လုံးခင်းဖားကန့် ရတနာနယ်မြေ မှ တူးဖော်ထုတ်လုပ်ခွင့်ကို ဆက်လက် ပိတ်ထားမည်
နေပြည်တော် စက်တင်ဘာ ၂၇
ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ကျောက်မျက် သယံဇာတများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရန်အတွက် လည်းကောင်း ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်ပြီး လုံးခင်း၊ဖားကန့်အပါအဝင် မော်ဘူး၊မော်ဟန် ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခွင့်ကို (၁-၁၀-၂၀၂၁)မှ (၃၁-၃-၂၀၂၂) အထိ ဆက်လက် တူးဖော်ခွင့်ပိတ်ထားမည်ဟု သိရသည်။
မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်ခွင့်ကို ဆက်လက် ပိတ်ထားကြောင်း ကြေညာ လိုက်ခြင်းဖြစ်ပြီး သက်တမ်းရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အပါအဝင်၊ တပိုင်တနိုင် တူးဖော်နေသူအားလုံးကို ထုတ်လုပ်ခြင်း မပြုရန် ကြေညာ လိုက်ခြင်းဖြစ်သည်။