Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeArticlesလူသားပီသစမ်းပါ

လူသားပီသစမ်းပါ

ငါသည် သက်ရှိသတ္တဝါအားလုံး ထဲ၌ အသိဥာဏ်အရှိဆုံး၊ စိတ် ထား အမြတ်ဆုံးဟု စာပေထဲမှာ ရေး ကြသလို ပြောစကားများထဲတွင် လည်း ထည့်သွင်းပြောဆိုကြ၏။ လူ သားသည်သာ အမြတ်ဆုံးဖြစ်ကြောင်း ခေတ်အဆက်ဆက်မှတ်တမ်းတင်ခဲ့ ကြ၏။ လူ့ကမ္ဘာသာယာအောင် လူ့ ကမ္ဘာငြိမ်းချမ်းအောင် လူသားက သာ စွမ်းဆောင်နိုင်သည်ဟုသက် သေထူခဲ့ကြ၏။ ဒီလိုဆိုလျှင် ကျွန် တော့်မှာ မေးစရာမေးခွန်းများစွာရှိ၏။

“ဟီရိုရှီးမားနှင့် နာဂါစကီကို ကြဲချလိုက်တဲ့ အနုမြူဗုံးတွေကို တိရစ္ဆာန်တွေ တီထွင်ခဲ့ကြတာလား။ ဗီယက်နမ်နိုင်ငံပေါ် ပက်ဖျန်းခဲ့တဲ့ အဆိပ်ရည်တွေကိုရော တိရစ္ဆာန်တွေ တီထွင်ခဲ့ကြသလား။ ပထမကမ္ဘာ စစ်နဲ့ ဒုတိယကမ္ဘာစစ်မီးတွေကို ရော တိရစ္ဆာန်တွေရှို့ခဲ့သလား” စသည်ဖြင့်…။

ဒီလိုတော့လည်း ဒီကောင်လေးကို အရွဲ့တိုက်သည်ဟု ထင်ကြပေလိမ့် ဦးမည်။

(၂ )လူကို ဒုက္ခအပေးဆုံး သတ္တဝါ မှာ လူပင်ဖြစ်၏။ တစ်ယောက်ကို တစ်ယောက်က ဘယ်ပုံဘယ်နည်း ဒုက္ခ ပေးရမည်နည်းဟု ကြံစည်နေ တတ်သည်မှာလည်း လူပင်ဖြစ်၏။သူတစ်ပါး ဒုက္ခရောက်သည့်အခါ ကျိတ်၍တစ်မျိုး ပေါ်တင်တစ်ဖုံ ပျော်တတ်သည်မှာလည်း လူပင်ဖြစ် ၏။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ့်အတွက် ရပေါက် ရလမ်းရှိသော သူ၊ ကိုယ်ချစ်ခင်ရသောသူ၊ ကိုယ် ကြောက်ရသောသူသည်သာ အမှန် ဆုံးဟု ကြဲလိုက်တတ်သည်မှာလည်း လူပင်ဖြစ်၏။

“ကိုယ့်ကို ကျွေးမွေးတတ်သူ က်ြကနေ မှန်မှန်မှားမှား ကြဲလိုက်ကြ မယ်ဆိုရင် ကျောင်းထိုင်ထက်ကပ္ပိယ ကို ပိုခင်တဲ့ခွေးဝဲစားတွေနဲ့ ဘာကွာ တော့လို့လဲ”ဟူသော စကားကို မနာကျင် တတ်သည်မှာလည်း လူပင်ဖြစ်၏။လူလူချင်း ဒုက္ခပေးရာတွင် လူ ကြီးကိုလည်း ဒုက္ခပေး၏။ လူငယ် ကိုလည်း ဒုက္ခပေး၏။ ကလေးသူငယ် များကိုလည်း ဒုက္ခပေး၏။

“လူယုတ်မာဆိုတဲ့စကားပဲကြား ဖူးတယ်ကွာ။ ခွေးယုတ်မာ နွားယုတ် မာဆိုတဲ့ စကားမကြားဖူးဘူး”ဟူသော သူငယ်ချင်းတစ်ယောက်၏စကားကို သတိရမိ၏။ထိုသူငယ်ချင်းလည်း လူလူချင်း နှိပ် စက်ခံရသဖြင့် လွန်ခဲ့သော ၁၆ နှစ်ခန့်က သေဆုံးခဲ့ပါပြီ။

( ၃ ) လူလူချင်း ဒုက္ခအပေးခံရသော ဖြစ်ရပ်ကြီးငယ် မျိုးစုံတို့ကို တွေ့မြင် ကြရမည်ဖြစ်ပါ၏။ ၄ဝ၁-အေဒီ၊ ရောမအင်ပါယာ၏ နောက်ဆုံးနေ့ များအတွင်းက ဖြစ်၏။ အိုင်းရစ်အ နွယ် အသက်၁၆နှစ်အရွယ် လူငယ် လေးတစ်ဦး ပြန်ပေးဆွဲခြင်းခံခဲ့ရ၏။ပြန်ပေးဆွဲရုံမျှမက နယ်စပ်ဒေသ တစ်နေရာမှာ ကျွန်အဖြစ် ရောင်းစား ခြင်းခံခဲ့ရ၏။ လူငယ်ခမျာ ပင်လယ် ရပ်ခြား တောကျေးလက်ဒေသများ အထိ ရောက်ရှိခဲ့ပြီး ဆင်းရဲခြင်း ကြီးစွာ ကျွန်ခံခဲ့ရရှာ၏။ ဆင်းရဲမှုက ဖိစီးနှိပ်စက် လေသောကြောင့် ဘာ သာရေးကိုပင် အယုံအကြည်မဲ့သ ယောင်ယောင် ဖြစ်သွားရလေ၏။နေ့တိုင်းလိုလို စိတ်ပျက်အားငယ်မှု များဖြင့်သာ အချိန်ကုန်ခဲ့ရ၏။

လူငယ်သည် ကျွန်ခံရမည့် သက်တမ်း ၅နှစ်ပြည့်သောအခါ ကျွန်ဘဝက လွတ်မြောက်ပြီး ခရီးမိုင် ၂ဝဝဝေး သော ပင်လယ်ဆိပ်ကမ်းသို့ ခြေလျင် လျှောက်ခဲ့ရလေ၏။ပင်လယ်ဆိပ် ကမ်း၌ တွေ့မြင်ရသော သင်္ဘောကြီး များကို ငေးကြည့်ရင်း အိမ်ပြန်ချင် စိတ်များ တဖွားဖွား ဖြစ်ပေါ်လာလေ ၏။

‘ ငါအိမ်ပြန်ရောက်တဲ့အခါ ငါ့မိဘတွေက ငါ့ကို နောက်တစ်ကြိမ် အိမ်ကခွဲမသွားဖို့ တောင်းပန်ကြမှာပဲ’ဟု စိတ်ကူးဖြင့်ပျော်နေခဲ့၏။သို့သော် သူ၏ညစဉ် အိပ်မက်များထဲတွင်…

“မင်းကို ကျွန်ဖြစ်အောင်ရောင်း စားခဲ့တဲ့ ပြန်ပေးသမားတွေဆီ ပြန် သွား၊ ဘုရားသခင်ပြောခဲ့တဲ့ စကား တွေ ပြောပေး”ဟူသော အသံများ ထပ်ကာထပ်ကာ ကြားလာရ၏။

ထိုလူငယ်သည် သာသနာ့ ဘောင်သို့ ဝင်ရောက်၏။ အိုင်ယာ လန်၌ လူတွေကို ပြန်ပေးဆွဲ၍ အတင်း အဓမ္မ ကျွန်အဖြစ်ရောင်းစားနေမှု များ ပပျောက်အောင် တရားဟော တော့၏။ ထိုခေတ်အခါက ကျွန် ရောင်းဝယ်ရေးလုပ်ငန်းအတွက် ယောက်ျား မိန်းမ လူဦးရေ ရာထောင် ချီကာ ပြန်ပေးဆွဲခြင်းခံခဲ့ရ၏။ ယောက်ျားကလေးများက သိုးကျောင်း ကြရပြီး မိန်းကလေးများ ခမျာတော့ လိင်ကျွန်ဖြစ်ကြရ၏။ ထိုစနစ် တ ဖြည်းဖြည်း ပပျောက်အောင် ဟော ပြောခဲ့သူမှာ အထက်တွင်တင်ပြခဲ့ သော လူငယ်လေးပင်ဖြစ်၏။ သူ၏အမည်မှာ စိန့်ပက်ထရစ် (ှငေညအ ဏအေမငခု)ဖြစ်၏။ သူကိုယ်တိုင် လူလူချင်း ဒုက္ခအပေးခံရသော ကြောင့် လူလူချင်းဒုက္ခပေးမှု ပ ပျောက်အောင် ဟောပြောခဲ့ခြင်းဖြစ် ၏။ ဒုက္ခမပေးရန် ဟောပြောသူကား တစ်ယောက်တည်း။ ဒုက္ခပေးသူတွေ က အများကြီး။ တော်တော် သံဝေ ဂရဖွယ်ကောင်းသော လူ့လောက ပေတည်း။

(၄) နောက်ထပ်ဖြစ်ရပ်တစ်ခုရှိ သေး၏။ ခရစ်နှစ် ၁၂၁၂ခုနှစ်က ဖြစ်၏။ စတီဗင်အမည်ရှိ ပြင်သစ်သိုး ကျောင်းသားတစ်ဦးသည် ဘာသာ ရေးဆိုင်ရာခံယူချက်တစ်ခု အကောင် အထည်ဖော်ရန်စီစဉ်ခဲ့၏။ သူ၏ခံယူချက်မှာ ဘုရားသခင်ပိုင်ဆိုင် သောနယ်မြေကို ပြန်လည်ရယူရန် ဖြစ်၏။ သိုးကျောင်းသားသည် က လေးများအား ဘာသာရေးစစ်ပွဲ ဆင် နွှဲရန် ခေါ်ယူစုဝေးလိုက်ပြီး Army of children (ကလေးများတပ်ဖွဲ့) ဖွဲ့စည်းလိုက်၏။ ဒေသအတွင်းရှိ ကလေးများကလည်း မိဘများ၏ ဂုဏ်ယူဝမ်းမြောက်သော ခွင့်ပြုချက် ဖြင့် ဘာသာရေးစစ်ပွဲ (Crusade)တွင်ပါဝင်ရန် စာရင်းပေးသွင်းခဲ့ကြ ၏။ အထူးသဖြင့် ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ ကလေးဦးရေ ထောင်သောင်းချီ၍ပါဝင်ခဲ့၏။ တစ် ရွာဝင် တစ်ရွာထွက် ကလေးစစ်သား စုဆောင်းခြင်းကြောင့် ကလေးလုံးဝ မရှိတော့သည့် အခြေအနေသို့ပင် ရောက်ရှိသွားခဲ့လေ၏။ ကလေးများ သည် စစ်ချီတေးများသီဆိုကာ ချီ တက်ခဲ့ကြသော်လည်း တိုက်ပွဲဝင်နေ သည့် ကာလအတွင်း အဲလ်ပ်(ALPS) တောင်တန်းကို ဖြတ်ကျော်ချိန်၌ အစာငတ်ပြတ်၍ သေဆုံးခဲ့ကြရ၏။ စတီဗင်နှင့် တချို့သောကလေးငယ် များသည် မုန်တိုင်းထန်လှသော မြေ ထဲပင်လယ်ကိုဖြတ်ကျော်စဉ် သင်္ဘောမှောက်ပြီး သေဆုံးခဲ့ကြရ၏။

တချို့ကတော့ အသက်ရှင်လျက် ရန် သူလက်အတွင်း ကျဆင်းခဲ့ရပြီး ကျေးကျွန်အဖြစ် ရောင်းစားခြင်းခံခဲ့ ရ၏။ စတီဗင်ဆင်သည် ကလေး တပ်ဖွဲ့ မြေထဲပင်လယ်ကို အောင်မြင် စွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံ ကြည်ခဲ့သူဖြစ်၏။ မြေထဲပင်လယ် ကို ဖြတ်ကူးနိုင်ရေးအတွက် စတီဗင်အား ကုန်သည်နှစ်ဦးက ကူညီပို့ဆောင်ပေး မည်ဟု ကမ်းလှမ်းခဲ့၏။ တကယ်တော့ ထိုကုန်သည်များက ခရူးဆိတ်စစ်ပွဲ ဖြစ်ရာ ပါလက်စတိုင်းသို့ပို့ဆောင် ခြင်းမပြုဘဲ အီဂျစ်သို့ပို့ကာ ကလေး များအား ရောင်းစားခဲ့ခြင်းဖြစ်၏။ လူ့လောက၌ တစ်ဖက်သား၏အခက် အခဲကို အခွင့်ကောင်းယူကာ ကိုယ် ကျိုးအမြတ်ထုတ်သူများလည်း ရှိပေ ၏တကား။

(၅) ဤသည်ကား ကမ္ဘာ့သမိုင်းထဲက လူလူချင်းဒုက္ခပေးမှု ဖြစ်ရပ်နှစ်ခု မျှသာ ရှိသေး၏။ တခြားဖြစ်ရပ်ပေါင်း မြောက်မြားစွာ ရှိသေး၏။ကျွန်တော် တို့ မြန်မာနိုင်ငံမှာလည်း လူလူချင်း ဒုက္ခပေးခဲ့သော ဖြစ်ရပ်ပေါင်းများ စွာ ရှိခဲ့ပါ၏။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် အင်္ဂလိပ်က မန္တလေး ကို သိမ်းမည်ဆိုသော သတင်း သီ ပေါမင်း ကြိုတင်ရခဲ့၏။ မနက်ဖြန်လို သိမ်းမည်ဆိုလျှင် ဒီနေ့လိုည မင်းမိဖု ရားနှစ်ပါး တိမ်းရှောင် ရန်ကြံ၏။သို့သော် သစ္စာဖောက်ဝန်ကြီး တစ် ပါးက သီပေါမင်းထွက်မသွားနိုင် အောင် ဓားထမ်း၍ စောင့်ခဲ့သောဟူ ၏။ လွတ်လပ်ရေး ရရှိရန်ကြိုးပမ်း ကြသောကာလများ၊ လွတ်လပ်ရေး ရခါနီး၊ လွတ်လပ်ရေးရပြီးနောက် ကာလများတွင်လည်း လူလူချင်း ဒုက္ခပေးမှုများက ရှိနေဆဲ။ ကျွန်တော့် ကို စာသင်ပေးဖူးသော အိန္ဒိယ ဆ ရာမ၏ စကားကိုသတိရမိ၏။

“မင်းတို့ မြန်မာတွေဟာ သူများ ကို ဒုက္ခပေးဖို့ အတော်ဝါသနာ ပါ တာပဲ” ဟူသောစကားဖြစ်၏။ ထိုစဉ် က ကျွန်တော်သည် “မြန်မာတွေမှ မဟုတ်ပါဘူး။ ကမ္ဘာသားတိုင်းပါပဲ”ဟု အိန္ဒိယ-ပါကစ္စတန် အကွဲအပြဲ သတ်ဖြတ်မှုများကို ကိုးကား၍ ချေပ ခဲ့၏။ လူလူချင်း ဒုက္ခပေးမှုသည် လူသားပီသသော လုပ်ရပ်မဟုတ်ပါ။ လောက၌ လူသားချင်းစာနာကာဖေး မတတ်သော၊ ချမ်းသာခြင်းလက် ဆောင်ကိုသာ ပေးတတ်သော လူ ကောင်းများ လည်းရှိပါ၏။ သို့သော် အရေအတွက် နည်းပါ၏။ လူပီသ သော လူကောင်းသူကောင်းများ အ ရေအတွက်များပါမှ လူ့လောက သာ ယာအေးချမ်းနိုင်မည်ဖြစ်၏။သို့ မဟုတ်ပါက ငရဲကြီးရှစ်ထပ်ကို ဆေးသုတ် ထားသော အဆင့်။ လူ့ငရဲဘဝ၌သာ ရှိနေလိမ့်မည်တကား။ ။ ဆင်းရဲကင်းကြပါစေ

အောင်မှူးဝေ
ကိုးကား။အောင်လှိုင်-သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း ၁ဝဝ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071