Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeMusicလရိပ်သီချင်းနဲ့ Shwe FM...

လရိပ်သီချင်းနဲ့ Shwe FM ဂီတဆုရရှိ ခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံ

Shwe FM ၈နှစ်ပြည့် အထိမ်း အမှတ်ပွဲမှာ ‘လရိပ်’ သီချင်းနဲ့ ဂီတဆုတစ်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံကို သူရရှိခဲ့တဲ့ ဆုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ “၂ဝ၁၅ခုနှစ်တုန်းကတော့ မျှော်နိုင်သမျှ အခွေထွက်ပြီးပြီးချင်း ၆လ လောက်အကြာမှာတော့ Shwe FM ဆုပေးပွဲလေးနဲ့ သွားတိုက်ဆိုင်ပြီး အွန်လိုင်းကနေ သီချင်းအတောင်းဆို ဆုံးဆုအနေနဲ့ ရခဲ့တယ်။ ပထမဆုံး အခွေလည်းဖြစ်တယ်။ အခွေထွက် တာ ၆လပဲရှိသေးတယ်။ အဲဒီလိုမျိုး ဆုလေးရခဲ့ရတဲ့အတွက် ဝမ်းသာခဲ့ရ ပါတယ်။ အခုဆိုရင်တော့ အခွေ ထွက်တာ ၂နှစ်ကျော်ခဲ့ပြီ။ ၂နှစ် ကျော်အတွင်းမှာ အခုရခဲ့တဲ့ ဆုလေးက ‘လရိပ်’ သီချင်းနဲပေါ့။ တစ်နှစ်တာအတွင်းမှာ တောင်းဆို ခြင်းခံရတဲ့ စိတ်ကြိုက်ခေတ်ပေါ် သီချင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပေါ့။ ကိုယ့်အခွေ လေးက ၂နှစ်တာအတွင်းမှာ တောင်းဆိုပေးတယ်၊ အားပေးတယ်၊ နားထောင်ပေးကြတဲ့အတွက် အများကြီးပဲ ကျေးဇူးတင်ပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

ပွင့်လင်းရာသီရောက်ရှိလာခဲ့ပြီဆိုတော့ ဂီတဖျော်ဖြေပွဲတွေ တောက်လျှောက်သီဆိုဖို့ရှိတယ်ဆိုတဲ့ ဖြိုးပြည့်စုံက အခွေထွက်ဖို့ရှိတွေ လည်းရှိနေပါတယ်။ သူရဲ့ ထွက်ရှိတော့ မယ့်အခွေတွေအကြောင်းကို လည်း မေးဖြစ်တဲ့အခါ “အနီးကပ်ဆုံးကတော့ ဒါ ခဏ ခဏလည်းပြောထားတဲ့ မျှော်နိုင်သမျှ အမ်တီဗီလေးပေါ့။ အဲဒါကတော့  နောက်လကုန်လောက် ထွက်လာ မယ်။ ပရိုမိုးရှင်းလုပ်ဖြစ်မလား၊ မလုပ်ဖြစ်ဘူးလားကတော့ ကျွန်တော်စဉ်းစားနေဆဲပဲ။ အဓိကကတော့ Audio ကိုအား ပေး မယ့် ပရိသတ်တွေအတွက် အ     ကောင်းဆုံး အမှတ်တရဖြစ်စေမယ် ဆိုတဲ့ စိတ်လေးနဲ့ပဲ မျှော်နိုင်သမျှ Music Video လေးကိုထွက်မယ်။ ပြီးတော့ အောင်ထက်နဲ့ ကျွန်တော်နဲ့ တစ်ယောက်တစ်ခြမ်း လုပ်နေတာကလည်း ဖြစ်နိုင်ရင် ဒီနှစ်အကုန်မှာ ထွက်ချင်တယ်။ ဒါပေမဲ့လည်း ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ညီအစ်ကို ၂ယောက် တစ်ယောက်နဲ့ တစ်ယောက်တိုင်တိုင် ပင်ပင် လေးလုပ်ထားတာဖြစ်တဲ့အတွက် ဒီအခွေလေးကိုလည်း အားရပါ တယ်” လို့ သူကပြောပြခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071