Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal Newsလျှပ်စစ်သုံး EV ကား...

လျှပ်စစ်သုံး EV ကား အစီး (၄၀) ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

ကုမ္ပဏီ (၂) ခုမှ တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၄၀) သည် ဇူလိုင်လ ၁၇ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။

Grand Sirius Co.,Ltd. မှတင်သွင်းလာသည့် Neta U အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၂၀) နှင့် Asia Pacific Automaker Corporation Co.,Ltd. မှ တင်သွင်းလာသော Seres 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၂၀)၊ စုစုပေါင်း အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဥ်များအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ဇွန်လအထိ ပြည်တွင်း၌ ကညန မှတ်ပုံတင်ပြီး လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အစီးရေ ၃၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဇွန်လနောက်ဆုံးပတ်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော “ပြည်နယ်နှင့်တိုင်းခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်း” အရ သိရသည်။

အဆိုပါ စာရင်းအရ လျှပ်စစ်သုံး မော်တော်ယာဉ် (လူစီး) ၄၆၇ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် (၂) စီး၊ နှစ်ဘီးတပ် ၂၄၇၄ စီး၊ သုံးဘီးတပ် ၂၆၃ စီး၊ စုစုပေါင်း ၃၂၀၆ စီးရှိပြီဖြစ်ကြောင်း နှင့် လူစီးယာဉ်တွင် ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် ၁၅ ဦးအထက် မိုက္ကရိုဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ Double Cab ယာဉ်များ ပါဝင်ပြီး ကုန်တင်ဝန်ပေါ့ယာဉ်တွင် ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား (၃) တန်နှင့် (၃)တန်အောက် ဗင်န်၊ ထရပ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

နှစ်ဘီးတပ်ယာဉ်တွင် စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်များ ပါဝင်ပြီး သုံးဘီးတပ်ယာဉ်တွင် သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071