၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇူလိုင်လကုန်အထိ (၄) လအတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄၆၇) သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ကာလအတွင်း မြန်မာ့လျှပ်စစ်ကဏ္ဍမှ မတည်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၃၁၇) သန်းကျော်နှင့် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသ ည်။
ထို့ပြင် အခြားသော ကဏ္ဍများဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၇၇ သန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၄၈ သန်းကျော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဝင်ရောက်ထားကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံအပြင် အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံလည်း ပါဝင်ပြီး ဆာမိုအာ၊ စင်ကာပူ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ကလည်း နိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA ၏ ဖော်ပြချက်အရ သိရသည်။