Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' Newsလွတ်လပ်ရေးကို မျိုးဆက်သစ်တွေအားလုံးကလည်း ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရမှာပါပဲ...

လွတ်လပ်ရေးကို မျိုးဆက်သစ်တွေအားလုံးကလည်း ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရမှာပါပဲ ခန့်စည်သူ

မေတ္တာသင်္ဂဟအဖွဲ့မှ နှစ်သစ် အလှူအဖြစ် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ကပ်ရောဂါ ခံစား နေရတဲ့ ဆင်းရဲနွမ်းပါး ရဟန်း၊ ရှင်၊ လူ ဝေဒနာရှင်များ ၊ ကျောက်ကပ် အစားထိုးကုသနိုင်ဖို့အတွက် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မှာ အလှူငွေများသွားရောက် လှူဒါန်းကြ မယ်လို့ သိရပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့မှ နှစ်သစ် အလှူအဖြစ် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ကပ်ရောဂါ ခံစား နေရတဲ့ ဆင်းရဲနွမ်းပါး ရဟန်း၊ ရှင်၊ လူ ဝေဒနာရှင်များ ၊ ကျောက်ကပ် အစားထိုးကုသနိုင်ဖို့အတွက် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မှာ အလှူငွေများသွားရောက် လှူဒါန်းကြ မယ်လို့ သိရပါတယ်။  နှစ်သစ် အလှူအဖြစ် ကျောက် ကပ်ဝေဒနာရှင် တွေအတွက် လှူ ဒါန်းဖြစ်ပုံကိုတော့ မေတ္တာသင်္ဂဟ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် ခန့်စည်သူက  “မေတ္တာသင်္ဂဟက ထုံးစံအ တိုင်း လှူနေကျတိုင်းပါပဲ။ နှစ်သစ်မှာ လည်း မင်္ဂလာရှိသွားအောင် ရောဂါ ဝေဒနာခံစားနေရတဲ့ ကျောက်ကပ် ဆေးမကုနိုင်တဲ့ ဝေဒနာရှင်တွေကို တတ်နိုင်တဲ့ ဘက်က  ကျောက်ကပ် အစားထိုးကုလို့ရအောင် မေတ္တာ သင်္ဂဟ အဖွဲ့ ရန်ကုန် မန္တလေးပေါင်း ပြီးတော့ တပိုင်တနိုင်လေး လှူကြ တာပါ။ တခြား နေရာတွေ လှူဖြစ် တာများတယ်။

 

မန္တလေးကလည်း မလှူတာကြာပြီ။ သစ္စာဝေဒဂူ ရေတံခွန်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မန္တလေးမေတ္တာ သင်္ဂဟ စတင်ဖွဲ့စည်းခြင်းအနေနဲ့ ၂ဝ၉ သိန်း သွားလှူဖြစ်တယ်။ အဲဒီ နောက်ပိုင်းတော့ မလှူဖြစ်တော့ဘူး။ အဲဒါကြောင့် အခုတစ်ခေါက်မှာ မန္တလေးဘက်ကို သွားလှူဖြစ်သွား တာပါ။ နှစ်သစ်အလှူလည်း ဖြစ် တယ်။ လွတ် လပ်ရေးနေ့ အခါ သမယလည်း ဖြစ်တယ်” လို့ ပြောပါ တယ်။ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ  တော်ဝင်မိသားစု ရဲ့ ကျောင်းရေစက် ချပွဲရှိပြီး နေ့လယ် ၂နာရီမှာတော့ မေတ္တာသင်္ဂဟ အဖွဲ့သားများက မန္တ လေး ဆေးရုံကြီးမှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

 

အဲဒီနေ့ ညပိုင်းမှာ ‘သုံး ရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကားRed Carpet Show ကို ပြုလုပ်မှာဖြစ်ပြီး အနုပညာ လုပ်ဖော်ကိုင်ဖက်များနဲ့ မန္တလေးမြို့မှမိတ်ဆွေများကို အရင် ဆုံး ကြိုတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ လွတ်လပ်ရေးနေ့နဲ့ ပတ်သက် ပြီးလည်း ခန့်စည်သူက …

“လွတ်လပ်ရေးနေ့ ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အစဉ် အလာ ကြီးမားတဲ့ နေ့တစ်နေ့ပါ။   တိုင်းပြည်တစ်ပြည် လွတ်လပ်ရေးရ ရှိဖို့ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ် တာ။ လွတ်လပ်ရေးကို မျိုးဆက်သစ် တွေ အားလုံးကလည်း ထိန်းသိမ်း စောက်ရှောက် ကာကွယ်ရမှာပါပဲ။ လွတ်လပ်ရေးတော့ ရပါပြီတဲ့ တိုင်း ပြည် မတိုးတက်ရင်လည်း အလကား ပဲ။ တိုင်းပြည် တိုးတက်အောင် လူတစ်ဦး ချင်းစီက လွတ်လပ်သော် ငြားလည်း လူတစ်ဦးချင်းစီရဲ့ စည်း ကမ်းရှိမှုလည်း လိုအပ်တယ်။ စည်း ကမ်းရှိမှပဲ တိုးတက်မှာလေ” လို့ ပြောပါတယ်။

 ခိုင်ဝေလွင်

   

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071