ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လာမည့် ၂၀၂၆ ဇန်နဝါရီလအတွင်း အငြိမ်းစားနိုင်ငံဝန်ထမ်းနှင့် သက်ကြီးဘိုး ဘွား (၃၀) ကျော်အတွက် အခမဲ့ သွားအံကပ်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါ သွားအံကပ်တပ်ဆင်ပေးခြင်း လုပ်ငန်းစဉ်အား ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းသိရသ ည်။
ထို့ကြောင့် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ယခုလ ဒီဇင်ဘာ (၂၂) ရက်မှ ဇန်နဝါရီ (၉) ရက်အထိ နံနက် (၉) နာရီမှစ၍ လားရှိုးပြည်သူ့ဆေးရုံကြီးရှိ သွားဘက်ဆိုင်ရာ ဆေးကုဌာနတွင် အကြိုစစ်ဆေးပေးမည်ဖြစ်သဖြင့် စာရင်းပေးပြသကြပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများအပါအဝင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများကို အခမဲ့ကုသပေးသည့်အပြင် ခွေးရူးပြန်ကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေးရောဂါကာကွယ်ဆေးများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။
