ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်ည ၁၀ နာရီခန့်က လမ်းဖြ-တ်ကူးသည့် အမျိုးသား (၂)ဦးအား ကားတစ်စီးမှတို-က်ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ရွာမမှတ်တိုင်အနီးတွင် လမ်းဖြ-တ်ကူးသည့် အမျိုးသား(၂)ဦးကို ကားတစ်စီးမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကားဖြင့်တို-က်ခံရသူ(၂)ဦးတွင် ထိခိုက်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
