Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsလူငယ်ငြိမ်းချမ်းရေးဖိုရမ်က တဆင့် လူငယ်များ၏အသံကို...

လူငယ်ငြိမ်းချမ်းရေးဖိုရမ်က တဆင့် လူငယ်များ၏အသံကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ရန်အတွက် ပဋိပက္ခကို ဖြစ်ပေါ်စေသည့် အချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများ စသည်တို့ကို လေ့လာဖော်ထုတ်မည်

ဖိုရမ်မှတစ်ဆင့် လူငယ်များ၏အသံကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ရန်အတွက် ပဋိပက္ခကို ဖြစ်ပေါ်စေသည့် အချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ လုံခြုံရေးနှင့် အကာအကွယ်၊ ကျား/မ ကဏ္ဍအလိုက် မတူညီသော ထိလွယ်ရှလွယ်သည့် အခြေအနေ၊ အားနည်းချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပူးပေါင်းပါဝင်နိုင်မှုအတွက် စိန်ခေါ်မှုများနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရယူဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  စီးပွားရေးစိန်ခေါ်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းကိစ္စရပ်များ၊ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် ပညာရေးအတွက်ကွာဟချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဆိုက်ဘာ (Cyber)၊ လူမှုကွန်ရက် (Social Media) များတွင် လူငယ်များ ပါဝင်ဦးဆောင်နိုင်သော အခြေအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့အတွက် လူငယ်များ၏ သဘောထားဆန္ဒအသံများကို လေ့လာဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်မည့် လူငယ်လုပ်ငန်းစဉ် အစီအစဉ်များကို ရယူဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတည်ဆောက်ရေးတွင် အရည်အသွေးမြင့်မားသည့် လူငယ်များရရှိစေရန် ယခုကျင်းပမည့် ဖိုရမ်မှ ဖော်ထုတ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍအား ဆက်နွှယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းမှသာ လူငယ်များ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်ပြီး လူငယ်များအား ပြုစုပျိုးထောင်ပေးမှသာ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောသည်။

ထို့ပြင် သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်၊ လူငယ်များအား ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်အောင် ဆွေးနွေးဖော်ထုတ်မည်ဖြစ်ကြောင်း၊ ယခုဖိုရမ်မှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူငယ်များကို ဖော်ထုတ်နိုင်ရန်၊ အနာဂတ်နိုင်ငံတော်အတွက် စွမ်းရည်မြင့်မားသည့် လူငယ်များပေါ်ထွက်လာစေရန် မျှော်လင့်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောကြားခဲ့သည်။

အဆိုပါ လူငယ်ငြိမ်းချမ်း‌ရေးဖိုရမ်(၂၀၂၆)  ဆွေးနွေးပွဲ၌ သီးခြားရွေးချယ်ထားသည့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်လူငယ်ပညာရှင်များ၊တိုင်းနှင့်ပြည်နယ်မှ လူငယ်ကိုယ်စားလှယ်များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မသန်စွမ်းလူငယ်များ၊ လူထုအခြေပြုအဖွဲစည်းများမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲများနှင့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ IDP စခန်းများမှ လူငယ်များကို ဖိတ်ကြားရန် စီစဉ်နေပြီး အသက်၁၈ နှစ် မှ ၃၅ နှစ်အတွင်း လူငယ်ကိုယ်စားလှယ်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071