Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeMusicလူငယ်တွေမှာ အရည်အချင်းတွေရှိကြောင်း ပြသလိုက်တဲ့...

လူငယ်တွေမှာ အရည်အချင်းတွေရှိကြောင်း ပြသလိုက်တဲ့ ဂီတမှူး လင်းထက်

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာပြသတဲ့ ‘သရာစောထိ’ ရုပ်ရှင်ဇာတ်ကား တစ် ကားလုံးမှာ ပါရှိတဲ့ Music တွေကို Arrangement ပြုလုပ်ပေးသူက လူငယ်ဂီတမှူး လင်းထက်ပါ။ ဒီဇာတ် ကားနဲ့ ပတ်သက်လို့ လင်းထက်က…..

“ကျွန်တော်တို့ လူငယ်တွေဆိုရင် ဘယ်သူမှတော်ရုံတန်ရုံနဲ့ မယုံကြည်ကြဘူး။ ဒီကောင် တွေလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ရှိကြတယ်။ ဒါပေမဲ့ ဦးသူရက ထူးထူးခြားခြား ကျွန်တော့်ကိုခေါ်တယ်။ နောက်ပြီးတော့ ဒါရိုက်တာဘကြီး အောင်ပေါ့နော်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ဒီဇာတ်လမ်းကို အပ်ခဲ့တယ်။ သူတို့ယုံကြည်မှုကို ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ လုပ်ပြချင်တယ်။ တစ်ဆက်တည်းမှာပဲ မြန်မာပြည်မှာရှိတဲ့ နယ်ပယ်ပေါင်းစုံက လူငယ်တွေသည် လုပ်နိုင်တဲ့ Ability တွေ ရှိတယ်ဆိုတာကို ပြချင် တယ်။ ဒါကတော့ ကျွန်တော် လင်းနိုင်တဲ့ ကျွန်တော့်ရဲ့ အလင်းလေးတစ်စက်အားဖြင့် ကျွန်တော်ပြသခြင်းပါပဲ”လို့ ပြောပါတယ်။ မကြာမီထွက်ရှိတော့မယ့် နာမည်ကျော် အဆိုတော်တွေအတွက် သီချင်းရေးပေးနေတဲ့လင်းထက်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ် ကားတွေအတွက် Music Arrangement လုပ်ဖို့ စိတ်ဝင်စားနေကြောင်းကို …

“ကျွန်တော်တစ်ခုတော့ စဉ်းစားမိတာ ရုပ်ရှင်ဇာတ်ကားသည် အချိန်အကြာကြီး ပေးပြီးတော့ တီးရတယ်။ နောက်တစ်ခုက မနက်မိုးလင်းက တည်းက ကျွန်တော် ကွန်ပြူတာရှေ့ရောက် တယ်။ ကျွန်တော် စတူဒီယိုမှာ အလုပ်စလုပ်တယ်။ အချိန်က လည်း နည်းနည်းတိုတာကိုး။ ပုံမှန်ရုပ်ရှင်ဇာတ်ကားသည် တစ်နှစ်လောက်သွားတဲ့ အချိန်မှာ ဒီဇာတ်ကားကတော့ လပိုင်းပဲအချိန်ရတယ်။ ကျွန်တော်ဆို တခြား Project တွေတောင်ရပ်လိုက်ရတာမျိုးတွေရှိ တာပေါ့။ နောက်ပိုင်းတွေမှာ ရုပ်ရှင်ဇာတ်ကား တွေနဲ့ပတ်သက်ပြီးတော့ တီးဖို့ စိတ်ဝင်စားတယ်”လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင် 

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071