ဂျာကာတာ၊ ဖေဖော်ဝါရီ ၃
အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ်သမားများ သမဂ္ဂ (SBMI) သည် ဒါဇင်နဲ့ချီသောအင်ဒိုနီးရှားရွေ့ပြောင်းအလုပ်သမားဟောင်းများ၊မြန်မာနိုင်ငံသို့ လူကု-န်ကူးခံရသူများ (TPPO) နှင့်အတူ ဂျာကာတာ မြို့ရှိ မြန်မာ သံရုံးရှေ့တွင် ယမန်နေ့၊ ဖေဖော်ဝါရီလ ၃ ရက်၊ တနင်္လာနေ့၊ 09:00 WIB (အနောက်အင်ဒိုနီးရှားစံတော်ချိန်) တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
SBMI ဥက္ကဋ္ဌ ဟာရီယန်တို ဆူဝါနို က အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် အွန်လိုင်းလိ-မ်လ-ည်မှုလုပ်ငန်းများတွင် အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းခံခဲ့ရသော၊ မြန်မာနိုင်ငံမှ ပြန်ထွက်လာနိုင်ခဲ့သည့် အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးခန့် တက်ရောက်ခဲ့သည်ဟုပြောကြားခဲ့သည်။ “စုစုပေါင်းလူ ၄၅ ဦးခန့်သည် မြန်မာသံရုံး အဆောက်အအုံ အရှေ့ ဆန္ဒပြပွဲတွင် ပါဝင်မည်” ဟု ဟာရီယန်တို က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် (တနင်္လာနေ့) တွင် Tempo မီဒီယာသို့ သတင်းစကားပေးပို့ ပြောကြားခဲ့
သည်။ မြန်မာနိုင်ငံ မြဝတီမြို့တွင် လူကု-န်ကူး ခံခဲ့ရသော အင်ဒိုနီးရှား နိုင်ငံသား စုစုပေါင်း ၄၅ ဦး ရှိသည် ဟု ဒီဇင်ဘာလ 2024 တွင် SBMI ကအစီရင်ခံတင်ပြထားခဲ့သည်။
ယင်းမတိုင်မီက အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Komnas HAM) အဖွဲ့အစည်း၏ လူ့အခွင့်အရေး တိုးတက်မှုအတွက် ကော်မရှင်ခွဲ တာဝန်ခံ ညှိနှိုင်းရေးမှူး အနစ် ဟီဒယာ က လူကု-န်ကူးခံရသူများသည် ဂျာကာတာ၊ မြောက်ဆူမားတြား၊ ကလီမန်တန် နှင့် အနောက်ဂျာဗား စသည့် ဒေသအသီးသီးမှ ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ဇန်နဝါရီ လ ၇ ရက်နေ့၌ Tempo မီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် အနစ် က လူကု-န်ကူးခံရသူများထဲတွင် အချို့မှာ ခြောက်လ (သို့မဟုတ်) ထို့ထက်ပို၍ကြာမြင့်စွာ ပိတ်မိနေခဲ့ကြောင်း ပြောကြားခဲ့သည်။ သူ၏အဖွဲ့အစည်းသည် လူကုန်ကူးမှု (TPPO) တိုင်ကြားစာများကို လတိုင်းလိုလို လက်ခံရရှိကြောင်း အနစ် ကပြောခဲ့သည်။ မြန်မာနိုင်ငံတွင် လူကု-န်ကူးခံရသူများ (TPPO) များအကြောင်း သတင်းသာမက အင်ဒိုနီးရှားနိုင်ငံသားအချို့သည် အီရတ်နှင့် ကမ္ဘောဒီးယားတို့တွင် လူကုန်ကူးခံရသူ (TPPO) သားကောင်များဖြစ်လာကြသည်။
(Komnas HAM) ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၎င်းတို့သည် လူကု-န်ကူးခံရမှု (TPPO) တိုင်ကြားစာ ၉၂ ခုကို လက်ခံရရှိခဲ့ပါကြောင်း၊ တိုင်ကြားစာ တိုင်းသည် သားကောင်တစ်ဦးကို ကိုယ်စားမပြုပါကြောင်း၊ (SBMI) မက တင်ပြခဲ့သည့် တိုင်ကြားချက်တစ်ခုတွင် လူကု-န်ကူးခံရသူ (TPPO) သားကောင် ၄၃ ဦးထိရှိခဲ့ကြောင်းဖော်ပြထားသည်။
အနစ် ၏ အဆိုအရ လူကု-န်ကူးမှုများသည် တရားမဝင် လမ်းကြောင်းများကို ဆက်လက်အသုံးပြုနေသော်လည်း ယခုအခါ လူကု-န်ကူးသော (TPPO) ကိစ္စရပ်များသည် လူဝင်မှုကြီးကြပ်ရေး တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ဖြတ်သန်းသွားလာလျက်ရှိသည်။ လူဝင်မှု ကြီးကြပ်ရေး လမ်းကြောင်းများမှတစ်ဆင့် ဒုက္ခသည်များ စိမ့်ဝင်မှုမှာ အစိုးရ အရာရှိများ၏ ပါဝင် ပတ်သက်နေမှုကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ရည်ရွယ်ချက်ရှိတာကြောင့် ဒီလုပ်ရပ်တွေမှာ ပြည်နယ်အရာရှိတွေ ပါဝင် ပတ်သက်နေပါတယ်” ဟု ဇန်နဝါရီ ၇ ရက်၊ ၂၀၂၅ ခုနှစ် Tempo မီဒီယာနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
Ref: တန်ပို