ထိုင်းနိုင်ငံ၊ဖက်လံဆောင်နယ်မြေရှိ ဂတ်စ်အိုးစက်ရုံ၏ လုပ်ငန်းခွင်အတွင်း၌ထိခိုက်မိခဲ့သည့် မြန်မာနိုင်ငံသား မောင်ချစ်ကိုသည် နစ်နာကြေးအဖြစ် ဘတ် ၃ သိန်းကျော်ရရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ သိရသည်။
မောင်ချစ်ကိုသည် ၂၀၁၉ ခုနှစ်က ဂတ်စ်အိုးစက်ရုံ၌ အလုပ်လုပ်ကိုင်နေစဥ် လုပ် ငန်းခွင်အတွင်း စက်ထဲသို့လက်သုံးချောင်းပါသွားကာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
၄င်းအတွက် နစ်နာကြေးရရှိရန် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များက ကူညီခဲ့ကြသော်လည်း နစ်နာကြေးရရှိခဲ့ခြင်းမရှိသဖြင့် AAC မဟာမိတ်အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် AAC မဟာမိတ်အဖွဲ့မှ မောင်ချစ်ကို၏ နစ်နာကြေးရရှိရန် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၁၂၇၄၇ အားရရှိခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အတွင်း၌ထိခိုက်မိ၍ လက်ချောင်းများပျက်စီးဆုံးရှုံးခဲ့ရသူ ၁၀ ဦးခန့်ရှိနေသေးသည်ဟု AAC မဟာမိတ်အဖွဲ့မှ သိရသည်။
