Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeCelebrities' Newsလူကြမ်းက မင်းသားလုပ်လို့ မရသလို...

လူကြမ်းက မင်းသားလုပ်လို့ မရသလို မြန်မာသံ အဆိုတော်ကလည်း စတီရီယိုသီချင်းဆိုလို့ မရဘူး

မြန်မာသံစဉ် သီချင်းတွနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ဗညားဟန်ကတော့ လတ်တ လောမှာ အဆိုတော် ပန်းဆုပြည့်ကျော်ရဲ့ ‘ခေသူမဟုတ်’ Mini Albumမှာ Over 30 ဆိုတဲ့အတွဲ သီချင်းတစ်ပုဒ် ပါဝင်သီဆိုခဲ့ပါတယ်။ သူကတော့ တေးစီးရီး ၁ဝခွေ ထွက် ရှိထားပြီး ၁၁ခွေမြောက် တေးစီးရီး ထွက်ဖြစ်ဖို့လည်း  ပြင်ဆင်နေပါ တယ်။ နှစ်တိုင်းလိုလို တေးစီးရီး ထွက်ရှိပေမယ့်လည်း သီချင်းတွေ မ ပေါက်လို့ ပရိသတ်နဲ့ ဝေးသလို ဖြစ်နေတာပါ လို့ ပြောလာတဲ့ အဆိုတော် ဗညားဟန်က . . .

“တေးစီးရီး အခွေကတော့ ကျွန်တော် နှစ်တိုင်းလိုလို ထွက်ဖြစ်ပါ တယ်။ ပရိသတ်တွေနဲ့ ဝေးနေတယ် ဆိုတာကတော့ သီချင်းတွေ မပေါက်လို့ပေါ့။ ဘာလို့ မပေါက်တာလဲဆိုရင် သီချင်းတွေက ကိုယ်ကြိုက်လို့ ဆိုလိုက်တာ ပရိသတ် အကြိုက်မတွေ့လို့ပါ။ ဘယ်အဆိုတော်မဆို ပရိသတ်နဲ့ကိုယ်နဲ့ တည့်တည့်တိုးမှ ပေါက်တာလေ။ ကျွန်တော်က ကိုယ်ကြိုက်တာပဲ ဦးစားပေးလုပ်ခဲ့တာလည်း ပါတာပေါ့။ ကိုယ်ဆိုချင်တဲ့ သီချင်းတွေပဲ ဦးစားပေး ဆိုခဲ့တယ်။ ဒါပေမဲ့ ပရိသတ်က သူတို့လိုချင်တဲ့ ပုံစံမဟုတ်ဘူးဆိုရင် မကြိုက်နိုင် ဘူးလေ။ ခုထွက်ရှိခဲ့တဲ့ သီချင်းတွေက စတီရီယိုသီချင်းတွများတယ်။ အဲ့ဒါကြောင့် လည်း မပေါက်တာ ထင်ပါတယ်။ လူကြမ်းက မင်းသားလုပ်လို့ မရသလို မြန်မာသံ အဆိုတော်က စတီရီယိုသီချင်းဆိုလို့ မရဘူး။ ကျွန်တော့် ပရိသတ်က မြန်မာသံပဲကြိုက် တယ်လို့ ခန့်မှန်းမိပါတယ်။  နောက်ဆုံးထွက်ရှိခဲ့တဲ့ အခွေက ကိုလွှမ်းမိုး သီချင်းတွေ ပဲဆိုထားတယ်။ ကိုယ်လုပ်ချင်တာ လုပ်လိုက်တာပဲ။ ဒါပေမဲ့ ပရိသတ်က မကြိုက်ဘူး။ ကိုယ်က ကိုလွှမ်းမိုး လောက်မှ မကောင်းတာလည်း ပါတာပေါ့။ အနုပညာရှင် တစ်ယောက် က ပရိသတ်အကြိုက်ကိုလည်း စဉ်း စားပေးရပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော် အခုထွက်ရှိမယ့် တေးစီးရီးထဲမှာ ပရိသတ်အကြိုက်တွေပဲ တစ်စု တစ်စည်းတည်း ဆိုထားပါတယ်။ သီချင်းတွေကတော့ အရင်တုန်းက ပရိသတ်ကြိုက် ခဲ့တဲ့ သီချင်းတွေ ဖြစ်တဲ့ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ၊ သမုဒယဝါဆိုမိုး တို့လို သီချင်းပုံစံတွေပါ။ ကျွန်တော်ရဲ့ ပရိသတ်က အဲဒီလို မြန်မာဆန်ဆန် တွေ ကြိုက်ကြပါတယ်”  လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071