Wednesday, April 30, 2025

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ...

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက်...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို...

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉...

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ...
HomeNewsLocal Newsလူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များအပြင်အမျိုးသားဦးရေလည်းမြင့်တက်လာ

လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များအပြင်အမျိုးသားဦးရေလည်းမြင့်တက်လာ

မြန်မာ – ထိုင်း နှစ်နိုင်ငံ ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ခဲ့သည်မှာ (၁၀)နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း နိုင်ငံများအတွင်း အကောင်းဆုံးလုပ်ဆောင်နိုင်မှုပင်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အ တွင်းဝန် Mr. Thanasunthorn Sawangsalee က ယမန် နေ့ကအစည်း အဝေးတွင် ပြောကြားသွားသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၁၄) ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Park Royal Hotel တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးတွင် Mr. Thanasunthorn Sawangsalee က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ယနေ့ နိုင်ငံအသီးသီးမှာ လူကုန်ကူးခံရမှုဖြစ်စဉ်များ မြင့်တက်လာခဲ့ရာ ၇၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြပြီး လူကုန်ကူးခံရသူ အမျိုးသားဦးရေသည်လည်း သိသိသာသာမြင့်တက်လာပါတယ်” ဟုပြည်​ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ရှိကာလအတွင်း မြန်မာအပါအဝင် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသည့် လူကုန်ကူးခံရမှုအ​ခြေအ​နေများအား ထိုအစည်း​ဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း မြန်မာ – ထိုင်းနယ်စပ်၊ တရုတ် – မြန်မာ နယ်စပ်နှင့် ထိုင်း – မြန်မာ- လာအို သုံးနိုင်ငံ နယ် စပ်ရှိ တရားမဝင် လောင်းကစားရုံများ၊ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ၊ လိင်ကျွန် လုပ်ငန်များတွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ အပါအဝင် ဒေသတွင်း နိုင်ငံအချို့မှ အမျိုးသမီး၊ အမျိုးသားများ လူကုန်ကူးခံရခြင်း ၊ အဓမ္မအလုပ်စေခိုင်းခံရခြင်း ၊ တရားမဝင် လိင်ကျွန်ပြုခံရသည့် ဖြစ်စဉ်များ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ် နေပြီး သက်ဆိုင်ရာနိုင်ငံရဲတပ်ဖွဲ့များ၊ စုံစမ်းထောက်လှမ်း ရေးအဖွဲ့များနှင့် ပူးပေါင်း ဖော်ထုတ်ကာ ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များတွင် ထိုင်း – မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ တရုတ်လူမျိုးပိုင် တရားမဝင် လောင်းကစားရုံများတွင် ထိုင်းနိုင်ငံသားများ အပါအဝင် အိန္ဒိယ နိုင်ငံသားများနှင့် ဒေသတွင်းနိုင်ငံအချို့မှ လူငယ်အချို့ ထိုင်းနယ်စပ်မှတဆင့် လူကုန်ကူးခံရသည့်အတွက် ဝင်ရောက်ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များ ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် မကြာခဏဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းပြည်ပ သတင်းအချို့၏ ဖော်ပြချက်များအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် လူကယ်ပြန် ဝန်ကြီးက လူကုန်ကူးခံရသူများ၏ အကျိုးစီးပွားအတွက် လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အနာဂတ်တွင်လည်း နှစ်နိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရန် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr.Thanasunthorn Sawangsalee က လူကုန်ကူးမှုတိုက်ဖျက်ရေးကို  မြန်မာ-ထိုင်း နှစ်နိုင်ငံ သာမက နိုင်ငံပေါင်းစုံမှပါ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်းဆိုသည်။

(၂၇) ကြိမ်မြောက်အဖြစ်ကျင်းပ​သော မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးသို့ မြန်မာဖက်မှ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်(၃၀)ဦး၊ ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီး ဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ Mr. Thanasunthorn Sawangsalee ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ အမတ်တို့အားတွေ့ဆုံ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီးတို့အား သီးခြားစီတွေ့ဆုံခဲ့သည်။ ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့သည် နံနက် ၉ နာရီခွဲက နေပြည်တော်၌ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး၊ မြန်မာနိုင်ငံအစိုးရ၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။ "ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရ ေအာင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူပုဂ္ဂိုလ်(၁၀၀၀)ဦးအား တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီကိုလည်း လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော ရဟန်း၊ ရှင်၊ လူအပေါင်းတို့အားရည်စူး၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071