
”ကျွန်တော်ကလူရွှင်တော်လုပ် ဖို့ဝါသနာမပါခဲ့ဖူးဘူး။ ကျွန်တော်က အရင်တုန်းက လဟာပြင်ထဲမှာ ဈေးရောင်းတယ်။ အဲဒီအချိန်မှာ ဖေဖေတို့ ဇာတ်ထောင်တဲ့အချိန်မှာ လူရွှင်တော်တစ်ယောက်က မရောက်လာဘူး။ အဲဒီ အတွက် မခံချင်လို့ ထပြီးတော့ လူရွှင်တော်လုပ်လိုက်တာ။ ကျွန်တော့်အဖေ ပေါ်မှာ ဒီလိုလုပ်ရမလားပေါ့လေ။ အဲဒီစိတ်နဲ့ လုပ်ရင်းနဲ့ ဝမ်းတွင်းဝါသနာ ပါတာကိုမသိခဲ့ဘူး။ အဲဒီအချိန်ကျမှ ကျွန်တော်ဟာ လူရွှင်တော်ပိုးပါခဲ့တာကို သိခဲ့ရတာပါ” လို့ သူ့ရဲ့ လူရွှင်တော်ဘဝအစကို လူရွှင်တော်ကောင်းစံက ပြော ပါတယ်။
လူရွှင်တော်ကောင်းစံဆိုတာကတော့ လူရွှင်တော်ကြီးဦးမိုးဒီရဲ့ သား လည်းဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူနဲ့အတူ စင်ပေါ်မှာ လူရွှင်တော်အဖြစ် ပြက်လုံးတွေ ပြက်ခဲ့ရင်းနဲ့ အခုအချိန်မှာတော့ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။ သူ့ရဲ့လက်ဦးဆရာတွေကတော့ လူရွှင်တော်ကြီး ဦးစိန်ရိုးနဲ့ အဖေဖြစ်သူ ဦးမိုးဒီပဲဖြစ်တယ်လို့သိရပါတယ်။
”အဖေ့ဆီကပညာတွေယူခဲ့ပေမယ့် အဖေ့ကိုအခုအချိန်အထိ မမီသေးပါ ဘူး။ ခြေဖျားကိုမမီတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မိဘဖြစ်လို့ ကိုယ်ပြော တာမဟုတ်ပါဘူး။ လူရွှင်တော် ပညာရပ်တွေတော်တော် များများမှာ အဖေ့မှာမတူတဲ့ အရည်အချင်းလေးတွေ ကျွန်တော် မြင်ထားတယ်။ ကြည့်ဖူးတယ်။ ဒါပေမဲ့ မရဘူး။ ဦးမိုးဒီကဦးမိုးဒီပါ။ ကောင်းစံက ကောင်းစံ ပါပဲ။ မဆိုင်ဘူး။ မမီပါဘူး အဖေ့ကိုလေ။ ကြိုး တော့ ကြိုးစားနေဆဲပါပဲ” လို့ အဖေ့ရဲ့ ပညာရပ်တွေ အပေါ် ပညာယူနေရတဲ့ အကြောင်းကို ကောင်းစံ ကပြောပြတာပါ။
သူတို့ သားအဖနှစ်ယောက် အနေနဲ့ အသက်ရှင် နေသရွေ့ ကိုယ်လက် လှုပ်ရှားနိုင်နေသရွေ့ ပရိသတ်ရှေ့မှောက် ထွက်နိုင်သရွေ့ ထွက် ပြီးတော့ ပရိသတ် တွေကို ပျော်တော် ဆက်ဦးမှာပါလို့ ပြော ခဲ့ပါတယ်။
လင်းအက္ခရာ
