ကျွန်တော်သည် ရုပ်ရှင်ကို မြတ်နိုးသလို၊ ဂီတကိုလည်း ချစ်ပါသည်။ စာပေ ကိုလည်း လေးစားပါ၏။ ကျွန်တော့်အား ခု အသက်အရွယ် အထိ စင်မြင့်ပေါ် ကနေ သီချင်းဆိုဖို့ရန် တစ်စုံ တစ်ယောက်သော သူက ဖိတ်မန္တက ပြုခဲ့သည် ရှိသော် ကျွန်တော်သည် မငြင်းဆန်ဘဲ လိုက်လိုက် လျောလျော သွားရောက် သီဆို ဖျော်ဖြေ ပေးလေ့ ရှိသည်။ တေးသံရှင်ဖိုးဆိုရှင် ခင်မောင်ညွန့် ကဲ့သို့ ကျွန်တော့်အား လည်း ဖိုးဆိုချင် ထွန်းထွန်းဝင်းဟု အမည်နာမ မှည့်ခေါ်မယ် ဆိုရင်လည်း ရသေးသည်။ တစ်ညမှာ ကျွန်တော် ဆီသို့ ဖုန်းခေူ တစ်ခုဝင် လာသည်။ ဒီညဖျော်ဖြေ ရေးပွဲတော်တစ်ခုမှာ သီချင်းဆိုပေး နိုင်မလားပေါ့။ ဖုန်းဆက်သူ ကလည်း ရင်းနှီးသော သူငယ်ချင်း မိတ်ဆွေ တစ်ဦး ဖြစ်နေတာကြောင့် ကျွန်တော် မဆိုင်း မ တွပဲ လာဆိုပေးပါမည်ဟု ကတိ ပေး လိုက်၏။ စတိတ်ရှိုး စင်မြင့် ထက်ကနေ ကျွန်တော် ပါဝင်ခဲ့သော ရုပ်ရှင် ဇာတ်ကားထဲမှ ရုပ်ရှင်တေး သီချင်း များ သို့တည်းမဟုတ် ကျွန်တော်တို့ ခေတ်အခါက ကျွန်တော့် ရင်ထဲ သို့ ရောက်ခဲ့သော စတီဒီယို တေးသီချင်း များကိုသာ သီဆိုဖျော်ဖြေလေ့ရှိ သည်။ ဒါဆိုရင် သီချင်းသာ ဆိုတယ် ခင်ဗျားမှာ ကိုယ် ပိုင် တေး သီချင်း တွေမရှိ ဘူးလားဟု မေးလျှင် ကျွန်တော့်မှာ ကိုယ်ပိုင်သီချင်း ဆယ်ပုဒ်ကျော် လောက် ရှိပါသည်။ ထိုအချိန်က ကျွန်တော် သီချင်းခွေ ထုတ်မယ် ဆို လျှင် စီးရီးတစ်ခွေ ထုတ်၍ပင် လို့ရပါ သည်။ သို့ပေမယ့် လည်း ရုပ်ရှင် ကင်မရာ ရှေ့မှာ သရုပ်ဆောင် ခြင်း အလုပ်ပေါ် မှာ အာရုံစူးစိုက် မှုတွေ လွန်စွာ များပြားခဲ့တာကြောင့် နောက် ဆုံးမှာ တော့ တေးစီးရီး မသွင်းဖြစ်ပဲ ဝါသနာရှင် အဆင့် လောက်နှင့်သာ ကျွန်တော် တင်းတိမ် ရောင့်ရဲခဲ့ရတော့ သည်။ အမှန် တကယ်ဆို ကျွန်တော် က အဆိုတော် ရုပ်ရှင်မင်းသား တစ်ယောက်သာ ဖြစ်သင့်တာပါ။
ယခုတော့ဖြင့် ကျွန်တော့်သား ချမ်းအေးဝင်း က အဖေ့ခြေရာ မနင်းပဲ ဂီတကို ဝါသနာ ထုံသည့် သား တစ်ယောက် ဖြစ်လာခဲ့သည်။ သူတင်မက သူ့သား ကျွန်တော်၏ မြေးကလေး အံ့ထင်ရှားကလည်း “သေးသေး လေး ပဲလား၊ ကြီးကြီးလား” ဆိုသည့်သီချင်း တစ်ပုဒ်ကို သူ့အဖေ နှင့်သံပြိုင် ဆိုရင်း ငါးနှစ်သား အရွယ် မှာ ပရိသတ်ကြား ရေပန်းစားပြီး နာမည် ရခဲသည်။ ဂီတ အလုပ်ကို ဆက်လုပ် ဖို့ ရာ မြေးကလေးက အသက် ငယ်လွန်း နေ၍ သူ့အဖေ က သူ့သား၏ဂီတ အပေါ် ရူးသွပ်မှုကို ကိုယ်ရှိန်သတ် ပစ်ခဲ့သည်။ မြေးက လေး လူပျိုပေါက် ဖြစ်မည့် အရွယ်မှာ မြေတောင် မြှောက်ပေးဖို့ စိတ်ကူး ဆန္ဒတွေ ရှိပုံရသည်။ ဟိုး တစ်ချိန် တုန်းက မော်လမြိုင်ဘက် မွန်ပြည် နယ်နေ့ ပွဲတော်မှာ ကျွန်တော့် အား ပြဇာတ် ကဖို့ လာငှားရမ်းသည်။ သို့နှင့် ကျွန် တော် လိုက်ပါ သွား၏။ ရှေ့ပိုင်းမှာ success တေး ဂီတဝိုင်း က အဆို ကဏ္ဍဖြင့် ဖျော်ဖြေပြီးလျှင် နောက်ပိုင်းမှာ ရုပ်ရှင် အဖွဲ့က ပြဇာတ်ရှည် တစ်ပုဒ်ဖြင့် ကကြ ရမည် ဖြစ် သည်။ ကျွန်တော် သည် နုပျို ငယ်ရွယ်စဉ်က နာမည်ကြီး မင်းသား တစ်လက်ဖြစ်ပါသည်။ ကိုယ့် အကြောင်း ကိုယ်ဖော်တာ အိုဗာဖြစ် သွားပြီ ထင်ပါရဲ့။ စာဖတ်သူရေ ဆောရီးနော်။ ကျွန်တော့်အား တွေ့ချင်မြင်ချင်လွန်း ၍ လာရောက် အားပေးသည့် ပရိသတ်ကြီးက ထွန်း ထွန်းဝင်း ထွက်မလာသေး ဘူး လား ဟု တစ်မေးထဲ အမေးခံ ရတာ များ လာတော့ ပွဲသွင်းသည့် ကန်ထရိုက် က ထွန်းထွန်းဝင်း ကို ရှေ့ပိုင်း သီချင်းဆို ကဏ္ဍထဲမှာ ပွဲထုတ် ပေးဖို့တောင်း ဆိုလာပါလေရော။ ပရိသတ်တို့၏ ဆန္ဒ ဆိုတော့ ဂီတ အဖွဲ့ ကလည်း မဖြစ် မနေ တစ်ခုခု လုပ်ပေး ရတော့ မှာပေါ့လေ။ သို့နှင့် ဂီတမှူး စောဘွဲ့ မှူး က ကျွန်တော့် အ တွက် တေးသီချင်း တစ်ပုဒ်ကို ချက်ချင်းရေးစပ်ပေးရင်း သည်ည သည်သီချင်း ဆိုပါဟု ကျွန်တော့်အား ဂီတာခေါက်ရင်း သီချင်းတိုက်ပေး သွားခဲ့၏။
သီချင်း နာမည်က “လမ်းထိပ်က အိမ်” တဲ့။ ကျွန်တော် ရုပ်ရှင် မင်းသားဘဝမှာ ပထမဦးဆုံး သီဆို ဖြစ်ခဲ့သော သီချင်းတစ်ပုဒ် ဖြစ်ပါ သည်။ သည် နောက်ပိုင်းတွင် စောဘွဲ့မှူး နှင့် ခင်မင်ရင်းနှီးသွားပြီး သီချင်း ပေါင်း များစွာ ကျွန်တော့်အား ရေးစပ်ပေး ခဲ့၏။ ကြုံတုန်း ပြောပြရဦး မည်။ အဆိုတော် ကိုလွှမ်းမိုး သီဆိုခဲ့ တဲ့ “ကိုပေါ” သီချင်းရဲ့ မူပိုင်ဟာ ကျွန်တော်ပါ။ သီချင်း နာမည်အရင်း က “ပုံပြင်လက်ဆောင်”တဲ့။ ကိုလွှမ်းမိုး စီးရီးအခွေ ထုတ်တော့ ထိုသီချင်းလေး ကို သူ့အခွေ ထဲမှာ ထည့် သုံး ချင် ကြောင်း ပြောတော့ စောဘွဲ့မှူးက ငါထွန်း ထွန်းဝင်းကို ရောင်းထားတာ ကြောင့်သူ့ဆီ သွားခွင့် တောင်းလိုက်ပါ ဆို၍ တစ်နေ့မှာ ကိုလွှမ်းမိုး ကျွန်တော့်အိမ် ရောက်ချလာသည်။ “အစ်ကို အဲဒီ သီချင်းဘွဲ့ကြီး ဆီက ဝယ်ထား တယ်ဆို၊ အဲဒါ ကျွန်တော့် အခွေထဲမှာ ထည့်သုံးချင်လို့ပါ” ဟုဆိုတော့ “ရပါတယ် စိုးစိုးဆိုပါ”
“အစ်ကို အဲသလို ပါးစပ်နဲ့ ခွင့်ပြုရုံနဲ့ မရဘူး၊ အစ်ကို့ အနေနဲ့ ကန့်ကွက်ရန် မရှိကြောင်း စာတစ် ကြောင်း နှစ်ကြောင်းရေးပြီး လက်မှတ် ထိုး ပေးပါ” ဟု ဆိုလာသဖြင့် ကျွန် တော် ကြည်ကြည်ဖြူဖြူပဲ လက်မှတ် ရေးထိုး ခွင့်ပြုပေး လိုက်၏။ ကြည့်စမ်း နာမည်ကျော် တေးသံရှင် လွှမ်းမိုး ဆိုမှာကိုတောင် ကျွန်တော့်ဆီ လာခွင့် တောင်းခိုင်းတာနော်၊ ခွင့်မ တောင်းလဲ ကျွန်တော်က မကန့်ကွက် ပါဘူး။ ဒါပေမယ့် စောဘွဲ့မှူးက ကျွန် တော် အပျော်တမ်း ဆိုတာပဲ ဖြစ်ဖြစ်၊ တစ်လေးတစား နဲ့ သူလုပ် ထားသည့် အလုပ် အပေါ်မှာ သစ္စာ ရှိတာကို ပြောချင်တာပါ။
“ရွှေပြည်တော် မျှော်တိုင်းဝေး” သီချင်းကို ရေးဖွဲ့ပေးသည့် တေးရေး ဆရာက စောဘွဲ့မှူး နဲ့ ပါလာသည့် ကရင်လေး စောဖိုးခွားပါ။ ယခုနာ မည်ကြီးနေသည့် စောဖိုးခွားလား မသိဘူး။ ဟုတ်တယ် ဆိုရင် မဆိုဖြစ် တော့မည့် အတူတူ သူ့သီချင်း သူ့ပြန် ပေးချင်ပါသေးသည်။ တစ်ချိန်မှာ ဘွဲ့ကြီး သမီးများနဲ့ပြန်တွေ့တော့ “ဟဲ့ .. သမီးတို့က သမီးအဖေ ရေးပေး ခဲ့တဲ့ သီချင်းတွေ ဦးဆီမှာရှိ တယ်” လို့ ပြောပြခဲ့သဖြင့် တစ်နေ့မှာ သူ့သားရဲ့ ဂီတအဖွဲ့က ဂီတာနှစ်လုံး ကတ်ဆက် တစ်လုံးနှင့် အိမ်ရောက်ချ လာပြီး သူတို့မကြားဘူး သေးသည့် သီချင်း များကို ကျွန်တော် ပြန်ဆို ပြသည်ကို အသံသွင်းယူသွားခဲ့ကြ သည်။ ထိုသီချင်းတွေထဲမှာ “ဟိုမှာ စွန်ကလေး ထ ကြိုးတန်းလန်းနဲ့ ထ မိုးအမြင့်မှာနေရာယူ ထ လိုချင်ပေမယ့် ကြိုးပြတ်မှသာ ထ ဒို့ကရမှာမို့ ထ ထ ဆိုတဲ့သီချင်းက ကျွန်တော် ပြန်ဆိုခဲ့ ၍ version အသစ်ပြောင်းပြီး လူငယ်တွေ ပြန်ဆိုဖြစ်ခဲ့သည့် သီချင်း လေး တစ်ပုဒ်ပါ။ ဒါတွေကို စာဖွဲ့ပြီး ရေးပြနေ တာဟာ ကျွန်တော် မဏ္ဍပ် တိုင် တက်ချင်လို့ မဟုတ်ပါဘူး။ ဂီတကို ရူးသွပ်ခဲ့သော်လည်း အ ကောင်အထည် မဖော်ဖြစ်ခဲ့သည့် ကျွန်တော့် အကြောင်းလေးကို ပရိသတ်ကို သိစေချင် တာကြောင့်ပါ။ ကဲ ထိပ်စမှာ ရေးခဲ့တဲ့ စတိတ် ရှိုးသွား တဲ့ အကြောင်း လေး ဆက်ပြောရဦး မယ်။ ပွဲစီစဉ်သည့် သူက ကျွန်တော် နှင့် မနက်တိုင်း အင်းယား ကန်ဘောင် ပေါ်မှာ လမ်းအတူ လျှောက်နေကျ သူငယ်ချင်း တစ်ယောက်ပါ။ သူက EMPAROR တီးဝိုင်း၏ မန်နေဂျာ၊ နာမည်က ကိုသန့်စင်တဲ့။ ကျွန်တော် သီချင်း ဆိုတက်မှန်းလည်း သိသည်။ ပွဲကတော့ မင်းဓမ္မလမ်း MCC မှာ ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် မသန်စွမ်း သူများ၏ အနုပညာ ပွဲ တော်မှာပါ။ ဂီတနှင့် ရုပ်ရှင် အနုပညာသမား ခြောက်ယောက် သာ သီဆိုကြမှာပါ။ ဘာဖြစ်လို့လည်း ဆို တော့ ရှေ့ပိုင်း အစီ အစဉ်မှာ သူ့အဖွဲ့ နှင့်သူ သီဆို ဖျော်ဖြေမည့် အဖွဲ့တွေက ရှိနေသေးတယ်လေ။ မသန်စွမ်းသူ များ၏ အနုပညာ ပွဲတော် ကို အားပေး ဂုဏ်ပြု သည့် အနေနှင့် သွားရောက် စုပေါင်း ဖျော်ဖြေခြင်း လည်း ဖြစ်ပါ သည်။ သင်္ကြန်မှာလည်း EMPAROR နှင့် သီချင်း ဆိုဘူးသည့် အတွေ့အကြုံ ကလည်း ရှိတာကြောင့် ဆုံဖြစ်သွား တာပါ။ ထွန်းထွန်းဝင်းတို့ ဆိုမည် ဆိုတော့ လည်း GREAT တီးဝိုင်းနှင့် ကို တက် ဆိုပစ် လိုက်တာ။ ဟိုးတစ် ချိန် စောဘွဲ့မှူးကြီး ရှိခဲ့တုန်းကလည်း ကျွန်တော် LAZY CLUB နှင့် ဆိုခဲ့ဘူး တာပါပဲ။ ဘွဲ့ကြီးရဲ့ သား ချစ်စမ်း မောင် ဂီတမှူးဖြစ်မှ မဆုံဖြစ်တော့ တာ။ တစ်ခါတစ်ရံ လောက် စောဘွဲ့မှူး အလွမ်းပြေ LAZY CLUB နှင့် ဆိုကြည့်စမ်းချင်ပါ ရဲ့။ အတိတ်က အရိပ်ကလေးတွေ ပြန်လည်မြင် ယောင် ခံစားရင်းနှင့် အော် … နှစ်ပေါင်း သုံးဆယ် ကျော်ခဲ့ပြီလေ …။
အကယ်ဒမီ(ထွန်းထွန်းဝင်း)