Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsလိုင်စင်မရမီ တင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက်...

လိုင်စင်မရမီ တင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက် ငွေလွှဲခွင့်ရမည်မဟုတ်​တော့

သွင်းကုန်အတွက် ငွေလွှဲရန်တင်ပြလာသည့် ကုမ္ပဏီများကို စိစစ်ရာတွင် လိုင်စင်ခွင့်ပြုရက်စွဲနှင့် သင်္ဘောတင်ရက်စွဲ၊ ID ရက်စွဲများကို တိုက်ဆိုင်စစ်ဆေးပြီး လိုင်စင်ခွင့်ပြုပြီးမှသာ Trade ဆောင်ရွက်ရ​တော့မည် ဖြစ်သည်။

ထို့အပြင် သွင်းကုန်အတွက် ငွေပေးချေရာတွင်လည်း Advanced Payment TT စနစ်ဖြင့် ငွေပေးချေခြင်းကို ခွင့်မပြုဘဲ ထူးခြားသည့် အကြောင်းအရာများရှိ၍  ကြိုတင်ငွေပေးချေရန် လိုအပ်သော သွင်းကုန်များအတွက် Case by Case တင်ပြ၍ ခွင့်ပြုချက်ရယူရန်ဖြစ်သည်။

လိုင်စင်မရမီ တင်သွင်းလာသည့် ပစ္စည်းများအတွက် ငွေလွှဲခြင်းခွင့်ပြုမည်မဟုတ်သည့်အတွက် လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲနှင့် ID ရက်စွဲတွေကို တိုက်ဆိုင်စစ်ဆေးရန်နှင့် လိုင်စင်သက်မှတ်ရက်သည် ID Date ထက် နောက်ကျနေသည့် ကိစ္စရပ်များကို တင်ပြခြင်းမပြုရ​တော့ဟုကြားသိရသည်။

လိုင်စင်ကုန်စည်ဖြစ်စေ၊ Non-License ကုန်စည်ဖြစ်စေ ID သက်တမ်း ၆ လထက် ကျော်သော ကိစ္စရပ်တွေကို တင်ပြခြင်းမပြုရန်၊ တင်ပြလာသည့် ID သည် လိုင်စင်ရှိပြီး ၃ လအတွင်း ID ဖြစ်၊ မဖြစ် စိစစ်ရန်နှင့် ၃ လထက် ပိုပါက လိုင်စင်သက်တမ်းတိုးထားခြင်းရှိ၊ မရှိ စိစစ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071