Sunday, May 24, 2026

မန္တလေးမြို့၌ ထရန်စဖော်မာအသစ်များတိုးချဲ့တည်ဆောက်နေ

မန္တလေးမြို့၌နေထိုင်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအဆင်ပြေစေရေးအတွက် ထရန်စဖော်မာအသစ်များကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်ကွက်၊ ၁၁၅ လမ်းနှင့် ၇၄(အေ) လမ်းထောင့်၌ ၁၁/၀.၄ ကေဗွီ၊...

ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့  Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး...

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်(၂) ခုနှစ်တွင် ယနေ့နံနက်ပိုင်းက...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက် (၂) ခုတွင် ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက မီးလေ-ာင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း...
HomeMoviesလူမှုဖူလုံရေးအဖွဲ့ ‌ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီရထားအလုပ်သမားဝန်ထမ်းများကို...

လူမှုဖူလုံရေးအဖွဲ့ ‌ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီရထားအလုပ်သမားဝန်ထမ်းများကို ဆေးကုသမှုပေး

လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီးရထား (ရုံးချုပ်) မှ အာမခံ အလုပ်သမားဝန်ထမ်းများအား ယမန်နေ့က ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်အရောက် ဆေးကုသမှုပေးခဲ့ခြင်းဖြစ်ပြီး လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) နှစ်စီးအသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ့မီးရထားရုံးချုပ်(နေပြည်တော်) နှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်‌ရေးစက်ရုံ (နေပြည်တော်) တို့မှ အရာထမ်း၊ အမှုထမ်း အာမခံအလုပ်သမားဝန်ထမ်းများကို ဆေးကုသမှုပေးခဲ့ခြင်းဖြစ်သည်။

ရွေ့လျားဆေးကုသယာဉ်များဖြင့် ကွင်းဆင်းဆေးကုသပေးရာတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအား လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ၊ လွှဲပြောင်းကုသမှုများဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုနောက် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု ၃၂၇ ဦး၊ နှလုံးစမ်းသပ်စစ်ဆေးမှု ၁၈၅ ဦး၊ မျက်စိပါဝါစမ်းသပ်မှု ၃၂၅ ဦး၊ မျက်မှန်ပေးအပ်မှု ၃၂၀ ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့၌ ထရန်စဖော်မာအသစ်များတိုးချဲ့တည်ဆောက်နေ

မန္တလေးမြို့၌နေထိုင်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအဆင်ပြေစေရေးအတွက် ထရန်စဖော်မာအသစ်များကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်ကွက်၊ ၁၁၅ လမ်းနှင့် ၇၄(အေ) လမ်းထောင့်၌ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် ၁၁၉ လမ်းဒေါင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊၂၆ လမ်း နှင့် ၅၉ လမ်းထောင့်ရှိ ၁၁/၀.၄ ကေဗွီ၊ ၃၁၅ kVA ထရန်စဖော်မာ(၁)လုံးတို့ကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင်...

ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်  

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့  Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။  ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှနေ၍ ဆန်များတိုက်ရိုက် တင်ပို့မည့်အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။    တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှု ဆိပ်ကမ်းမှတဆင့် တိုင်းဒေသကြီး၏ ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်များကိုလည်း...

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်(၂) ခုနှစ်တွင် ယနေ့နံနက်ပိုင်းက မီးလေ-ာင်မှု (၂) ကြိမ် ဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက် (၂) ခုတွင် ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက မီးလေ-ာင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က မြစ်ကြီးနားမြို့၊ မန်ခိန်ရပ် ကွက်တွင်နေအိမ်လောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၂ နာရီ ၃၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်ကလည်း မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ လမ်းသွယ် (၂၂)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071