Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeCelebrities' Newsလူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြု...

လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြု လုပ်ငန်း တစ်ခုလောက်တော့လုပ်မှ လူဖြစ်ရကျိုးနပ်မှာပါ ဦးကျော်သူ

ရုပ်ရှင်မင်းသား တစ်ဦး အနေနဲ့ ပရိသတ်က အားပေးချစ်ခင်ခဲ့ကြသလို လူသားအကျိုးပြု ပရဟိတ လုပ်ငန်းတွေ လုပ် တဲ့အခါမှာလည်း ပြည်သူလူထုကအားပေး ချစ်ခင်အားကိုးမှုကို ရရှိထားသူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူပဲ ဖြစ်ပါတယ်။ ပရ ဟိတနဲ့ ပတ်သက်ပြီး သူခံယူ ထားတာက…”လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြုလုပ် ငန်း တစ်ခုလောက်တော့ လုပ်မှ။ ဒါမှ လူဖြစ်ရကျိုးနပ်မှာ။ လူတိုင်း လူတိုင်း မှာ အဲဒီအသိတရားတွေ ရှိဖို့လိုတယ်။ လူသားတွေရဲ့ ဖြစ်လာတဲ့ ဒုက္ခတွေကို ကိုယ်နိုင်တဲ့ဘက်ကနေ ကူညီရမှာ ပဲ” လို့ ဦးကျော်သူက ပြောပါတယ်။

ဦးကျော်သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အနေနဲ့ လူသားချင်းစာ နာစိတ်ဖြင့် လူမျိုး၊ ဘာသာမရွေး အခမဲ့နာရေး ကူညီမှုတွေပြုလုပ်ပေးနေသလို သုခအလင်း ပညာဒါနကျောင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်း၊ သုခကျောက်ကပ် သွေးသန့်စင်ဌာန၊ K-Ambulance အရေးပေါ်ကယ် ဆယ်ရေးဌာန၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) သီးသန့် မီးသတ်တပ်ဖွဲ့၊ ကျော်သူပရဟိတကွန်ရက်၊ ကိုယ့်အမှိုက် ကိုယ်ရှင်း အဖွဲ့စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်နေတယ် ဆိုတာလည်း အများပြည်သူ သိပြီးသားမို့ ပြောစရာတောင် လိုတော့မယ် မထင်ပါဘူး။

ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အတွက်အရာရာ အေးချမ်းကြောင်းကိုလည်း ဦးကျော်သူက…”ကျွန်တော် ဘာသာရေး လုပ်တယ်။ အဓိဌာန် ပုတီးစိပ်တာတွေ၊ သ မထပိုင်း တွေလုပ်တယ်။ ပရဟိတကို လုပ်တဲ့အချိန်မှာ ဘာတွေလဲ ဆိုတော့ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ထက် အများအကျိုးသယ်ပိုးတဲ့ ပရဟိတက တကယ်စွဲစေတယ်။ ပရဟိတကို တကယ် စိတ်ပါလက်ပါနဲ့ တကယ့် နှလုံးသားထဲကလုပ်မယ် ဆိုရင် အရာအားလုံးက အေးချမ်းပါတယ်|လို့ဆိုပါတယ်။ ရုပ်ရှင်မင်းသားတစ်ဦး အနေနဲ့ ပရိသတ်က အားပေးချစ်ခင်ခဲ့ကြသလို လူသားအကျိုးပြု ပရဟိတ လုပ်ငန်းတွေ လုပ် တဲ့အခါမှာလည်း ပြည်သူလူထုကအားပေး ချစ်ခင်အားကိုးမှုကို ရရှိထားသူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူပဲ ဖြစ်ပါတယ်။

ပရ ဟိတနဲ့ ပတ်သက်ပြီး သူခံယူ ထားတာက…”လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြုလုပ် ငန်း တစ်ခုလောက်တော့ လုပ်မှ။ ဒါမှ လူဖြစ်ရကျိုးနပ်မှာ။ လူတိုင်း လူတိုင်း မှာ အဲဒီအသိတရားတွေ ရှိဖို့လိုတယ်။ လူသားတွေရဲ့ ဖြစ်လာတဲ့ ဒုက္ခတွေကို ကိုယ်နိုင်တဲ့ဘက်ကနေ ကူညီရမှာ ပဲ” လို့ ဦးကျော်သူက ပြောပါတယ်။ ဦးကျော်သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အနေနဲ့ လူသားချင်းစာ နာစိတ်ဖြင့် လူမျိုး၊ ဘာသာမရွေး အခမဲ့နာရေး ကူညီမှုတွေပြုလုပ်ပေးနေသလို သုခအလင်း ပညာဒါနကျောင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်း၊ သုခကျောက်ကပ် သွေးသန့်စင်ဌာန၊ K-Ambulance အရေးပေါ်ကယ် ဆယ်ရေးဌာန၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) သီးသန့် မီးသတ်တပ်ဖွဲ့၊ ကျော်သူပရဟိတကွန်ရက်၊ ကိုယ့်အမှိုက် ကိုယ်ရှင်း အဖွဲ့စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်နေတယ် ဆိုတာလည်း အများပြည်သူ သိပြီးသားမို့ ပြောစရာတောင် လိုတော့မယ် မထင်ပါဘူး။

ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အတွက်အရာရာ အေးချမ်းကြောင်းကိုလည်း ဦးကျော်သူက…”ကျွန်တော် ဘာသာရေး လုပ်တယ်။ အဓိဌာန် ပုတီးစိပ်တာတွေ၊ သ မထပိုင်း တွေလုပ်တယ်။ ပရဟိတကို လုပ်တဲ့အချိန်မှာ ဘာတွေလဲ ဆိုတော့ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ထက် အများအကျိုးသယ်ပိုးတဲ့ ပရဟိတက တကယ်စွဲစေတယ်။ ပရဟိတကို တကယ် စိတ်ပါလက်ပါနဲ့ တကယ့် နှလုံးသားထဲကလုပ်မယ် ဆိုရင် အရာအားလုံးက အေးချမ်းပါတယ်|လို့ဆိုပါတယ်။ ဦးကျော်သူအနေနဲ့အင်္ဂလန်နိုင်ငံက မြန်မာတွေချီးမြှင့်တဲ့ “ပြည်သူ့ဘက်သား အနုပညာ သမားဆု”၊ အမေရိကန်နိုင်ငံက မြန်မာတွေချီးမြှင့်တဲ့ “ပြည်သူ့ဂုဏ် ရည်ဆု”၊ ဧမာနွေလဘုရားကျောင်းက ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့၊ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ချီးမြှင့်တဲ့ “မေတ္တာရှင် ပရဟိတဆု”၊ ရုပ်ရှင် အစည်းအရုံးကချီးမြှင့်တဲ့ “ရုပ်ရှင်သူရဲကောင်းဆု” ၊ ဒီပိုးအဖွဲ့ကချီးမြှင့်တဲ့ဆု၊ ဖိလစ်ပိုင်နိုင်ငံသမ္မတက ချီးမြှင့်တဲ့ “ရာမွန်မက်ဆိုင်း ဆိုင်းဆု”တွေကိုလည်း အများအကျိုးသယ်ပိုး တဲ့အတွက် ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ် ပြောပြချင်တာကတော့ ပြည်မြို့တစ်ဖက်ကမ်းမှာ ဦးကျော်သူ တည်ထားတဲ့ မဟာပဏီ တပရဟိတ စေတီတော်အကြောင်းပါ။ ဘုရားထီးတော်တင်ဖို့အတွက်အချိန်အနည်းငယ်လိုအပ်နေသေးပေမယ့် အနယ်နယ် အရပ်ရပ်က ဘုရားဖူး လာရောက်ကြတဲ့ သူတွေနဲ့ စေတီတော်ကြီးက စည်းကား လို့နေပါတယ်။ ထီးတော်ကို ဘယ်ကာလလောက် တင်ဖြစ်မလဲလို့ ဦးကျော်သူ ကိုမေးတော့ “ထီးတော်တင်ဖို့ ကိစ္စက ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး။ ကျွန် တော် ကြည်သာအေးမြ ဆရာတော်ရဲ့ သြဝါဒအတိုင်း ကျွန်တော်တို့ လုပ်နေ တယ်။ ဘုရားကုန်းတော်ပေါ်မှာ ကျွန်တော် ထပ်ချဲ့ဖို့တွေရှိတယ်။ အမိကိုယ်စား ပြုရယ်၊ အဖကိုယ်စားပြုရယ်စေတီ ၂ ဆူကတည်ဖို့ ရှိသေးတယ်။ ဘုရားကုန်း တောင်ကုန်းပေါ်မှာ ရှိတဲ့ သာသနာ့ အဆောက်အဦတွေ၊ စေတီပုထိုးတွေ အား လုံးကျွန်တော့် စိတ်တိုင်းကျဖြစ်သွားပြီ ဆိုတော့မှပဲ ထီးတော်တင်ဖို့ ဆုံးဖြတ် မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071