Thursday, November 13, 2025

တေရန်တွင် ရေကိုခွဲတမ်းစနစ်ဖြင့် ပေးရတော့မည်လော

အီရန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်း မိုးခေါင်မှုသည် ဆက်လက်၍သာဖြစ်ပေါ်နေပါက လူဦးရေ ၁၀ သန်းကျော်ရှိသော တေရန်မြို့သည် မကြာခင်...

ရန်ကုန်တိုင်းအတွင်း၌ စားသုံးဆီပြ-တ်လပ်မှုမရှိဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း...

ရန်ကုန်တိုင်းအတွင်း၌ စားသုံးဆီပြတ်လပ်မှုမရှိဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဆန်းလင်းမှ ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင်ကျင်းပသည့်...

မြစ်ကြီးနားမြို့အား မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ...

ကချင်ပြည်နယ်တွင် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။ တည်ဆောက်နေသည့် နေရာများသည် မြစ်ကြီးနားမြို့ ပမ္မတီး (ရေကြည်ရပ်ကွက်)...

ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား...

ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၁၇၀ ကျော် ခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်...
HomeNewsLocal Newsလောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့်အခြေအနေကြောင့် နေရပ်ပြန်သူအများအပြားရှိနေ

လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့်အခြေအနေကြောင့် နေရပ်ပြန်သူအများအပြားရှိနေ

ရှမ်းပြည်နယ်၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် ဒေသအသီးသီးမှလာရောက်အလုပ်လုပ်ကိုင်နေသူများသည် နေရပ်များသို့ပြန်လည်ထွက်ခွာလျက်ရှိသည်။

နေရပ်ပြန်သူများသည် ဒီဇင်ဘာ ၆ ရက်(ယနေ့)မှစ၍ ကားများဌား၍ ပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကာ လောက်ကိုင်ဒေသခံအချို့လည်း လောက်ကိုင်မြို့အားစွန့်ခွာတိမ်းရှောင်မှုများရှိနေသည်ဟု သိရသည်။

“အခု အတော်များများကတော့ပြန်နေကြတယ် ကားဌားပြီးပြန်ကြတာများတယ် တိုက်ပွဲဖြစ်လာမလား မဖြစ်လာမလားဆိုတာကတော့မသိဘူး သေနတ်သံတွေကတော့တစ်ချက်တစ်ချက်ကြားရတယ် အခုသိရသလောက်ဆိုရင် ကားတွေတောင်ဌားလို့မရတော့ဘူး ဖြစ်နေတယ်”ဟု လောက်ကိုင်မြို့၌ သွားရောက်အလုပ်လုပ်နေသည့် ကိုမျိုးဇော်ကပြောသည်။

လောက်ကိုင်မြို့အား စွန့်ခွာရှောင်တိမ်းမှုများလာသဖြင့် ခရီးသည်တင်ကားများအား လူများစုပေါင်း၍ဌားရမ်းခြင်း၊အဌားကားငယ်များအား စုပေါင်းဌားရမ်းခြင်းများပြုလုပ်ခဲ့ကြရာ ကားများလုံလောက်မှုမရှိတော့ဘဲ ကားဌားမှုများအားလိုက်လံစုံစမ်းဌားရမ်းမှုများရှိနေကြောင်း သိရသည်။

“အခုဆိုရင် မြို့ပြင်ဘက်ကိုထွက်တဲ့လမ်းမှာကားတွေကိုတစ်သီတစ်တန်းကြီးပဲ ကျွန်တော်ကတော့ တိုက်ပွဲဖြစ်လာမှဖြစ်ပဲ အလုပ်လုပ်လို့ရနေသရွေ့ကတော့ ဆက်လုပ်နေအုံးမယ် ဒီမှာကအလုပ်ကောင်းသလို ပိုက်ဆံရှာရတာလည်းလွယ်တယ်လေ”ဟု ကိုမျိုးဇော်ကပြောသည်။

ကားဌားရမ်းမှုများနေသော်လည်း ဌားရမ်းခစျေးနှုန်းများမှာ ပုံမှန်အတိုင်းသာရှိနေပြီး စျေးနှုန်းမြင့်တက်ခြင်းမရှိသေးဘဲ ကားများမလုံလောက်၍ လောက်ကိုင်ဒေသခံများ၏ အိမ်စီးကားများကိုပါ လိုက်လံဌားရမ်းမှုများရှိနေကြောင်း သိရသည်။

“အဓိကကတော့ အရင်တုန်းကလိုတိုက်ပွဲတွေပြန်ဖြစ်လာတဲ့အခါ မြို့ထဲမှာပိတ်မိပြီး အခက်အခဲတွေကြုံရမှာစိုးတဲ့အတွက် ကြိုပြီးပြန်တဲ့အနေအ ထားပေါ့ လောက်ကိုင်မြို့ခံတွေအတွက်ကတော့ ကိစ္စမရှိပေမယ့် တခြားကလာတဲ့လူတွေအတွက်ကတော့တိုက်ပွဲဖြစ်လာရင် အခက်အခဲတွေဖြစ်လာမှာလေ”ဟု ကိုမျိုးဇော်ကပြောသည်။

လောက်ကိုင်မြို့သည် တရုတ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများသည့်မြို့ဖြစ်၍ လာရောက်အလုပ်လုပ်ကိုင်သူများအား လုပ်ခလစာပေးချေရာ၌ တရုတ်ယွမ်ငွေဖြင့်သာပေးချေကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တေရန်တွင် ရေကိုခွဲတမ်းစနစ်ဖြင့် ပေးရတော့မည်လော

အီရန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်း မိုးခေါင်မှုသည် ဆက်လက်၍သာဖြစ်ပေါ်နေပါက လူဦးရေ ၁၀ သန်းကျော်ရှိသော တေရန်မြို့သည် မကြာခင် လူနေထိုင်၍ မရနိုင်တော့ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ ဒီဇင်ဘာလတွင်သာ မိုးမရွာပါက အစိုးရသည် တေရန်မြို့တွင် ရေကိုခွဲတမ်းဖြင့် ပေးဝေရတော့မည်ဖြစ်ကြောင်း သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က သတိပေးခဲ့သည်။ “ခွဲတမ်းနဲ့ ရေပေးနေရင်တောင် မိုးကသာ မရွာသေးဘူးဆိုရင်တော့ ရေကလုံး၀ရတော့မှာမဟုတ်ပါဘူး။ သူတို့ (နိုင်ငံသားများ) တေရန်ကနေ ထွက်ခွာရပါမယ်” ဟု ပီဇက်ကီယန်က ပြောကြားခဲ့သည်။ အီရန်၏ ဘာသာရေးခေါင်းဆောင်များအတွက် အန္တရာယ်များသော...

ရန်ကုန်တိုင်းအတွင်း၌ စားသုံးဆီပြ-တ်လပ်မှုမရှိဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

ရန်ကုန်တိုင်းအတွင်း၌ စားသုံးဆီပြတ်လပ်မှုမရှိဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဆန်းလင်းမှ ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ စားအုန်းဆီများကို ပြည်သူများထံဖြန့်ဖြူးပေးနိုင်ရေးအတွက် လစဥ်တန်ချိန် (၃၄,၀၀၀) ကျော် တင်သွင်းလျက်ရှိပြီး ယင်းအနက် ရန်ကုန်တိုင်းအား တန်ချိန် (၁၄,၈၅၀) တန်ကို ဖြန့်ဖြူးပေးထားသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေအရ လုံလောက်အောင်ဖြန့်ဖြူးပေးထားသည်ဟု ပြောသည်။ " စားအုန်းဆီကို လစဥ်ပုံမှန်တင်သွင်းနေပါတယ်။ စားအုန်းဆီတင်သင်္ဘောတွေ လစဥ်ရောက်ရှိအောင်လည်း စနစ်တကျနဲ့...

မြစ်ကြီးနားမြို့အား မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ တည်ဆောက်နေ

ကချင်ပြည်နယ်တွင် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။ တည်ဆောက်နေသည့် နေရာများသည် မြစ်ကြီးနားမြို့ ပမ္မတီး (ရေကြည်ရပ်ကွက်) အတွင်းရှိ ကြည်ချောင်းပေါက်နေရာရှိ ရေကြည်ချောင်းရေထိန်းတံခါး၊ ရှမ်းစုရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ ကမ်းထိန်းလုပ်ငန်းစီမံကိန်း၊ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်ရှိ အင်ဂျန်းခချောင်းပေါက်နေရာတို့ ဖြစ်ကြကြောင်း သိရသည်။ အဆိုပါနေရာများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071