Wednesday, January 22, 2025

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...
HomeNewsLocal Newsလုပ်ငန်းရှင်များအနေဖြင့် Online Trading...

လုပ်ငန်းရှင်များအနေဖြင့် Online Trading အစီအစဉ်တွင် ညှိနှိုင်းဆုံးဖြတ်ထားသော ငွေလဲလှယ်နှုန်းဖြင့်သာ‌ရောင်းဝယ်ရမည်

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Online Trading အစီအစဉ်တွင် ညှိနှိုင်းဆုံးဖြတ်ထားသော ငွေလဲလှယ်နှုန်းဖြင့်သာ‌ ရောင်းဝယ်ရမည်ဖြစ်ပြီးရောင်းဝယ်ခြင်းမရှိသော လုပ်ငန်းရှင်များကိုလည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကိုပိတ်သိမ်းသွားရန် ဗဟိုဘဏ်မှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို အသိပေးရန် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များသည် နိုင်ငံခြားငွေ ဈေးကွက်အတွင်း ဘဏ်နှင့် Customer များအကြား အရောင်းအဝယ် ပြုလုပ်ရာတွင်လည်းကောင်း၊ Customer အချင်းချင်း အရောင်းအဝယ်ပြုလုပ်ရာတွင်လည်းကောင်း ၂၀၂၃ခုနှစ် ဇွန်လ (၂၂)ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဦးဆောင်၍ Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။

ထိုသို့ Online Trading ပြုလုပ်ရာတွင် ဗဟိုဘဏ်သည် သတ်မှတ်ချက်များဖြင့် စိစစ်ပြီး အရောင်းအဝယ်ပြုရမည့် ကုမ္ပဏီများ၊ ပမာဏ၊ ငွေလဲလှယ်နှုန်း အစရှိသည်တို့ကို AD လိုင်စင်ရ ဘဏ်များနှင့် ညှိနှိုင်းဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အရောင်းအဝယ်ပြုလုပ်ခွင့်ရှိသည့်အခြေအနေများမှာ
(၁) အရေးကြီးကုန်စည်များနှင့် Payment Due Date ပြည့်ပြီး transaction များကိုသာ ဝယ်ယူခွင့်ပြုမည်၊
(၂) ကုမ္ပဏီတစ်ခုသည် ဘဏ်တစ်ဘဏ်ထက်ပို၍ ဝယ်ယူလိုပါက Import License နှင့် ID မတူသည့် Payment Due ပြည့်ပြီးဖြစ်သော transaction များကို တင်ပြထားသည့် ဘဏ်၌ ဝယ်ယူခွင့်ပြုမည်
(၃) ကုမ္ပဏီတစ်ခုသည် transaction တစ်ကြောင်းအတွက် ဝယ်ယူလိုသည့်ပမာဏများပြားပါက သင့်လျှော်သည့် ပမာဏကိုသာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း
(၄) ကုမ္ပဏီတစ်ခုသည် နိုင်ငံခြား ငွေဝယ်ယူလိုကြောင်း နေ့စဉ်တင်ပြနေစေကာမူ ရောင်းချနိုင်သည့် ပမာဏအပေါ်သာမူတည်၍သာ ဝယ်ယူခွင့်ပြုမည်ဟု သတ်မှတ်ထားသည်။

ယင်းအပြင်အရောင်းအဝယ်ပြုလုပ်ခွင့်မရှိသည့်အခြေအနေများမှာ
(၁) သွင်းကုန်လိုင်စင် ခွင့်ပြုသည့်ရက်စွဲသည် ID ရက်စွဲထက်နောက်ကျနေခြင်း၊
(၂) လိုင်စင်ကုန်စည်ဖြစ်စေ ၊ Non License ကုန်စည်ဖြစ်စေ ID သက်တမ်း  (၆) လထက်ကျော်နေခြင်း၊
(၃) တူညီသည့် သွင်းကုန်လိုင်စင် နှင့် ID များအားထပ်မံတင်ပြလာခြင်း၊
(၄) သွင်းကုန်လိုင်စင်သည် ၂၀၂၂ ခုနှစ်အတွင်း ခွင့်ပြုချက်ရထားခြင်း (သို့) သက်တမ်း တိုးထားခြင်း၊ (၅) သီလဝါအထူးစီးပွားရေးဇုန်ရှိ ကင်းလွတ်ဇုန် (Free Zone) တွင်လုပ်ငန်းဆောင်ရွက်နေခြင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စိစစ်မည့်အချက်များမှာ
(၁) သွင်းကုန်အတွက် Advanced Payment TT ဖြင့် ငွေပေးချေလိုပါက မဖြစ်မနေပေးချေရန် လိုအပ်မှုရှိ/မရှိ စိစစ်ခြင်းနှင့် Case by Case တင်ပြခွင့်ပြုချက်ရယူရန် လိုအပ်ခြင်း၊
(၂) ID သည် License ရပြီး (၃) လအတွင်းဖြစ်/မဖြစ်နှင့် (၃) လထက်ပိုပါက License သက်တမ်း တိုးထားခြင်းရှိ/မရှိ စိစစ်ခြင်း၊
(၃) Non-License ကုန်စည်များ၏ transaction များအတွက်နိုင်ငံခြားငွေ ဝယ်ယူလိုပါက စီး/ကူးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် HS Code များဖြင့် စိစစ်ခြင်း (၄) ချေးငွေအတိုးပြန်လည်ပေးဆပ်ရန်အတွက်ဖြစ်ပါက ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် Repayment Schedule ဖြင့် စိစစ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် AD လိုင်စင်ရဘဏ်များသည်  အထက်ဖော်ပြပါ သတ်မှတ်ချက်များဖြင့် ကိုက်ညီရန် စိစစ်ပြီးဖြစ်သည့် transaction များအတွက် ယင်းနှင့်သက်ဆိုင်သည့် အထောက်အထားများကို သေချာစွာ တောင်းခံစိစစ်ပြီးမှ Online Trading Platform သို့ တင်ပြရမည်ဖြစ်ကာ Online Trading အစီအစဉ်တွင် ညှိနှိုင်းထားသည့် ငွေလဲလှယ်နှုန်းဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက AD လိုင်စင်ရဘဏ်များကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071