Wednesday, April 23, 2025

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇...

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊...

စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

ငလျင်ဘေးသင့်ဒေသများတွင် စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများအား (၂)ပတ်စာခန့်သိုလှောင်ထားကြောင်း သိရသည်။ အလားတူ အရောင်းဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများမှာ ကျပ်(၂၀၀)မှ ကျပ်(၃၀၀)ခန့်အထိကျဆင်းလျက်ရှိကြောင်း...

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို...
HomeNewsLocal Newsလုံခြုံရေးအကြောင်းပြချက်ဖြင့် လိုင်စင်/ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရန်...

လုံခြုံရေးအကြောင်းပြချက်ဖြင့် လိုင်စင်/ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရန် စီစဉ်​နေမူအ​ပေါ်အမြင်များ

မြန်မာနိုင်ငံတွင် သာမန်အရပ်သားပြည်သူများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပြည်သူ့စစ်များနှင့်လုံခြုံရေးအဖွဲ့များအား လုံခြုံရေးအတွက် လိုအပ်ပါက သေနတ်ကိုင်ဆောင်ခွင့်ပြုရန် နစကက ဇန်နဝါရီ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလက ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၉/၂ ၀၂၂)၏ သဘောတူ ခွင့်ပြုချက်အရ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံအမှတ်(၁၆) စာအုပ်တို့အား အမိန့်အမှတ် (၅၄/၂၀၂၃)ဖြင့် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ မြန်မာနိုင်ငံတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်ပါက အစိုးရက ခွင့်ပြုထားသည့် သေနတ်များကို လိုင်စင် သို့မဟုတ် ပါမစ် ဖြင့်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံ အမှတ်(၁၆) အရ ကိုင်ဆောင်ခွင့်ပြုမည့် သေနတ်အမျိုးအစားများမှာ ၉ မမ အမျိုးအစား သေနတ်များ၊ (.၂၂) အမျိုးအစား သေနတ်၊ ရိုင်ဖယ်နှင့် စက်ကလေး အမျိုးအစား သေနတ်များ၊ အမဲလိုက်သေနတ်နှင့် လေသေနတ်အမျိုးအစားများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြတ်ချက်အရ သာမန်အရပ်သား ပြည်သူများအနေဖြင့် လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်နိုင်ပြီး ပါမစ်ဖြင့် ကိုင်ဆောင်ရမည့် သေနတ်များကို အစိုးရပိုင်သေနတ်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါ အုပ်စုထဲတွင် ပါဝင်သည့် ရိုင်ဖယ်နှင့် စက်ကလေး အုပ်စုဝင်သေနတ်များကို ဒေသန္တာရလုံခြုံရေးအဖွဲ့များ၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်း(မူရင်းအသုံးအနှုန်းဖြစ်ပါသည်) ပြည်သူ့စစ်အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

လိုင်စင်၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များတွင် အဝေးကြည့်မှန်ပြောင်း(Telescopic Sight)၊အထူးပြုလုပ်ထားသော ချိန်ဆိုဒ်အမျိုးမျိုး(Types of Modified Sights)၊အသံတိတ်စေသောကိရိယာ(Silencer) ကိရိယာများ တပ်ဆင်အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း သိရသည်။

လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်သူများသည် နိုင်ငံတော်၏ လုံခြုံတည်ငြိမ်ရေးကို အနှောင့်အယှက်ပြုနိုင်သူများ၊ ဥပ​ဒေအရ အရေးယူခြင်းခံရဖူးသူများ၊ စိတ်ပေါ့သွပ်သူများ မဖြစ်ရဟုလည်း ကန့်သတ်တားမြစ်ထားသည်။

လိုင်စင်/ ပါမစ်ဖြင့် သေနတ်ကိုင်ဆောင်လိုပါက ပြည်သူ့ဝန်ထမ်း မဟုတ်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာရဲစခန်းတို့မှ (၁) လအတွင်း ရယူထားသည့် ထောက်ခံချက် မူရင်းပါရှိရမည်ဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ထောက်ခံချက်၊ တပ်မတော်သားများဖြစ်ပါက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် တိုင်းပြည်အတွင်း တစ်ဘက်နှင့်တစ်ဘက် စိတ်သဘောထားကွဲလွဲခြင်း၊ ရန်လိုမုန်းထားမှုများ ရှိနေခြင်းနှင့် အငြိုးအတေးများ ဖြစ်ပေါ်နေချိန်တွင် အဆိုပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းမှာ ပဋိပက္ခများ ပိုမိုကြီးထွားလာစေနိုင်သလို ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

”  နိုင်ငံတကာမှာလည်း သေနတ်ကိုင်ဆောင်ခွင့်ဆိုတာရှိပါတယ်၊ရောင်းဝယ်ခွင့် ၊ရောင်းချခွင့်လည်း ရှိတယ်။ ဒါပေမဲ့ အခြေအနေတွေက မတူဘူးလေ။ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာတောင် ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ၊အကြမ်းဖက်မှုတွေ၊ ဓားပြမှုတွေ၊ အနုကြမ်းစီးတာတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာကိုကြည့်ပါ” ဟု အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့တွင် နေထိုင်နေပြီး လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားတစ်ဦး( အမေရိကန်နိုင်ငံသား ခံယူထားသူ)က သုံးသပ်ပြသည်။   

“ပုဂ္ဂလိကတစ်ဦးချင်းကိုင်တာထက်စာရင် လုံခြုံရေးနဲ့ဆိုင်တဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေက တရား၀င်လက်နက်ကိုင်ဆောင်ခွင့်ရသွားရင် ဘဏ်တွေ စက်ရုံတွေလုံခြုံရေးယူတဲ့အခါ အချိုးအစားတစ်ခုက လက်နက်နဲ့စောင့်ရှောက်ခွင့် ရသွားနိုင်တာကြောင့် ဘဏ်ဓားပြတိုက်ခံရတာမျိုးတွေ လျော့ပါးလာနိုင်ပါတယ်။လုံခြုံရေးခြိမ်းခြောက်ခံနေရတဲ့နေရာတွေအတွက် balance ဖြစ်သွားနိုင်တာ​ပေါ့”ဟု လုံခြုံ​ရေးကုမ္မဏီတခုက​ပြောသည်။

“လက်နက်ကိုင်ပြီး ကျင့်၀တ်နားမလည်တဲ့သူလက်ထဲရောက်သွားရင်တော့ အန္တရယ်ဖြစ်နိုင်လို့ လက်နက်ကျွမ်းကျင်မှုသင်တန်း၊ ကိုင်ဆောင်သူကျင့်၀တ်တွေကို လေ့ကျင့်ပြီးမှ လက်နက်ကိုင်သင့်ပါတယ်”ဟု အငြိမ်းစားတပ်မ​တော်သားတစ်ဦးက အကြံပြုသည်။

ဇန်နဝါရီ (၃၁) ရက် က ထုတ်ပြန်လိုက်သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်နှင့် လက်နက်လိုင်စင်ပုံစံအမှတ် (၁၆) စာအုပ်အပြည့်အစုံကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ယခု အမိန့်နှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျှော်သော သဘောထားများကို လွတ်လပ်စွာ မှတ်ချက်ပေးကြရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် တန်းတူညီမျှသည့် ညှိနှိုင်းဆွေးနွေးခြင်းမျိုးကိုမလုပ်ပါက မိမိတို့သွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။ ဆက်လက်၍လည်း တေရန်အနေဖြင့် ပဋိပက္ခကို ရှာနေခြင်းမဟုတ်ဘဲ အကျပ်ကိုင်မှုများကို တွန်းလှန်လိုခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဘယ်သူနဲ့မှလဲ ထိပ်တိုက်မတွေ့ချင်ပါဘူး၊ဒီလိုပြောပေမဲ့ ဖိအားပေးတာ၊ ဒါမှမဟုတ်အနိုင်ကျင့်တာမျိုး‌တွေကိုတော့လည်း ငြိမ်ခံနေမှာမဟုတ်ပါဘူး” ဟု သူက ဆိုသည်။ ကန်သမ္မတကမူ အီရန်နှင့်ပထမအကြိမ်ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရှိသည်ဟုပြောကြားခဲ့ပြီး နောက်တစ်ဆင့်အတွက်မှာမူ အချိန်အနည်းငယ်လိုနေသေးသည်ဟုဆိုခဲ့သကဲ့သို့ အီရန်ဘက်ကလဲ ၎င်းတို့အနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း(မြောက်ပိုင်း)တို့တွင် ဧပြီ လ၏ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ(အနည်းငယ်)မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့အတွင်းရှိ ဒေသအချို့တွင်လည်း ဧပြီလ၏ ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ (သိသိသာသာ)တိုးမြင့်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။ ထို့ကြောင့်...

စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

ငလျင်ဘေးသင့်ဒေသများတွင် စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများအား (၂)ပတ်စာခန့်သိုလှောင်ထားကြောင်း သိရသည်။ အလားတူ အရောင်းဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများမှာ ကျပ်(၂၀၀)မှ ကျပ်(၃၀၀)ခန့်အထိကျဆင်းလျက်ရှိကြောင်း သိရသည်။ မန္တလေးငလျင်ကြီးဖြစ်ပွါးပြီးနောက် ပျက်စီးချို့ယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့အား အမြန်ပြန်လည်ပြင်ဆင်ပြီး စက်သုံးဆီများကိုဖြန့်ဖြူးရောင်းချနိုင်ရေးဆောင်ရွက်ခြင်း၊ ပြည်ပမှစက်သုံးဆီတင်သင်္ဘောများအဆက်မပြတ်ဝင်ရောက်ခြင်းတို့ကြောင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ခဲ့သည်ဟုဆိုသည်။ ထို့ပြင် ငလျင်ဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရောင်းဆိုင်များမှ တိုက်ရိုက်နှင့်နေရာအရောက်လုံလောက်စွာဖြန့်ဖြူးရောင်းချပေးခြင်း၊ ပရဟိတအသင်းအဖွဲ့ များသို့ စက်သုံးဆီလှူဒါန်းခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အများပြည်သူ၏ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာလုပ်ငန်းရှင်တို့၏ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပုံမှန်အခြေအနေအတိုင်းဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071