ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး – သန္နီသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ သြဂုတ် (၁၈) ရက် နံနက် (၁၁) နာရီခန့်က အိမ်စီးကားနှင့် Hijet ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။
“ပြည်ထောင်စုလမ်းမကြီးရဲ့ နမ့်တွန်းရွာနားက (၁၆)မိုင် ဂွေ့အဆင်းမှာဖြစ်သွားတာပါ။ Hijet ကားပေါ်မှာက ကြက်ဥကတ်တွေနဲ့ အချိုရည်ကတ်တွေ တင်လာတာ။ ထိခိုက်ဒဏ်ရာရတဲ့လူ (၃) ယောက်က မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်များ ရရှိခဲ့ကြသည့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦးကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-လားရှိုးလူငယ်များ