စဥ့်အင်ယာယီတံတားအနီး လမ်းများအား ကြိုတင်ပြင်ဆင်သင့်ဟု ဆို
နိုင်ငံတစ်ဝန်း ယခုလ မေ(၃)ရက်မှ မေ(၅)ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း သတိပေးချက်များထွက်ပေါ် လာခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့်
စဉ့်အင်တံတားအနီးရှိ လမ်းပိုင်းများကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဒေသခံများနှင့် ဒေသတွင်း ယာဉ်မောင်းအချို့က ပြောကြားသည်။
အဆိုပါ စဉ်အင်တံတားသို့ သွားရသည့် လမ်းမှာ မြေသားလ မ်းဖြစ်သည့်အတွက် မိုးရွာသွန်းပါက လမ်းများချော်ကာ ယာဉ်များ ပိတ်ဆို့မှုဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဆိုသည်။
ပြီးခဲ့သော ဧပြီ(၂၄)ရက် မွန်းလွဲပိုင်းက အချိန်အခါ မဟုတ် မိုးရွားသွန်းမှုဖြစ်စဥ်ကြောင့် စဉ့်အင်တံတားသို့အသွား လမ်းပေါ်တွင် ကားများလမ်းချော်၍ ပိတ်ဆို့မှုများဖြစ်ပွားခဲ့ရသေးသည်။
“မိုးများရင်မြေနီလမ်းနဲ့ မိုးရေကြောင့် ဗွက်ထပြီး ကားတွေအခက်အခဲရှိနိုင်တာမို့ သီပေါဘက်ခြမ်းက နေရာလေးကိုဗြုန်းခင်းပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်လို့အကြံပြုလိုတာပါ။ သက်ဆိုင်သူတွေကိုပေါ့။ ဒီလမ်းပိုင်းကမြေသားလ မ်းဆိုတော့ မိုးရွာတာနဲ့ကို ဖုန်ကနေ ဗွက်ပေါက်ပြီး ကားတွေလမ်းချော်တယ်။ နောက်ပြီး မိုးများရင်ချောင်းရေကလည်း ရေစီးသန်တာကြောင့် တံတားရဲ့ကြံ့ခိုင်ရေးပိုင်းကိုလည်း ပြန်စစ်ဆေးပေးသင့်တယ်။ အန္တရာယ်အရမ်းများတယ်၊”ဟု လားရှိုးမှသီပေါသို့ပြေးဆွဲနေသော ဒေသတွင်း ယာဉ်မော င်းတစ်ဦးက ထောက်ပြသည်။
အလားတူ သီပေါ- ကျောက်မဲ ဆက်သွယ်ထားသည့် ကျင်သီတံတားမှာ လမ်းချော်နိုင်မှု မရှိနိုင်သော်လည်း တံတားကြံ့ခိုင်ရေးပိုင်း အားနည်းသည့်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဒေသခံတစ်ဦးက ထပ်မံပြောကြားသည်။
“ကျင်သီ ယာယီတံတားကတော့ ပျက်ဆီးသွားတဲ့ တံတားနဲ့ကပ်လျက်ရှိတာကြောင့် လမ်းပိုင်းအခြေအနေက ဘာမှမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယာယီတံတား ကြံ့ခိုင်ရေးက အားနည်းတဲ့အခါကျတော့ မိုးရွာလာရင် ကျင်သီချောင်းရေစီးက သန်တာကြောင့် တံတားမျောသွားနိုင်တယ်။ ဒေသတွင်းတောလမ်းတွေက ဖြတ်ရတဲ့ လမ်းပိုင်းတွေမှာ မိုးတွင်းပိုင်းဆိုရင် ဖိုးဝှီးပါတဲ့ ကားတွေလောက်ပဲသွားလို့ ရနိုင်မယ့်အခြေနေရှိတယ်။ ကျန်ကားတွေ သွားဖို့ ခက်ခဲသွားမယ်။ “ဟု ဆိုသ ည်။
အဆိုပါ ကျင်သီချောင်းမှာ နမ့်စောင်းငေါင်းချောင်းနှင့် မိုင်းငေါ့ချောင်းဆုံရာမှဖြစ်ပေါ်လာသည့် ချောင်းတစ်ချောင်းဖြစ်ပြီး ယင်းမှတဆင့် ဒုဌဝတီမြစ်အတွင်းသို့ စီးဝင်သည့် ချော င်းတစ်ခုဖြစ် ကြောင်း သိရသည်။
မိုးရွာသွန်းနိုင်သည့် နေရာများမှာ စစ်ကိုင်းတိုင်းအထက်ပို င်း၊ ကချင်ပြည် နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ရှမ်းပြည်နယ်၊ ချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
လက်ရှိတွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံ တား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံ တားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံ ထားရခြင်းကြောင့် ဒေသတွင်း လမ်းပန်ဆက်သွယ်ရေး ခက်ခဲနေကြရခြင်း ဖြစ်သည်။
ဓာတ်ပုံ-CJ



