Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeCelebrities' Newsလူငယ်အနုပညာရှင်တို့ပြောတဲ့ ဆယ်တန်းအောင်အပျော် ပညာရေးခရီးဆက်...

လူငယ်အနုပညာရှင်တို့ပြောတဲ့ ဆယ်တန်းအောင်အပျော် ပညာရေးခရီးဆက် ဘဝပုံဖော်မှု

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်ချိန်ဟာ ဆယ်တန်းကျောင်းသူ၊ ကျောင်းသားများအတွက် ရင်အခုန်ရဆုံးနေ့ တစ်နေ့ ဖြစ်သလို ဘဝအတွက် အမှတ်တရဖြစ်စရာနဲ့အရေးကြီးဆုံး နေ့တစ်နေ့ ဖြစ်တယ် ပြောရင်လည်း မမှားပါဘူး။ ဒီနောက်မှာလည်း ဆယ်တန်း စာမေးပွဲအောင်မြင်တဲ့အခါ လူငယ်တိုင်းဟာ မိမိတို့ ဘဝအတွက်ရော မိမိတို့ပညာရေးအတွက် ပါ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချကာ တက္ကသိုလ်ပညာရေး ဆက်လက်တက်ရောက် သင်ကြားဖို့ အဓိကဘာသာရပ် ရွေးချယ်ကြ ရတာကလည်း စိတ် အလှုပ်ရှားရဆုံး ဖြစ်ကြရပါတယ်။ ဒါကြောင့်လူငယ်အနုပညာ ရှင်တို့ရဲ့ ဆယ်တန်းအောင် စာရင်း ထွက်ချိန် ကိုယ်တိုင်ခံစားရမှုနဲ့ ဘဝအတွက် ပညာရေးခရီး ရှေ့ဆက်ဖို့ စိတ်ခွန် အားဖြည့်ဆည်းပြီး ကြိုးစားလှမ်း ချီဖြစ်ခဲ့ပုံ အကြောင်း ပြောစကားများ ဖော်ပြလိုက်ရပါတယ်။

Gone Yi Aye Kyaw

ဂုဏ်ရည်အေးကျော်

ဂုဏ်ရည်က အောင်စာရင်း မထွက်ခင်က ၃ ဘာသာဆိုပြီး မှန်းထားတာကို အောင်စာရင်းထွက်လာတော့ ၄ ဘာသာဖြစ်နေတယ်။ ဂုဏ်ရည်ထင် သလောက် အမှတ်တွေ မရခဲ့ဘူး။ တက္ကသိုလ် ရွေးတော့လည်း ခေါင်းမာပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဂုဏ်ရည့်ရဲ့ မိဘတွေကဆရာဝန်နဲ့ တရား လွှတ်တော်ရှေ့နေဆို တော့ ဂုဏ်ရည့် ကို ရှေ့နေ ဖြစ်စေချင်တယ်၊ ဆရာဝန်ဖြစ်စေချင်တယ်။ ဒါပေမဲ့ ဂုဏ်ရည်ကတော်ပြီ။ ဆယ်တန်း အထိလည်း စာတွေ ကျက်ခဲ့ပြီးပြီ ဆိုပြီး UFL အင်္ဂလိပ်စာကို ရွေးခဲ့တယ်။ ဒါကြောင့် အဲဒီတုန်းကများ မိဘစကားနားထောင်ခဲ့ရင် ကောင်းမှာဆိုတဲ့ စိတ်ကလေးတော့ ရှိတယ်။ မောင်လေး၊ ညီမလေးတွေကို ဂုဏ်ရည် မှာချင်တာက တစ်ခါ တ လေမှာ တဇွတ်ထိုးတိုင်းလည်း မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကဲတဲ့ အချိန်တွေလည်း ရှိခဲ့ပေမယ့်မိဘနဲ့ သားသမီး ညှိညှိ နှိုင်းနှိုင်းနဲ့ ကလေးရဲ့ဘဝ ရှေ့ရေး အတွက်လုပ်ကိုင်ကြဖို့ပဲ ဂုဏ်ရည်က တိုက်တွန်းချင်ပါတယ်။

May Myint Mo

မေမြင့်မိုရ်

ဆယ်တန်းအောင်စာရင်းက ဘဝရဲ့ အပြောင်းအလဲ တစ်ခုဆို တော့ အောင်စာရင်း ထွက်တုန်းက အရမ်းပျော်ပါတယ်။ အောင်စာရင်း မထွက်ခင်လည်း ရင်ခုန်ရတယ်။ သွားကြည့်တဲ့ အချိန်ဆိုလည်း ပြောမတတ်အောင် စိတ်လှုပ်ရှားရ တယ်။ ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ မိဘရွေးပေးတဲ့ လမ်းပေါ် မှာပဲ လျှောက်ဖြစ်ပါ တယ်။ ဒီနှစ် ဆယ်တန်းအောင်တဲ့ သူတွေကို လည်း ကိုယ်ဝါသနာပါတဲ့ အရာကို ကိုယ့်မိဘနဲ့ တိုင်ပင်ပြီး ရွေးချယ်ပါလို့ ပြောချင်ပါတယ်။

Poe Ei Ei Khant

ပိုးအိအိခန့်

ညီမဆယ်တန်းအောင်တဲ့ အချိန်က မပျော်နိုင်ဘူး။ ဘယ်သူ နဲ့မှလည်း စကားမပြောဘူး။ အဖေက အရမ်းစည်းကမ်းကြီးတယ်။ အရင်တုန်းက စာနဲ့ပတ်သက်ရင် ၁ အသ ၅ မဝင်ရင် ရိုက်တယ်။ အဲဒီတော့ ဆယ်တန်းအောင် စာရင်းလည်းထွက် ရော အဖေရိုက်မှာလည်း ကြောက် တယ်။ ဒါကြောင့် မပျော်ခဲ့ရဘူး။ ဆယ်တန်းအောင်ပြီးမိဘတွေ ရွေးချယ်ပေးတဲ့ လမ်းမှာပဲ လျှောက် ဖြစ်တယ်။ ဒီနှစ် ဆယ်တန်းမအောင် တဲ့ သူတွေကလည်း စိတ်မညစ်ပါနဲ့လို့၊ ထပ်ကြိုးစားပါလို့ မှာချင်ပါတယ်။ အောင်တဲ့သူတွေလည်း ကိုယ်ဝါ သနာပါရာကို ဦးစားပေးရွေးချယ် စေချင်ပါတယ်။

Moe Yan Zun

မိုးယံဇွန်

ဆယ်တန်းအောင်စာရင်းထွက်တုန်းကတော့ အောင်စာရင်းစာရွက် တွေကပ်တော့ ကိုယ်က ရင်တုန်လို့ သွားမကြည့်ရဲဘူး။ အိမ်ကလူကြီးတွေ ပဲ မနက်မိုးလင်းမှ သွားကြည့်တယ်။ သူတို့သွားကြည့်နေတဲ့ အချိန်မှာလည်း ကိုယ်က ရွှေတိဂုံဘုရားမှာ ဘုရားရှိခိုးနေတယ်။ ရင်လည်းတုန် တယ်။ အဓိကကတော့ အောင်ဖို့ပါ ပဲ။ အောင်စာရင်းထွက်ပြီးတော့ လည်း တက္ကသိုလ်တက်တော့ အိမ်က ရေကြောင်းတက္ကသိုလ်တက်ခိုင်း တယ်။ ကျွန်တော်က သင်္ဘောသား မဖြစ်ချင်ခဲ့ဘူး။ ဒါကြောင့် ဥပဒေ ဘာသာနဲ့ UFL ဂျပန်ဘာသာကို လျှောက်တယ်။ နှစ်ခုလုံးကို အမှတ်မီပါတယ်။ အဲဒီမှာ ဥပဒေကိုရွေး လိုက်တယ်။ ဥပဒေအရာရှိဖြစ်ချင်တယ်။ ဘွဲ့ရပြီးလို့ ဥပဒေအရာရှိ Entrance ကို ဖြေပြီးရင် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်ချင်တယ်။ ဒါကြောင့်ပါ။ ဒါဟာလည်း ကိုယ့်အတွေးနဲ့ ကိုယ်ဆုံးဖြတ် ခဲ့တာပါ။ အိမ်ကဖြစ်စေချင်တာထက် ကိုယ်ဖြစ်ချင်တာလေးကို ရွေးခဲ့ တယ်။ လူငယ်လေးတွေအတွက်လည်း ဖြေပြီးသွားရတဲ့ ရမှတ်ပေါ်မှာ အလိုမကျမှုလေးတွေရှိရင် စိတ်ဓာတ် မကျဘဲ ကိုယ့်ဘဝမှာ ဘာလုပ်ချင်သလဲဆိုတာကို သေသေချာချာလေး ဆုံးဖြတ်စေချင်တယ်။ ကိုယ်စိတ်အားထက်သန်ပြီး ဖြစ်နိုင်မယ့် အရာ လေးကို ပြန်ပြီးသုံးသပ်စေချင်ပါတယ်။ အုပ်ထိန်းသူနဲ့ တိုင်ပင်ပြီး ကိုယ်ရှေ့ဆက်ရမယ့်လမ်းကို လျှောက်ပါလို့ ကျွန်တော်က အကြံပေးချင်ပါတယ်။

Kyi Phyu Ag

ကြည်ဖြူအောင်

ငယ်ငယ်တည်းက ကျွန်တော်က စာအရမ်းတော်တဲ့အထဲမှာ မပါခဲ့ပါဘူး။ ဒါပေမဲ့ ဆယ်တန်းအောင်မယ် လို့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိ တယ်။ ဒါကြောင့် အောင်စာရင်း ထွက်တဲ့ညက အိပ်ပဲ အိပ်နေခဲ့တယ်။ အောင်စာရင်း ထွက်တော့လည်း ကျွန်တော် အောင်တယ်။ တက္ကသိုလ် တက်တော့ အဖေက ဥပဒေအသိုင်းအဝိုင်းထဲက ဖြစ်တာ ကြောင့် ကျွန်တော့ကို Law တက်ခိုင်းတယ်။ အဲဒီအတွက် ဥပဒေဘာသာကို အခုသင်ယူနေတယ်။ အဖေရဲ့ တွန်းအား ပေးမှုရယ်၊ ကိုယ်ကိုယ်တိုင် ကလည်း ဥပဒေကို စိတ်ဝင်စား ပါတယ်။ အခု နောက်တက်လာမယ့် ကလေးတွေအတွက်တော့ သူတို့လုပ်ချင်တာနဲ့ လုပ်နေတာနဲ့ ဆန္ဒနဲ့ဘဝကို တစ်ထပ်တည်း ကျစေချင်တယ်။ကိုယ့်ရည်မှန်း ချက် ကို သေသေချာချာလေး စဉ်းစားစေချင်တယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071