လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ယနေ့ ဒီဇင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ရှိ “ဒေါ်ပိုက်မိ”ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအားတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် ဘိုးဘွားများ မကြာမှီကျင်းပမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေး၊ မှတ်ပုံတင်ကတ်ပြား ပျေ-ာက်ဆုံး/ပျ-က်စီးပါက သက်ဆိုင်ရာ မြို့နယ် လဝကရုံးသို့ ပြန်လည်လျှောက်ထားရယူကိုင်ဆောင်နိုင်ရေး၊ ဘိုးဘွားများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပတ်ထုတ်ပေးနိုင်ရေး၊ ဘိုးဘွားများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုတို့ကိုကြည့်ရှုမေးမြန်းပြီး အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ဘိုးဘွားများထံနှင့် ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေး၊ မှတ်ပုံတင်ကတ်ပြား ပျော-က်ဆုံး/ပျ-က်စီးပါက သက်ဆိုင်ရာ လဝကရုံးသို့ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများနှင့် စစ်မှု ထမ်းဟောင်းအဖွဲ့ရုံးအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဝါးခယ်မမြို့၊ မဟာဓမ္မိကာရုံကျောင်းတိုက်တွင် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ လူငယ်လေးများအနက် အသက်ပြည့်မီသူများအား မှတ်ပုံတင်ထုတ်ပေးနိုင်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
