Friday, July 11, 2025

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက်...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ...

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုဖြေရှင်းရန် တရုတ်...

ကွာလာလမ်ပူ၊ ဇူလှိုင် ၁၁ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ နယ်နိမိတ်အငြင်းပွားမှုကို ချစ်ကြည်ရင်းနှီးသော ဆွေးနွေးမှုများဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီး၊ တရားမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသော ရပ်တည်ချက်ဖြင့်...
HomeNewsLocal Newsလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့်...

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက စိုက်ပျိုးမည်

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။

မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန် ၂၂ ရက်မှစတင်ကာ တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ(၁,၉၈၁)ဧက၊ ရေပုတ်ကလေးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၁၀၀)ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၂၄၀)ဧကတို့ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွာသာကြီးဆိုလာဓာတ်အားပေးစနစ် စီမံ ကိန်းမှ(၅၀၀)ဧက၊ ဘုရားကုန်းဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၈၂)ဧက၊ အောင်ပင်လယ်လျှပ်စစ်စီမံကိန်းမှ(၇၈)ဧက၊ ကျောက်စံလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်စီမံကိန်းမှ(၅၂၅)ဧက၊ ကန်းနီဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ(၄၀၃)ဧကတို့ကိုလည်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း မူလဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များ စသော ရေရရှိရေးနည်းလမ်းများဖြင့် စပါးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။ နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့်...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အလှူ ရှင်များမှ သံလျင်မြို့၊ ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းနှင့် ဝါဆိုဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပညာရေးပ ဒေသာပင်အတွက် အလှူငွေများ၊ ကျောင်းသား၊ ကျောင်းသူ(၅၂၅)ဦးအတွက် ဗလာစာအုပ်(၅၂၅) ဒါဇင်တို့ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၁၀ ရက်နေ့လည်ပိုင်းတွင်လည်း ရန် ကုန်တိုင်း၊...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ နေထိုင်နိုင်ရန် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင် ဆင်ထားကြောင်း သိရသည်။ မော်လိုက်မြို့၏ စိုးရိမ်ရေမှတ်သည် (၁၂၃၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်လ (၁၀)ရက် ၊ နံနက်(၉)နာရီခွဲ အချိန်တိုင်းထွာချက်အရ (၁၂၅၈)စင်တီမီတာသို့ ရောက်ရှိနေပြီး စိုရိမ်ရေအမှ တ်အထက် (၂၈)စင်တီမီတာကျော်လွန်နေသဖြင့် မြေနိမ့်ပိုင်းရှိ မြို့‌ပေါ်ရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071