Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesလုပ်ကြပြန်ပြီ 'အလေးပြုပါသည်'

လုပ်ကြပြန်ပြီ ‘အလေးပြုပါသည်’

 

 

de

ဂီ တစာဆို ရန်နိုင်ဆွေ ရေးသားခဲ့သော တေးသီချင်းများစွာထဲမှ အာဇာ နည်နေ့ အထိမ်းအမှတ် တေးတစ်ပုဒ် ဖြစ်သည့် ‘အလေးပြု ပါသည်’ တေးသီချင်း အတွက် ကျန်ရစ်သူ မိသားစုဝင် များ သောကမီး၊ ဒေါသမီး လောင်ကျွမ်းခဲ့ကြရ ပါသည်။ အကြောင်းမှာ ‘အလေးပြုပါ သည်’ တေးသီချင်းကို ပွဲကြိုက်ခင်ကြည်သာသည် တေးရေးသူ ဂီတာတင်အုန်း အမည်ဖြင့် 5 Plus Channel မှ ‘သီချင်းမြစ်ဖျား’ ခေါင်းစဉ် ဖြင့် မှားယွင်းစွာ ထုတ်လွှင့်ခဲ့ပါသည်။ စန္ဒရား တင်ဝင်းလှိုင်မှလည်း ‘အလေးပြုပါသည်’ တေးသီချင်းကို ဂီတာတင်အုန်းရေးသားပါ သည်ဟု မည်သည့်အတွက်ကြောင့် ဒိုင်ခံ ငြင်းဆိုသနည်း။ ပို၍ဆိုး သည်ကား နေပြည် တော်မြန်မာ့အသံဓာတ်ပြားတိုက်တွင် ‘အလေး ပြုပါသည်’သီချင်း၏ တေးရေး သူနေရာ တွင်ဂီတာတင်အုန်း အမည်ဖြစ် နေကြောင်း အံ့သြစွာသိရှိရပါသည်။ အချိန်ခါ ကာလ ဒေသပရောဂနှင့် ကိုက်ညီနေ၍ ရည်ရွယ် ချက်ရှိရှိနှင့် မှားတာလား၊ မတော် တဆမှားတာ လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ ‘အလေးပြုပါသည်’ တေး သီချင်း ရေးသား သူမှာဂီတစာဆိုရန်နိုင်ဆွေဖြစ်သည်ကို မြန် မာ နိုင်ငံဂီတအစည်းအရုံးဗဟိုမှအကြီးအကဲ များရှေ့မီနောက်မီ ဂီတ ပညာရှင်များအားလုံး သိရှိထားပြီး ဖြစ်ကြောင်း သိရပါသည်။

ဆရာရန်နိုင်ဆွေ မိသားစုထံတွင်လည်း ‘အလေးပြုပါသည်’ တေးသီချင်း အထောက် အထားရော၊ အခြားတေးသီချင်းနှင့် ပတ်သက် သည့်အထောက်အထားများပါ ခိုင်လုံစွာ ရှိနေ ကြပါသည်။ ဂီတစာဆို ရန်နိုင်ဆွေ သက်ရှိ ထင်ရှားရှိနေချိန်တွင် မည်သည့် တေးသီချင်းမှ ပြဿနာမပေါ်ပေါက်ခဲ့ဘဲ ကွယ်လွန်ပြီးသွားမှ တစ်ပုဒ်ပြီးတစ်ပုဒ် ဖြေရှင်းနေကြရပါသည်။ ‘အလေးပြုပါသည်’ တေးသီချင်း တေးရေး စာဆို၏ အမည်ကို ဆရာမြို့မငြိမ်း၊ ဆရာ ရွှေတိုင်ညွှန့်တို့လို ပုဂ္ဂိုလ်များ နှင့်မှားလျှင် ဖြေသာပါသေးသည်။ သီဆိုသူ အဆိုတော်ကြီး မေလှမြိုင် ၏ သမီး (ယခုသက်ရှိထင်ရှားရှိ)မှ ဤသို့ မှတ်ချက်ပြုပါသည်။ “ဆရာ ရန်နိုင်ဆွေ ကိုယ်တိုင် ‘အလေးပြုပါသည်’ သီချင်းရေးသား ချိန်တွင်ဂီတာတင်အုန်းက အရွယ်ငယ်ငယ် လေးပဲရှိပါသေးတယ်။ ဒီသီချင်းမျိုးလည်း မရေးနိုင်သေးပါဘူး” ဒေါ်မေလှမြိုင်သီဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ဂီတာတင်အုန်းရေးတဲ့ သီချင်းတွေကို သီဆိုခဲ့ဖူးသလား ဆိုရင် သူသိ သလောက်ကတော့ တစ်ခါမျှ မသီဆိုဖူးကြောင်း ပါတဲ့ဗျား။
ဂီတစာဆို ရန်နိုင်ဆွေ အသက် ၇၆နှစ် အရွယ် ၂၇.၆.၉၁ နေ့တွင် ကွယ်လွန်သွားခဲ့ပြီး နောက်ဆုံးအချိန်ထိ ဂီတဦးစီးနာယက အဖွဲ့ ဝင်၊ ကာလပေါ် တေးဂီတ စိစစ်ကြီးကြပ်ရေး အဖွဲ့တာဝန်များကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

သော်တာထွန်း (ပြင်ဦးလွင်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071