ရန်ကုန်တိုင်း၊ လသာမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန္ဒာမင်းသည် လသာမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ နေထိုင်ရာ အိမ်များတွင် မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့သည်။
“ကျမ လသာမြို့နယ်ရဲ့ (၁၀) ရပ်ကွက်မှာရှိတဲ့ ပညာရေးဝန်ထမ်းများနေထိုင်ရာအိမ်များကို အိမ်တိုင်ရာရောက်သွားရောက်ကြည့်ရှုပြီး မဲပေးနိုင်ဖို့ နှိုးဆော်ခဲ့ပါတယ်” ဟု ရေးသားထားသည်။
ထိုသို့ မဲဆွယ်ရာ၌ ပညာရေးဝန်ထမ်းများနေသည့် နေအိမ်များကိုကြည့်ပီးစိတ်မကောင်းဖြစ်ရကာ အများကြီးပြုပြင်ဆောင်ရွက်မြှင့်တင်ပေးရန်လိုကြောင်းလည်း သူမက ရေးသားထားသည်။
Photo – Sandar Min Facebook
