ ပေါ့နော် ။ နိုင်ငံ ရေးအမှုတွေက အနည်းငယ်လောက်ပဲ ပြန်ပါလာတာတွေ့ရတယ်။ ၅၀၅ အမှုထဲက တချို့တဝက် ပြန်လွတ်လာတာတော့ တွေ့ရတယ် ” ဟု အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသည့် မိသားစုဝင် တစ်ဦးကို လာရောက်စောင့်‌ဆိုင်းသူ တစ်ဦးက ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ အများစုမှာ လွတ်ရက်စေ့ရန် (၁) နှစ်အောက် ကျန်သူအများစုဖြစ်ပြီး အဆိုပါ လွတ်မြောက်လာသူများထဲတွင် ဝါရင့် နိုင်ငံရေး သမား အချို့လည်း ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရသည်။

သာသနာရေးဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ၃ရက် နေ့ ညပိုင်းကပင် ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ များထဲတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ NLD ပါ တီမှ ဦးထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ဒေါက်တာအာကာမိုးသူနှင့် ဆန္ဒပြ ကျောင်းသားအချို့ပါဝင်လာပြီး ချုပ်ရက် (၁) နှစ်အထက် ကျန်နေသူ များ အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှလည်း ကျောင်းသားခေါ င်းဆောင် ကိုအောင်မှိုင်းဆန်းနှင့် ကိုညီညီကျော်တို့ ပြန် လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံ ထားရသည့် ကချင်အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဒေါက် တာ M ကောန်လလည်း မြစ်ကြီးနား အကျဉ်းထောင်မှ ယ နေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ထို့အပြင် ထိန်းသိမ်းခံထားရသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဧဒင် ဦးချစ်ခိုင် ၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့လည်းလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071