သွင်းကုန်အတွက် ငွေလွှဲရန်တင်ပြလာသည့် ကုမ္ပဏီများကို စိစစ်ရာတွင် လိုင်စင်ခွင့်ပြုရက်စွဲနှင့် သင်္ဘောတင်ရက်စွဲ၊ ID ရက်စွဲများကို တိုက်ဆိုင်စစ်ဆေးပြီး လိုင်စင်ခွင့်ပြုပြီးမှသာ Trade ဆောင်ရွက်ရတော့မည် ဖြစ်သည်။
ထို့အပြင် သွင်းကုန်အတွက် ငွေပေးချေရာတွင်လည်း Advanced Payment TT စနစ်ဖြင့် ငွေပေးချေခြင်းကို ခွင့်မပြုဘဲ ထူးခြားသည့် အကြောင်းအရာများရှိ၍ ကြိုတင်ငွေပေးချေရန် လိုအပ်သော သွင်းကုန်များအတွက် Case by Case တင်ပြ၍ ခွင့်ပြုချက်ရယူရန်ဖြစ်သည်။
လိုင်စင်မရမီ တင်သွင်းလာသည့် ပစ္စည်းများအတွက် ငွေလွှဲခြင်းခွင့်ပြုမည်မဟုတ်သည့်အတွက် လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲနှင့် ID ရက်စွဲတွေကို တိုက်ဆိုင်စစ်ဆေးရန်နှင့် လိုင်စင်သက်မှတ်ရက်သည် ID Date ထက် နောက်ကျနေသည့် ကိစ္စရပ်များကို တင်ပြခြင်းမပြုရတော့ဟုကြားသိရသည်။
လိုင်စင်ကုန်စည်ဖြစ်စေ၊ Non-License ကုန်စည်ဖြစ်စေ ID သက်တမ်း ၆ လထက် ကျော်သော ကိစ္စရပ်တွေကို တင်ပြခြင်းမပြုရန်၊ တင်ပြလာသည့် ID သည် လိုင်စင်ရှိပြီး ၃ လအတွင်း ID ဖြစ်၊ မဖြစ် စိစစ်ရန်နှင့် ၃ လထက် ပိုပါက လိုင်စင်သက်တမ်းတိုးထားခြင်းရှိ၊ မရှိ စိစစ်သွားမည်ဖြစ်သည်။