(Unicode)
လာမည့်နှစ်ဆန်းပိုင်းတွင် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများ ဆက်လက်ဖွင့်လှစ်မည်
၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ကောလိပ်တို့အား ပြန်လည်ဖွင့်လှစ်ရန်ရှိနေရာ အခြားသောဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များလည်း ပြန်လည်ဖွင့်လှစ်ကြမည်ဖြစ်သည်။
ထိုထဲ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များပါ လာမည့်နှစ်ဆန်းပိုင်းတွင်ပြန်ဖွင့်ရန်ရှိနေသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများ အား ဇန်နဝါရီလထဲဆက်လက်ဖွင့်လှစ်မည်ဟုပြောသည်။
လက်ရှိတွင် ဆေးတက္ကသိုလ်များတွင် ဆေးပညာ ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများကျင်းပလျက်ရှိပြီး၊ ဘွဲ့ကြိုသင်တန်း(နောက်ဆက်တွဲ)သင်တန်း များကိုလည်း ဖွင့်လှစ်ထားသည်ဟု ဝန်ကြီးကပြောသည်။
(Zawgyi)