Wednesday, August 12, 2026

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန်...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန်...

မဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ခါနီးဖြစ်နေပြီး ထိုင်း-လာအို နယ်စပ်ဈေးကို...

​သြဂုတ်လ ၁၂ ရက်နေ့မှာ မဲခေါင်မြစ်ရေဟာ ကမ်းကို‌ကျော်ကာ လျှံတက်လာပြီးတော့ နခွန်ဖနုံ (Nakhon Phanom) မြို့မှာရှိတဲ့ ထိုင်း-လာအို နယ်စပ်ဈေးကို ရေဝင်သွားပါတယ်။...
HomeMoviesလေးမျက်နှာမြို့နယ်တွင် ရေကျော်ဝင်ရောက်နေသည့် တာတမံများအား...

လေးမျက်နှာမြို့နယ်တွင် ရေကျော်ဝင်ရောက်နေသည့် တာတမံများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ ဆက်လက်ပြုပြင်နေ

လေးမျက်နှာ၊ဩဂုတ်-၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုး အင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှု ဖြစ်ပွားနေသည့်နေရာများတွင် ယနေ့ ဩဂုတ် ၁၁ ရက်၌ တာဘောင်များ ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တာတမံနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် ရေစီးဝင်မှု လျော့နည်းစေရေးအတွက် ယနေ့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရှာ ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်း အဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ တာဘောင်ပြုပြင်ရေးလုပ်ငန်းများကို လက်ရှိအချိန်တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

တာဘောင်များကို အားဖြည့်ပြုပြင်ခြင်း၊ ရေစီးဆင်းမှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းအဖွဲ့များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-MFSD

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန် နှင့် ယနေ့နံနက်ပိုင်းက ဂျကာတာမြို့၌ မနက်စာ သုံးဆောင်ရင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဒေသတွင်း ပေါင်းစည်းညီညွတ်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် ဒေသတွင်းမှသည် ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် အပါအဝင် အာဆီယံ၏ လက်ရှိ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ Ref:...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071