Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsလူ၆ ဦး သေဆုံးပြီးနောက်...

လူ၆ ဦး သေဆုံးပြီးနောက် H1N1 ရောဂါ ထိန်းချုပ်ရေး အရေးကြီးအဆို လွှတ်တော်တွင် တင်သွင်း၊ ဆက်လက် ဆွေးနွေးကြမည်

H1N1 ကြောင့် လူ ၆ဦး သေဆုံးပြီးနောက် ရောဂါထိန်းချုပ်ရေးအရေးကြီး အဆိုတစ်ရပ်ကို လွှတ် တော်မှာ တင်သွင်းခဲ့ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်၊ ကျောင်းကုန်းလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ပတ် သက်ပြီး ရောဂါကူးစက်မှုမရှိစေဖို့ ၊ အသေအပျောက် နည်းပါး ဖို့အတွက် ပြည်သူလူထုအား ကျယ်ကျယ် ပြန့်ပြန့်အသိ ပညာပေးရေး လုပ်ငန်းလုပ်ဆောင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ် ရပ်ကို သူကတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်၊ လေဆိပ်၊ ရေဆိပ်၊ စာသင်ကျောင်းရုံးတို့မှာ အသံချဲ့စက်နဲ့အသိ ပေးသင့်ပါတယ်”လို့ သူက အဆိုတင်သွင်းစဉ်မှာ ပြော ကြားခဲ့ပါတယ်။

ဦးသိန်းထွန်းရဲ့အဆိုကို မိုင်းပန်မဲဆန္ဒနယ် အမတ် ဦးစိုင်းကျော်မိုးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ရာသီ တုပ်ကွေး H1N1 ကြောင့် ဇူလိုင်၂၇နေ့အထိ လူသုံး ဆယ်ကျော်ကူးစက်ခံထားရပြီး ခြောက်ဦးသေဆုံးပြီး ဖြစ်ပါတယ်။

ဒီရောဂါကို ကျန်းမာရေးဝန်ကြီး ဌာနတစ်ခုတည်း တင် မဟုတ်ဘဲ ပြည်သူလူထုအကြား ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးဖို့၊ ပြည်သူနှင့်အတူ ဖြေရှင်းဖို့ လိုအပ်တယ်လို့ စိုင်းကျော်မိုးက ထောက်ခံဆွေးနွေးခဲ့ ပါတယ်။ ဒီအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ဆွေးနွေးလိုသူတွေအနေနဲ့ ဇူလိုင်လ ၃၁ ရက်နေ့ မှာ အမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071