Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeArticlesလွမ်းရတဲ့ညကလေးတွေ

လွမ်းရတဲ့ညကလေးတွေ

kkkkk

”မင်္ဂလာငယ်မှxx မဏ္ဍိုင်လေ xx၊ရောင်ဆိုင်ငယ်မှx လေး မညx၊ သာမောငယ်စည် xx၊ နတ်ပြည် ထိလုxxx ပျော်ဖွယ်ငယ် ကောင်းxx နတ်ပေါင်းစု၏xx ။ မေ…ရုဗဟို ထထမြင့်မိုရ်ထိပ် မှာ xx ဝေဇယန္တာက xx သူဇာနန္ဒ xxx စိတြနှင့် xxစိတ္တဓမ္မာ ထထထကြင်ယာအများ xx မိဖုရားပေါင်း xx ထောင်သောင်းမxxx ။ ငါ သိကြားမှာ xxx ထက်ဖျားငယ်စံ xx ဝန်းရံခ၏ xx။ နတ်များအမှူး xx ။ လူတို့ပြည်တွင် xx ငါအရှင်သည် xxx ပျော်ရွှင်မြူးမည် xx လာသည်တစ်ခါ xx မင်္ဂလာစံခင်း xx။။ ပွဲတော်ဘောင် မှာxx ဂုဏ်ရောင် လင်းပါတဲ့ xxx မင်း အများတို့လေး xxx”ပွေးတောင်လိပ် ဘုရားပွဲခင်း ဆီက “သိကြားနတ်သံ” စပျိုးနေတာ ကြားရတော့ ပွဲကြိုက်မောင် ကျွန် တော့် မှာ နေမထိ ထိုင်မသာ ရွပိုး ထိုးနေတယ်..။ အိမ်က မိသားစုက ပွဲခင်းက ဝေးနေတော့ ကျွန်တော့်ကို မသွားစေချင်ကြဘူး။ ညခင်းဆိုတော့ ကား၊ ဆိုင်ကယ်တိုက်မှာ စိုးတာ လည်း ပါတယ်။ အပြန်တစ်ယောက် တည်း ပြန်လာတာ စိတ်မချတာ လည်း ပါတယ်ပေါ့..။ အိမ်က စိတ် မချတာလည်း မပြော နဲ့လေ..၊ ကျွန် တော့် အသက်က ၅၇ နှစ်ပြည့် တော့မှာ..၊ လူကလည်း သူများတွေလို သန်သန်မာမာ မဟုတ်..၊ ဒီလထဲ ဘယ်ဘက် ဒူးခေါင်းက နာနေတော့ ပွဲခင်း ထဲမှာ အရေးအကြောင်း ဒါမှ မဟုတ် ရန်ဖြစ်ကြရင် သူတ ကာလို ပြေးပြေးလွှားလွှား မသွားနိုင်..။ ဘယ်တစ် လှမ်း..ညာတစ်လှမ်းနဲ့သာ ပက်ကျိတစ်ကောင်လို သွားနေ ရတာ..။

မြန်မြန်လေး ပြေးလာခဲ့ပါ တော့လားလို့ လိပ်ဘုရားပွဲခင်းက နတ်သံပေးနေပြီ..။ အိမ်က စိတ်မချ ပေမယ့် ဘယ်လိုမှပြောမရ၊ တား မရတော့ လွှတ်လိုက်ရတာပေါ့။ ကျွန် တော်ကလည်း ကျွန်တော်ပဲ..၊ ဒါဆို ဒါပဲ..၊ တဇောက်ကန်း..တဇွတ် ထိုးကောင်..။အပျိုတော် ထွက်ခါနီးမို့ ဆိုင်း ဝိုင်းက မောင်းနဲ့ လင်းကွင်း တွဲဖက် တီးမှုတ်သံ ကြားနေရတယ်။ အဲဒါကို စင်တိုင်တယ်လို့ ခေါ်တယ်။ မြန်မာ့ ဇာတ်သဘင်တွေမှာ ရုပ်စုံသဘင်ကဲ့ သို့ ကမ္ဘာပြုဟန်၊ ပျက်ဟန်တွေကို စ၍ မကပြတော့ဘဲ၊ အပျိုတော်ခန်း ကို ပွဲဦးထွက် ပဏာမအဖြစ် ခင်း ကျင်းကပြလေ့ရှိတယ်။ တစ်နည်း အားဖြင့် မြန်မာ့ဇာတ်သဘင်သည် တို့ ကပြရာမှာ ဇာတ်အိမ်၊ ဇာတ် ကွက် မတည်ဆောက်မီ ပွဲဦးထွက်အဖြစ် သိကြားမင်းနဲ့တကွ မြို့တော်ရှင်၊ ရွာတော်ရှင် အပါအဝင် (၃၇)မင်း နတ်အသီးသီးတို့ကို ကန်တော့ခြင်း ဖြစ်ပုံရတယ်။ အဲဒီလိုကန်တော့ သည့်အခန်းကို မြန်မာ့ဇာတ်သဘင် မှာ ‘အပျိုတော်ခန်း’ လို့ ခေါ်ဆိုတာ သက်ကြီးစကား- သက်ငယ်ကြားခဲ့ဖူး ပါတယ်..။
xxx

မန္တလေးကနေ မေမြို့ကို တစ်မိ သားစုလုံး ပြန်ပြောင်းလာခဲ့တာ ၂ဝဝ၆ ခုနှစ်ကဆိုတော့ ၁ဝ နှစ်တင်းတင်း ပြည့်ပြီ..။ ဒီ ၁ဝ နှစ် အတွင်း ဇာတ်ပွဲတွေ မကြည့်ခဲ့ရဘူး။ ညံတောပွဲ၊ လွတ်လပ်ရေးပွဲတွေမှာ လည်း မြန်မာဇာတ်ပွဲတွေ ပါပေမယ့် ကျွန်တော်နေတာ က မေမြို့။မြို့ အဝင် ကျောက်တောင် (လွတ်လပ်ရေး အောင်စေတီ) ဇိနမာန်အောင် စေတီ တော်ကြီးရှေ့က ကျောက်တောင် ရပ်မှာဆိုတော့ မေမြို့ရဲ့ အနောက် ထိပ်နဲ့ အရှေ့ထိပ်ဖြစ်နေတယ်။ တော်တော့်ကို ဝေးတော့ ပွဲမကြည့် ဖြစ်ဘူး။

တစ်နှစ်မှတစ်ခါ ရှိတဲ့ပွဲကလည်း ဆောင်းတွင်းကြီး။ ပြာသို-တပို့တွဲလ မေမြို့ဆောင်းကို ရောက်ဖူးသူတွေက အကြောင်းသိသွားကြတော့ အလည် လာတာတို့၊ ဘုရားဖူးတို့ဆို ညအိပ် ညဥ့်နေ မလာရဲတော့ဘူး။ လာကြ ရင်လည်း ညနေ ၃ နာရီဆို တောင် ပေါ်ကနေ ဒုန်းဆင်းပြေးကြတယ်။ မေမြို့သားစစ်စစ်တွေတောင်မှ တစ် နှစ်တစ်ခါဖြစ်တဲ့ ညံတောပွဲ၊ လွတ် လပ်ရေးပွဲတွေမှာ ဇာတ်ပွဲမကြည့်ကြ ဘဲ၊ ပေါင်းတင်းဝါးတို့၊ မုန့်ခေါင်းအုံး တို့၊ ဝက်သားချဉ်တို့၊ အမဲချဉ်တို့၊ မုန့် ဟင်းခါးတို့ စားသောက်ပြီး အိမ်ပြန် လို့ ဂွမ်းစောင် ထူထူ ကြီးတွေထဲ လူ တစ်ကိုယ်လုံး မြှုပ်ပြီး ဇိမ်နဲ့ကွေး အိပ်တော့တာပေါ့။ အအေးကြိုက်တဲ့၊ ပွဲကြိုက်တဲ့ ကျွန်တော်လည်း ထိုနည်း လည်းကောင်းပါပဲ။ နောက်ပြီး ကျွန် တော်ကလည်း လေငန်းဖြစ်ဖူးတော့ လူကောင်းတွေနဲ့ယှဉ်ပြီး မမိုက်ရဲပါ ဘူး။ အသက် ဥာဏ်စောင့် ရတယ် လေဗျာ..နော…။

ဒီနှစ်တော့ ကျွန်တော်လည်း သေချင်လို့လား မသိဘူး။ ဇာတ်ပွဲကို အရမ်း အရမ်း ကြည့်ချင်နေတာဗျ..။ ပြီးခဲတဲ့ ၂ဝ၁၄ ကတည်းက “ငါ လာမယ့်နှစ် ပွေးတောင်လိပ်ဘုရား ပွဲဇာတ်ပွဲ သွားကြည့်မယ်။ ဘယ်သူမှ မတားကြနဲ့..” လို့ တစ်ချက်လွှတ် အမိန့် ထုတ်ထားခဲ့တယ်။ မန္တလေး သားဆိုတော့ ဇာတ်ပိုးက ရွပိုးထိုးနေ ပြီလေဗျာ..။ဆိုကြပါစို့ရဲ့..။ ဒီလိုနဲ့ပဲ ၂ဝ၁၅ မှာ ပွဲငတ်နေတဲ့ ကျွန်တော် ပွေးတောင် လိပ်ဘုရား ပွဲက ဇာတ်ပွဲ ရှိရာကို တစ်ကိုယ်တော်သွားကြည့် ဖြစ်တယ်ပေါ့…။

xxx

စင်တိုင်ပြီး ပြည်ဖုံးကားကို လိပ်တင်လိုက်တာနဲ့ တစ်ပြိုင်နက်၊ နောက်ခံကားရဲ့ ရှေးကျကျ နန်းတွင်း ကားနဲ့ ကပ်လျက် ချထားတဲ့ သေတ္တာ တစ်လုံးပေါ်မှာ အုန်း၊ ငှက်ပျော၊ ကွမ်း၊ ဆေး၊ လက်ဖက်တို့နဲ့ ပြင် ဆင်ထားတဲ့ ကန်တော့ပွဲတစ်ပွဲကို တွေ့မြင်ရတယ်။ တစ်စုံတစ်ဦးကို ပူ ဇော်ပသ, တင်မြှောက်မယ့် အခန်းရဲ့ ရှေ့ပြေး အထိမ်းအမှတ်လို့ ကျွန်တော် တို့ ပွဲကြည့်ပရိသတ်များက နားလည် ထားကြတယ်။ နတ်ကတော် အဝတ် အစားနဲ့ အသက် ၅ဝ ကျော်အရွယ် ဇာတ်မင်းသမီးကြီး တစ်ယောက် နတ်များကို ကန်တော့ပြီး ကပြတာ ကိုအစွဲပြုပြီးတော့ “နတ်ကန် တော့အက..”လို့ ခေါ်ဆို ကြောင်းနဲ့မြန်မာတို့ရဲ့ ရိုသေ ကိုင်းညွှတ်တတ်ခြင်း ၊ယဉ် ကျေးသိမ်မွေ့ခြင်းစတဲ့ ရိုးရာ သဘောထား များကို ပြသရာ ရောက်ကြောင်း စာအုပ်တချို့ တွေမှာ လေ့လာဖတ်ရှုမှတ်သား ဖူးပါတယ်..။

ပွဲမစခင် ပွဲကြည့် ပရိသတ်တွေရဲ့ အော်ဟစ် ဆူညံသံတွေလည်း တိတ် ဆိတ်သွားတယ်..။ ကျွန်တော် လည်း လူကြားထဲတိုးဝင်ပြီး အားပါး တရ တင်ပျဉ်ခွေပြီးတော့ ဇိမ်ကျကျနဲ့ မြန်မာ့ဇာတ်သဘင်ရဲ့ အနုပညာကို ခံစား ကြည့်ရှုနေ တယ်။ မေမြို့ ကို ပြန်ပြောင်း လာက တည်းက ဇာတ်ပွဲ မကြည့်ရတာ ကြာတော့ ကျွန်တော့်မှာ မျက်တောင်ခတ်ဖို့ မေ့နေတယ်။

အပျိုတော်အက ကနေရာမှ ကန်တော့ပွဲရှိရာကို သွားပြီး ကန် တော့ပွဲအား နှစ်ကြိမ်၊ သုံးကြိမ်ကိုင် မြှောက်ပြီးတော့ နတ်တွေကို ပသ ဟန်ပြုပြီး မြို့တော်ရှင်၊ နယ်တော် ရှင်၊ ရွာတော်ရှင်နတ်များ အပါအဝင် (၃၇)မင်း နတ်ချင်းများ သီဆိုကာ နတ်အကအမျိုးမျိုး ကပြ တယ်..။” ကောင်းချက်က ရက်စက်သယ် ငါ့ကောင်ရ” လို့ တစ်ယောက်တည်း အရူးလို ပြောနေမိပြန်ပါတယ်။ ဟုတ် ပါတယ်၊ အနုပညာ ကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်ကြသူများဟာ ကျွန်တော့် လိုပဲ ရူးသွပ်ပြီး အဖော်မပါတစ် ယောက်တည်း စကားပြော ဆိုနေ တာ တွေ့ဖူးကြမှာပါ..။ အခု…ကျွန်တော်လည်း ထို့အတူပါပဲ အပျို တော်ကြီး သီဆိုကပြနေတာကို ကြည့်ရှုပြီး ရူးသွပ် သွားကြောင်း ဝန်ခံ ပါတယ်…။

အပျိုတော်အကကို ‘နတ်ချင်း’ သီဆိုပြီး ကကြိုးမျိုးစုံ ကျွမ်းကျင်စွာ ကပြဖျော်ဖြေနေတဲ့ အပျိုတော်ကြီး ကို အနီးကပ် ကြည့်ချင်လို့ လူကြားထဲ မနည်းတိုးဝှေ့၊ ရှေ့ခပ်ကျကျ နေရာ ထိ အရောက် သွားကြည့်လိုက်ပါ တယ်..။ အင်း… အသံကလည်း စီးစီးပိုင်ပိုင်၊ အကက လည်း ပိုင်ပိုင် နိုင်နိုင်နဲ့ ကောင်းလှချည်လားလို့ သေချာ အကဲခတ် ကြည့်လိုက်မိပါ တယ်…။

“အိုး…လက်စသတ်တော့ ကျွန်တော် တို့ ငယ်ငယ်က မန္တလေး မြန်မာ့ ဇာတ်သဘင်လောကမှာ မြို့ နယ်ကျေးရွာ ပြည်သူတွေရဲ့ အသည်း စွဲ ပြည်သူ့ အချစ်တော် မင်းသမီး ရွှေ အိမ်စည်ပါလားကွာ…”

ပထမညမှာ..နတ်ချင်း၊ နတ် သံအားလုံးကို သီဆိုပြီး နတ်ကကြိုး အကုန် ကပြတယ်..။ ကျွန်တော့်မှာ မင်းသမီးကြီး ရွှေအိမ်စည် ကပြတာ ကို ကြည့်ရင်း…ဟို..လွန်ခဲ့တဲ့ နှစ် ၄ဝ ကျော်က မန္တလေး ဘုရားပွဲ တွေမှာ ကပြခဲ့တာကို ပြန်မြင်ယောင် မိပါတယ်။ သမ္ဘာကြီးတဲ့ မင်းသမီး ကြီး ရွှေအိမ်စည် ရဲ့ နတ်ချင်း၊ နတ် သံနဲ့ နတ်ကကြိုးတွေကို ကြည့်ရှုပြီး၊ စတိတ်ရှိုး၊ အော်ပရာနဲ့ ပြဇာတ်ပြီး မှ..ကျွန်တော် တစ်ယောက် တည်း မေမြို့၊ လားရှိုးကားလမ်း အတိုင်း တငြိမ့်ငြိမ့် တလှိမ့်လှိမ့်နဲ့ ကျွန်တော် အလွန်ကြိုက်နှစ်သက်တဲ့ နတ်သီချင်း ကို ရူးသွပ်စွာ သီဆိုရင်း၊ နတ်အက ကို မြင်ယောင်ပြီး နေအိမ်ရှိရာ ကျောက်တောင်ရပ်ကို ပြန်လာခဲ့ တယ်..။

xxx

မနေ့ညကတည်းက မနက်ဖြန် ညမှာ ဇာတ်အဖွဲ့ စောစောထွက်မယ် လို့ ကြေညာထားတာမို့၊ ည ၈ နာရီ မထိုးခင် ပွေးတောင် လိပ်ဘုရားပွဲ နောက်ဆုံးည နှုတ်ဆက်ပွဲဆင်နွှဲဖို့ ထွက်လာခဲ့ပါတယ်..။ ကြိုတင် ကြေညာထားတဲ့အတိုင်း ည ၈ နာရီ မှာ ပွဲစောစော ထွက်ပါတယ်။ ကျွန် တော်ကတော့ ပွဲမထွက်ခင်ကတည်း က နေရာကောင်းကောင်းမှာ ဇိမ်နဲ့ ထိုင်စောင့်နေပါတယ်။ စောစောပွဲ ထွက်တော့ စောစောပွဲကြည့်ရတာ ပေါ့ဗျာ..နော်..။

မြန်မာ့ ဇာတ်သဘင်များရဲ့ ထုံးစံ အတိုင်း နှုတ်ဆက်ကန်တော့ ပန်း တေးသီချင်းသီဆိုပြီး၊ မနေ့ညက အဆက်-အပျိုတော် ၁၂ ခန်းကို ဆက်လက် ခင်းကျင်း ကပြတယ်။ အပျိုတော် ၁၂ခန်းမှာ-နတ်အက၊ မြင်းအက၊ မျောက်အက၊ ဘီလူး အက၊ ဇော်အက၊ ဝန်အက၊ ဗျော အက၊ အိုးစည် အက၊ ဒိုးပတ်အက၊ ကျွမ်း၊ အခုန်အပျံနဲ့ ပလို့အကတွေကို နှစ် ၄ဝ ကျော် သဘင်ရည်ပြည့်ဝသူ မင်းသမီးကြီး ရွှေအိမ်စည်မို့ ဒီလို အမောအပန်း ခံနိုင်ကာ ကပြနိုင်စွမ်း ရှိပေတယ်လို့ ကျွန်တော်ယုံကြည်မိ ပါတယ်…။

အခုလို အပျိုတော်အက..နတ်ချင်း၊ နတ်သံနဲ့ နတ်ကကြိုးတွေ ကို တစ်ထိုင်တည်း တစ်နေရာတည်း၊ တစ်ဝကြီး အားပါးတရ ကြည့်ခဲ့ရလို့ ကျွန်တော့်မှာ အလွန်ပျော်ရွှင်ကြည် နူးခဲ့ရပါတယ်။ ဒီလိုအကကောင်း ကောင်းနဲ့ ဇာတ်ပွဲမကြည့်ခဲ့ရတာ လည်း ဆယ်စုနှစ်နီးပါး ကြာခဲ့ တာက ဒီနှစ်ညနဲ့တန်တယ်လို့ အောက်မေ့မိ တယ်။

ငယ်စဉ်အရွယ်က..မန္တလေး ၅၄ဝ နတ်ဝင်းရပ်၊ ဆရာတော်ဦးဗုဓ် ရဲ့ အရိုးအိုးစေတီတော်နဲ့ မန်းရှေ့ ဆောင် ဓမ္မာရုံ ဆွမ်းကြီးလောင်းပွဲ မှာ ကြည့်ခဲ့ရတဲ့ ပန်တျာစိန်သောင်း ဇာတ်အဖွဲ့ရဲ့ မင်းသမီးလေး ရွှေအိမ် စည်တစ်ယောက် ပွဲဦးထွက် အပျို တော်အကကို ကျွန်တော့် အတွေးထဲ မှာ မြင်ယောင်လာပါတယ်..။

xxx

ပြောရရင် ‘ပလို့အက’ဆိုတာ က “ပလို့-ဂျိ” လို့ ဆိုင်းချက် နဲ့အညီ ဦးခေါင်း၊ ပခုံး၊ လက်မောင်း၊ ခါး၊ ရင်၊ တင်၊ ပေါင်စတဲ့ ကိုယ်ကာယ အစိတ်အပိုင်းများကို တစ်မျိုးစီလှုပ် ကာလှုပ်ကာ ကပြရတဲ့’ ရှေးအက တစ်မျိုး’ ဖြစ်ကြောင်း။ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်၊ ဝန်တဲ့ အကများ ကို”မြန်မာ ခုနစ်ထွေအက’ များလို့ ခေါ် ဆိုကြပြီး၊ ၄င်း ခုနစ်ထွေအကများနဲ့ အိုးစည်ဒိုးပတ်နဲ့ နတ်အကများ အပါအဝင် အကအားလုံးကို ‘အပျို တော် ၁၂ ခန်း’ လို့ “မြန်မာ့သဘင် ပိုင်းဆိုင်ရာအကများ’ စာအုပ်ထဲမှာ ကျွန်တော်ဖတ်ရှု မှတ်သားဖူးပါ တယ်..။

xxx

အပျိုတော် (၁၂) ခန်းအကကို မြန်မာအက အတန်းကုန်အောင် တတ်မြောက်ထားတဲ့ (၁၂) ကြိုးကဝေ မင်းသမီးကြီး ရွှေအိမ်စည်မို့ ကျွန် တော် အပါအဝင် ပွဲကြည့်ပရိသတ် ကို ဖမ်းစားနိုင်တာ…၊ မတတ် တတတ် မင်းသမီးဆို နောက်နှစ် ဒီ ပွေးတောင် လိပ်ဘုရားပွဲ ကို ပြန်မက ရမှာ လုံးဝအသေအချာ..။

တီးလုံးတီးကွက် ရှိသလောက် တီးနိုင်သရွေ့ အပျိုတော် အကမှာ ကကြိုးကဟန်များစွာ ကပြနိုင်တဲ့၊ မိနစ် ၄ဝ ခန့်အတွင်း အမျိုးမျိုး နတ် သံပစ်ပြီးတော့…မိမိဥာဏ်သွားသ လောက် အမျိုးမျိုးတီထွင် ကွန့်မြူးပြီး လွှဲပြောင်းကရတဲ့ ပညာမှာ မသေး ငယ်လှကြောင်း၊ (၁၂) ကြိုးရွှေအိမ် စည်ရဲ့ သမ္ဘာ၊ ဝါတို့ကို ချီးကျူး၍ ပွဲ ကြည့်ပရိသတ်က လက်ခုပ်သြဘာ ပေးလို့ ကြိုဆိုဂုဏ်ပြုကြတယ်။ ကျွန် တော့်မှာလည်း အသက် ၅၇ နှစ်က တည်းက ပရိသတ်နဲ့အတူ လက်ခုပ် သြဘာပေးပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဒီလို အားပါးတရ လက်ခုပ်မတီးရတာ ကြာတော့ လက်ဖဝါးတွေတောင် နာပါရဲ့၊ နာတာကလည်း တန်ပါတယ် ဗျာ..။

အဲဒီည ဇာတ်ပွဲမှာ အော်ပရာ၊ စတိတ်ရှိုးနဲ့ ပြဇာတ်လည်း အာရုံ မဝင်ဘူး။ (၁၂) ကြိုးကဝေမင်းသမီး ကြီး ရွှေအိမ်စည်ရဲ့ နတ်၊ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်၊ ဝန်၊ သူငယ် တော်၊ နေရာခင်း၊ အဘိုးအို-အဘွား အို၊ ဗျော၊ အိုးစည်၊ ဒိုးပတ်၊ အပြောင် အရွှင်နဲ့ ကျွမ်း အကတွေကို ရင်ထဲ နှလုံးသားထဲမှာ တသိမ့်သိမ့်နဲ့ ခံစား ပြီး မြင်ယောင်နေတယ်..။ နောက်နှစ်တွေမှာလည်း ဒီ ဇာတ်အဖွဲ့ကို ပြန်ငှားဖြစ်ဖို့ ကျွန် တော့်မိတ်ဆွေ ကိုအောင်နေထွန်းနဲ့ ဦးကြီးဦးတင်ဆွေကို တိုက်တွန်းနှိုး ဆော်ရမယ်လို့ တွေးနေတုန်း၊ ရုတ်တ ရက် အိမ်အပြန်လမ်းရဲ့ ညာဘက်က ကော်ဖီခြုံ မှောင်မှောင်မည်းမည်းထဲ နတ်ဒိုးသံ၊ အိုးစည်၊ ဒိုးပတ်သံ သဲ့သဲ့ ကြားလို့ ကျွန်တော်လှမ်းကြည့်လိုက် တယ်..။

အလို…နတ်အကတွေ၊ မြင်း အကတွေ၊ မျောက်အကတွေ၊ ဘီလူး အကတွေ၊ ဇော်အကတွေ၊ ဝန်အက တွေ၊ သူငယ်တော်အကတွေ၊ အိုး စည်..ဒိုးပတ်အကတွေ..ဣနြေ္ဒ ရရ..တလှုပ်လှုပ် တရွရွ…။

(တစ်ခေတ်တစ်ခါက မြန်မာ့ဇာတ် သဘင်ရဲ့အနှစ်သာရတွေကိုခံစား ရေးဖွဲ့ပါတယ်…။)

သော်တာအောင် (ကျောက်တောင်)

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071