(Unicode)
လူဦးရေ (၁၄)သန်းနီးပါး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီလို့ နစက ထုတ်ပြန်
နေပြည်တော် နိုဝင်ဘာ ၈
ပြည်တွင်းမှာရှိနေတဲ့ လူဦးရေ ၁၃ဒသမ၉သန်း (၁၄)သန်းနီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးသွားပြီလို့ နစက အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
အခုနှစ်ကုန်မှာ ရည်မှန်းဦးတည်အုပ်စုများရဲ့ လူဦးရေ ငါးဆယ်ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ထိုးနှံပြီးစီးဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်တယ်လို့ လည်းသိရပါတယ်။
ကိုဗစ်(၁၉)ရောဂါနဲ့အတူ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြဖို့အတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြဖို့လည်း နစက အစိုးရက တိုက်တွန်းနေပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းအတွက် ထိုးနှံပေးနေတဲ့ကာကွယ်ဆေးအများစုကို တရုတ်နိုင်ငံကနေ မှာယူနေတာဖြစ်ပြီး ရုရှားကနေလည်း မှာယူမှုအချို့ရှိပါတယ်။
ပြည်တွင်းမှာကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက်ကိုလည်း စီမံချက်နဲ့ ဆောင်ရွက်နေတာရှိပြီး လာမယ့်နှစ်အတွင်းမှာ စတင်ထုတ်လုပ်နိုင်ချေရှိတယ်လို့သိရပါတယ်။
(Zawgyi)
လူဦးေရ (၁၄)သန္းနီးပါး ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီးၿပီလို႔ နစက ထုတ္ျပန္
ေနျပည္ေတာ္ ႏိုဝင္ဘာ ၈
ျပည္တြင္းမွာရွိေနတဲ့ လူဦးေရ ၁၃ဒသမ၉သန္း (၁၄)သန္းနီးပါးကို ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးစီးသြားၿပီလို႔ နစက အစိုးရက သတင္းထုတ္ျပန္ ထားပါတယ္။
အခုႏွစ္ကုန္မွာ ရည္မွန္းဦးတည္အုပ္စုမ်ားရဲ႕ လူဦးေရ ငါးဆယ္ရာခိုင္ႏႈန္းအထိ ကာကြယ္ေဆး ထိုးႏွံၿပီးစီးဖို႔ ရည္႐ြယ္ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ လည္းသိရပါတယ္။
ကိုဗစ္(၁၉)ေရာဂါနဲ႔အတူ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ၾကဖို႔အတြက္ ကာကြယ္ေဆးကို မျဖစ္မေနထိုးႏွံၾကဖို႔လည္း နစက အစိုးရက တိုက္တြန္းေနပါတယ္။
လက္ရွိမွာေတာ့ ျပည္တြင္းအတြက္ ထိုးႏွံေပးေနတဲ့ကာကြယ္ေဆးအမ်ားစုကို တ႐ုတ္ႏိုင္ငံကေန မွာယူေနတာျဖစ္ၿပီး ႐ုရွားကေနလည္း မွာယူမႈအခ်ိဳ႕ရွိပါတယ္။
ျပည္တြင္းမွာကာကြယ္ေဆး ထုတ္လုပ္ဖို႔အတြက္ကိုလည္း စီမံခ်က္နဲ႔ ေဆာင္႐ြက္ေနတာရွိၿပီး လာမယ့္ႏွစ္အတြင္းမွာ စတင္ထုတ္လုပ္ႏိုင္ေခ်ရွိတယ္လို႔သိရပါတယ္။