Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeArticlesလူငယ်တွေ မေ့လျော့နေတဲ့ အကြောင်းအရာကို...

လူငယ်တွေ မေ့လျော့နေတဲ့ အကြောင်းအရာကို ပြောပြသူ ဆရာကောင်းသန့်

Untitled-1

 အောင်မြင်မှုဆိုတာ လူသားတိုင်းမက်မော တမ်းတမျှော်မှန်းတဲ့ အရာတစ်ခုပါ။ ဒီလိုမျှော်မှန်းချက်တွေ ရရှိဖို့အတွက်လည်း ပန်းတိုင်တစ် ခုကို ပစ်မှတ်ထား လျှောက်လှမ်းကြရပါတယ်။ တစ်ခါတလေမှာတော့ လူ သားတိုင်း ဘဝခရီးလျှောက်လှမ်းရင်း မေ့လျော့နေကြတာလည်း ရှိနေတတ်ကြပါတယ်။ အဲဒီမေ့နေတတ်တဲ့ အကြောင်းအရာကိုတော့ ဆရာကောင်းသန့်က အခုလို ပြောပြပါတယ်။

“လူငယ်ဘဝမှာ သူတကယ်လုပ်နိုင်တာက သူ့ဘဝလေးကိုသူ အကောင်းဆုံးတည်ဆောက်ဖို့ပဲ။ အချိန်ရှိသမျှ သူအကျိုးရှိရှိ အသုံးချ ဖို့ပဲ။ သို့သော်လည်း ရှင်းနေတာကတော့ အမြတ်လိုချင်အရင်းထည့်ရ မယ်။ အရင်းအနှီးရှိမှ အမြတ်ရတာပဲ။ လူငယ်ဘဝမှာ ပိုက်ဆံလည်း ချမ်းသာတာမဟုတ်ဘူး။ မိဘလည်း မပေးနိုင်ဘူး။ ဒါပေမဲ့ သူ့မှာတကယ် အရင်းအနှီးရှိတာ သူမေ့နေတယ်။ အဲဒါ အဖိုးတန်တဲ့အချိန်ပဲ။ ဘယ် တော့မှ ပြန်မရနိုင်တဲ့အချိန်ပဲ။  အဲဒီတန်ဖိုးကြီးတဲ့ အချိန်ကြီးကို ကိုယ်က ပိုင်ထားတာ။ အဲဒီတန်ဖိုးကြီးတဲ့ အချိန်နဲ့ကိုယ့်ဘဝကို ရင်းနှီးမြှုပ်နှံရမှာ။ အဲဒီလိုရင်းနှီး မြှုပ်နှံလိုက်တော့မှ ကိုယ်က အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ။ လူငယ်တွေမေ့နေတာ အဲဒါကို မေ့လျော့နေကြ တာ”လို့ ဆရာကောင်းသန့်က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဆရာကောင်းသန့်က လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ် ကို ယ်ချစ်တတ်ဖို့လိုသလို အဓိကအရေးကြီးတဲ့ ကျန်းမာရေးဂရုစိုက်မှုလည်း လိုအပ်ကြောင်းကိုတော့….

“ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက သူများကိုချစ်ခြင်းနဲ့ လည်းညီတယ်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းက သူများကို ဒုက္ခမပေးခြင်းနဲ့ လည်းတူတယ်။ ကိုယ့်ကိုယ် ကိုယ် မစောင့်ရှောက်လို့ ကိုယ်လဲသွားတယ်။ ဆေးရုံ ရောက်သွားတယ်ဆိုရင် ကိုယ့်မိသားစုအကုန်ဒုက္ခ ရောက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းက သူများကို ဒုက္ခမပေးရာရောက်တယ်။ တကယ်ကတော့ အရေးကြီးတာ အရင်လုပ်ရမယ်။ ဘဝမှာ အရေးကြီး တာ အသက်ရှင်ဖို့ပဲ။ အသက်ရှင်ဖို့အရေးကြီးတာက ကျန်းမာရေးကောင်းဖို့ပဲ။ ဒီခေတ်ထဲမှာ အရင်ခေတ်နဲ့ ကွာခြားသွားတာက ကိုယ့်ကိုသေစေနိုင်တဲ့အစား အသောက်တွေက ကိုယ့်လက်တစ်ကမ်းမှာ ရှိနေ တယ်။ ဆေးဆိုးတဲ့အစားအစာတွေ၊ ဓာတုရောထားတဲ့ အစားအစာတွေ၊ ကိုယ့်လက်တစ်ကမ်းမှာ ရှိနေတယ်။ ဒါတွေမဖြစ်မနေ စားသုံးရင်းနဲ့တောင် ကိုယ့်ကို သေစေနိုင်တာ။ အဲဒီကြားထဲမှာ ကိုယ်ကအရက်တွေ သွားသောက်မယ်။ ကွမ်းယာတွေစားမယ်။ ဆေးလိပ် တွေ သောက်ဦးမယ်ဆို ကိုယ့်ခန္ဓာကိုယ်ကိုပြန်ပြီး နှိပ်စက်သလိုဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင်၊ ကိုယ့်ကိုယ် ကိုစောင့်ရှောက်ရမယ်။ ပြန်ခေါ်လို့မရတော့ တဲ့ အချိန်ကြီးရယ်ကို ကိုယ်ပိုင်ဆိုင် နေတာ။ အဲဒီတော့ စာကောင်းပေကောင်းတွေသာ ဖတ်မိမယ်။ အဲဒီက အတွေးအမြင်တွေ သာရမယ်ဆိုရင် လူငယ်တစ်ယောက် ဟာ ဘာမှဖွတ်ကြားဖြစ်စရာမရှိဘူး။ သူ့ဘဝကိုသူ အေးအေးဆေးဆေး တည်ဆောက်ပြီး အောင်မြင်အောင် လုပ်သွားနိုင်မှာပဲ”လို့ ဆရာကောင်းသန့်က အချိန်နဲ့ လူရဲ့တန်ဖိုးအကြောင်းကိုလည်း ထပ်ဆောင်း ပြောပြခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071