ဗီယန်ကျင်း၊ အောက်တိုဘာ ၆ ရက်
လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉,၃၇၂ ဦးရှိကြောင်း၊ ၎င်းတို့အနက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ဝန်ကြီးဌာန၏ တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ လာအိုမြို့တော် ဗီယင်ကျန်းတွင် ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်သူ အရေအတွက်မှာ ၄,၇၃၈ ဦးရှိပြီး Oudomxay ပြည်နယ်တွင် ၁,၀၃၄ ဦးနှင့် ဗီယင်ကျန်း ပြည်နယ်တွင် ၆၉၃ ဦးရှိကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးကြောင့် ေ-သဆုံးသူသည် ဗီယန်ကျင်းမှ ဖြစ်ကြောင်း သိရသည်။
လာအိုအစိုးရသည် ကြီးကြီးမားမား ရောဂါကူးစက် ပြန့်ပွားဖြစ်ပွားမှုမှ ကာကွယ်ရန် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်စီမံခန့်ခွဲမှုကို တိုးမြှင့်လုပ်ဆောင်ရန် တစ်နိုင်ငံလုံးရှိ ကျန်းမာရေးအရာရှိများနှင့် ဆရာဝန်များအား တိုက်တွန်းထားသည်။
လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန် မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားမှုကို ကာကွယ်ရန်နှင့် ကူးစက်နိုင်ခြေကို လျှော့ချရာတွင် ပြည်သူများသည်ဆက်လက်၍ သတိရှိရှိနေထိုင်ရန် တိုက်တွန်းထားကြောင်း လည်း သိရှိရပါသည်။
(ရှင်းဟွာ)
