Wednesday, August 12, 2026

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့်...

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း...

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း...

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊...
HomeCultureလူရွှင်တော် သက်ကြီး ဘိုးဘွားရိပ်သာကို...

လူရွှင်တော် သက်ကြီး ဘိုးဘွားရိပ်သာကို အခုလကုန်တွင် စတင်တည်ဆောက်မည်

လူရွှင်တော်အသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် သက်ကြီးလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲအား စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး လူရွှင်တော်ကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်မှာ ယခုနှစ်ဆိုလျှင် ၈ ကြိမ်မြောက်ရှိခဲ့ပြီလည်းဖြစ်သည်။ ယခုနှစ်တွင်တော့ သက်ကြီးလူရွှင်တော် တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ၁ သောင်းစီ ကန်တော့ခဲ့ကြသည်။ လူရွှင်တော်အသင်း(ရန်ကုန်)အနေဖြင့် သက်ကြီးပူဇော်ပွဲပြုလုပ်နိုင်ရေး အတွက် ရန်ပုံငွေရရှိရန် ရန်ပုံငွေဘောလုံးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဘောလုံးပွဲ မှရရှိသော အလှူငွေများအား သက်ကြီးလူရွှင်တော်ကြီးများကို ကန်တော့ခဲ့ကြပြီး ကျန်ရှိသည့်ရန်ပုံငွေများ ဖြင့် လူရွှင်တော်သက်ကြီး ဘိုးဘွား ရိပ်သာ ဆောက်လုပ်ရန် စီစဉ်နေကြောင်းသိရသည်။မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်တွင် တည်ဆောက်မယ့် လူရွှင်တော် သက်ကြီးဘိုးဘွားရိပ်သာအတွက် မြေနေရာကို လူရွှင်တော် အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်မှ လှူဒါန်းထားခြင်းဖြစ်သည်။


”အဲဒီမြေမှာ ဘုရားတည်ထားပါတယ်။ ဘုရားကလည်း တည်နေတာပြီးတော့မှာပါ။ လမကုန်ခင်မှာ ကျွန်တော်တို့ စတင်တည်ဆောက်သွားမှာပါ။ ၁ နှစ်အတွင်းပြီးအောင် လုပ် မယ်လို့လည်း ကျွန်တော် ကတိပေးတယ်။ တကယ်လိုအပ်ရင် ကျွန်တော်လှူပါ့မယ်။လူရွှင် တော် အသင်း(ရန်ကုန်)အသင်းပိုင်ငွေနဲ့လည်း အဲဒီမြေကွက်ကို ကျွန်တော်တို့ သဲလည်းဖို့ပြီး သွားပါပြီ။ ဘိုးဘွားရိပ်သာကိုနှစ်ထပ်ဆောက်ပါမယ်။ ဆောက်လို့ပြီးသွားတဲ့အခါမှာ အဖေ ကြီး (လူရွှင်တော်ကြီး)တွေကို မျိုးဆက်သစ်တွေ လူရွှင်တော်ပတ် ပေါင်းပေါင်းတာတို့၊ တောင် ရှည်ဝတ်တာတို့တွေကို လက်ဆင့်ကမ်း သင်ပေးကြမယ်ပေါ့။ အဲဒီမှာ သင်တန်းသဘောလေးတွေ နဲ့ လုပ်ကြမယ်။ အဲဒီတော့ သက်ကြီးဘိုးဘွားရိပ်သာအတွက်ရော၊ သက်ကြီးပူဇော်ပွဲအတွက် ရော အလှူခံပေးကြပါလို့ တောင်းဆိုပါတယ်” ဟု လူရွှင်တော် သက်ကြီးဘိုးဘွားရိပ်သာနှင့် ပတ်သက်ပြီး လူရွှင်တော်အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးဒိန်းဒေါင်ကပြောကြားခဲ့သည်။


လူရွှင်တော်သက်ကြီးပူဇော်ပွဲတွင် သက်ကြီးလူရွှင်တော်ကြီးများကိုယ်စား လူရွှင် တော်ကြီး ဦးမန်းဝင်း၊ ဦးဝင်းနိုင် (အနုပညာ)တို့က သြဝါဒစကားများပြောကြားခဲ့ကြသည်။

လင်းအက္ခရာ ၊

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သု တေသနဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အ လှန်နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သ မိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆ ရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန်...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း ကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်း ကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။ ၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအ တွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ် စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071