Friday, January 17, 2025

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး...

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်လိဂ်ကော်မတီထံမှ သိရသည်။ ပြိုင်ပွဲကို...
HomeNewsLocal Newsလားရှိုးမြို့ရှောင်လမ်းတွင် ဘောက်ဆာကားနှင့် Hijet...

လားရှိုးမြို့ရှောင်လမ်းတွင် ဘောက်ဆာကားနှင့် Hijet ကားတိုက်မိကာ အမျိုးသား (၄) ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်းတွင် ဘောက်ဆာကားနှင့် Hijet ကားတို့ ယနေ့ ဇွန် (၁) ရက် နံနက်ပိုင်းက တိုက်မိခဲ့ပြီး အမျိုးသား(၄) ဦးထိခိုက်ဒဏ်ရာရှိမှုဖြစ်ပွားကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နံနက် (၁၀) နာရီခွဲကျော်ခန့်က လားရှိုးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၁၁/၁ တွင် ဘောက်ဆာကားနှင့် Hijet ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဖုန်းသတင်းရလို့ အခင်းဖြစ်တဲ့ နေရာကို ရောက်ပြီးကူညီပေးခဲ့ပါတယ်။ ကား (၂) စီးလုံးက တိုက်မိပြီး လမ်းဘေးအထိရောက်သွားတယ်။ Hijet ကားခေါင်းပိုင်းက အတော်ပျက်စီးသွားတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် အမျိုးသား (၄) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းနှင့်ကမ်းလင့်လက်ပရဟိတအသင်းတို့မှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ "အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် "ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး (၃)ရုံကို လည်ပတ်နိုင်ရန်လည်း ပြည်ပနိုင်ငံများနှင့် စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြောင်းလည်း သိရသည်။ လက်ရှိတွင် အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)၌ သံရည်ကျို မည့်စက်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂) ရုံရှိနေပြီး ယင်းအနက် အလုပ်ရုံ (၁၉)ရုံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ကပင် စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။ ကျန်ရှိသည့် သံရည်ကျို(၃)ရုံသာ လည်ပတ်နိုင်ပါက...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည် မြင့်မားသောလစာ၊ အစားအစာ၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များ စီစဉ်ပေးမည်ဆိုသော ကတိကဝတ်များဖြင့် တရုတ်နိုင်ငံသားများကို လိမ်ညာလှည့်ဖြားကာ ထိုင်းနိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့ကဲ့သို့ မြို့များရှိ တယ်လီကွန်အလိမ်အညာလုပ်ငန်းများတွင် ၎င်းတို့ကို ပိတ်မိနေစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ စီစီတီဗီက ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားထားသည်။ ဇန်နဝါရီလအစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071