Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း...

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန်...

နိုင်ငံကူးလက်မှတ်များ အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါက...

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်ဖြစ်စေ၊ မသမာသူများကဖြစ်စေ ပြင်ဆင်ခြင်း၊ အတုပြုလုပ်ထားခြင်းအား စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပယ်ဖျ-က်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေနှင့်အတူ မျောပါလာသည့် အမှိုက်များ အားရှင်းလင်းရန်...

တာချီလိတ်မြို့တွင် ယနေ့ မေ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါလာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ် (၁)...
HomeNewsLocal Newsလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်တိုင်းရင်းသားဒေသများသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက အနွေးထည်အသစ်...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်တိုင်းရင်းသားဒေသများသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက အနွေးထည်အသစ် နှစ်သောင်းကျော် ပေးပို့လှူဒါန်း

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသားဒေသများဖြစ်သော ချင်းပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဝေဠုကျော်ဖောင်ဒေးရှင်းက ယခုနှစ်အတွက်အနွေးထည်နှင့် အဝတ်အထည်အသစ်စုစုပေါင်း နှစ်သောင်းကျော်ကိုပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းဖောင်ဒေးရှင်းအဖွဲ့တာဝန်ခံ မညိုမီသိန်းက ပေါ်ပြူလားနယူးစ် သို့ ပြောသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းအနေဖြင့် နှစ်စဉ် ဆောင်းရာသီသို့ရောက်ရှိတိုင်း ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများရှိ ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အိုများအတွက် လှူဒါန်းပေးပို့လျက်ရှိသည်ဟု ဆိုသည်။

” ကျွန်မတို့ ရန်ကုန်တိုင်းကလွဲလို့ အခြားဝေးလံတဲ့အရပ်ဒေသက ကလေးငယ်တွေအတွက်ရော သက်ကြီးရွယ်အိုတွေအတွက်ပါ အနွေးထည်အသစ် အဝတ်အစားအသစ်တွေကိုပေးပို့လှူဒါန်းတာရှိသလို ကိုယ်တိုင်လည်းသွားလှူပေးတာမျိူတွေရှိပါတယ်။ ဒီနှစ်ဆို ချင်းပြည်နယ်က ပလက်ဝ အရှိုချင်းလူမျိုးနဲ့ တစ်ဖက်မှာ ဆလုံလူမျိုးစုတွေအတွက်ပါ လှူဒါန်းပေးနေတာပါ။ ပြော
ရရင်တော့ ရခိုင်၊ ချင်း၊ ကရင်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အစုံကို လှူဒါန်ပေးနေပါတယ်”ဟု ဒေါ်ညိုမီသိန်းကဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ချင်းပြည်နယ်တောင်ပိုင်း၊ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ ရွာများသို့ ဒုတိယအကြိမ် အနွေးထည်နှင့် အဝတ်အထည်အသစ် (၁၁၂၀) ထည်ကိုလည်း ‌ဒေသခံပရဟိတအဖွဲ့တစ်ခုမှတဆင့် ပေးပို့‌လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းဒေသသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်လျက်ရှိပြီး တိုက်ပွဲဒဏ်ခံရသော မြို့ရွာများဖြစ်သည့်အတွက် တိုက်ပွဲရှောင်စခန်းများလည်းရှိကြောင်း ဆိုသည်။

ထို့အပြင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း၌လည်း ချင်းပြည်နယ် ၊မင်းတပ်မြို့ ၊ ကျေးရွာများသို့လည်းကောင်း၊ ကရင်ပြည်နယ် ၊လိပ်သိုမြို့ရှိ တောင်ပေါ်ရွာအချို့အား လည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြကြောင်း ယင်းဖောင်ဒေးရှင်ထံမှ သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွက် အနွေးထည်ပေါင်း ၃၀၀၀၊ ကချင်ပြည်နယ် ၁၁၀၀ ၊စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ) ၃၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး (ကလေး) ၁၇၀၀၊ မကွေးတိုင်းဒေသကြီး ၂၀၀၀၊ ချင်းပြည်နယ် ၁၄၀၀ ၊ရခိုင် ပြည်နယ်၂၀၀၀၊ ကရင်ပြည်နယ် ၁၅၀၀နှင့် ရှမ်းပြည်နယ် ၁၅၀၀ တို့ကိုပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီတလီသံရုံးနှင့် AWBA Group တို့ ပူးပေါင်းဆောင်ရွက်သော ပညာသင်ဆုအတွက် လျှောက်လွှာများခေါ်ယူ

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ Myanma Awba Group နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Awba Group အနေဖြင့် 2025-2026 ပညာသင်နှစ်တွင် အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့မှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဘာသာရပ်များတွင် ဘွဲ့ သို့မဟုတ် မဟာဘွဲ့ ပညာသင်ဆုအတွက် ပညာသင်နှစ် (၄) ခု ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင်...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း" (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ မေ (၃၀) ရက်နှင့် (၃၁) ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ သုံးသပ်ဆွေးနွေးပွဲတွင် "မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ"၊ "စီးပွားရေး ပြန်လည်ထူထောင်ရာတွင်...

နိုင်ငံကူးလက်မှတ်များ အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါက ချက်ချင်းပယ်ဖျ-က်ခံရမည်

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်ဖြစ်စေ၊ မသမာသူများကဖြစ်စေ ပြင်ဆင်ခြင်း၊ အတုပြုလုပ်ထားခြင်းအား စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပယ်ဖျ-က်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။ လက်ရှိ အချိန်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနိုင်ငံ အာဏာပိုင်များပူးပေါင်း၍ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်း၊ ပြင်ဆင်ထားခြင်းတို့အား နည်းပညာမြင့် စက်များဖြင့် စိစစ်လျက်ရှိလျက်ရှိပြီး ပျေ-ာက်ဆုံးခဲ့ပါက ပြည်ထဲရေးဝန်ကြီး ဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ်ပြန်ထုတ်ပေးနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင်ပြုလုပ်ခြင်း၊ စာမျက်နှာများအား စု-တ်ဖြဲခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071