Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesလမ်းစဉ်ပါတီ အစိုးရခေတ်မှာ -...

လမ်းစဉ်ပါတီ အစိုးရခေတ်မှာ – ၆

Untitled-1

၁၉၈၈ခုနှစ်၊ သြဂုတ်လကုန် ခါနီးတွင် ဒေါ်အောင်ဆန်းစု ကြည်က ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် နိုင်ငံအခြေ အနေနှင့် ပတ်သက်၍ ဟောပြောရာ ပြည်သူအများ စိတ်ဝင်စားစွာ တက် ရောက် နားထောင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း အာရုံပြုမိရာက အာဇာ နည်နေ့အကြောင်း၊ ဗိုလ်ချုပ်အောင် ဆန်းအကြောင်းတို့ကို ဆက်စပ်သတိ ရစရာများ စိတ်အာရုံထဲမှာ ပေါ်လာ သည်တို့ကို အရင်ပြောချင်ပါသည်။ ကျွန်တော်ကလေးဘဝ၊ ရန်ကုန် ရောက်ကတည်းက အာဇာနည်နေ့ ရောက်လျှင် အာဇာနည်ကုန်းသို့ သွားကြည့်သည်။ ဗိုလ်ချုပ်နေအိမ်သို့ သွားကြည့်သည်။ ယခင်အာဇာနည် ဗိမာန်တွင် အစီအရီငြိမ်သက်စွာ လဲလျောင်းနေသော အာဇာနည် ကိုးဦး၏ ဂူဗိမာန်များကို တစ်ဂူပြီး တစ်ဂူ အစဉ်အတိုင်းကြည့်ရင်း၊ ထိုးထားသော စာများကို လိုက်ဖတ် ရင်း ရင်ထဲမှာ ဆို့ဆို့နင့်နင့် ခံစားရ မြဲဖြစ်သည်။ ‘ဘုရင်ခံအမှုဆောင် ကောင်စီ၏ ဒုတိယသဘာပတိ‘ဆို သော ဗိုလ်ချုပ်၏ရာအထူးအခေါ် အဝေါ်ကို မှတ်မိနေသည်။ အလယ် မှာက ဗိုလ်ချုပ်၏ဂူဗိမာန်၊ ဘေး တစ်ဖက်တစ်ချက်မှာ နောက်သို့ အနည်းငယ်ဆုတ်ထားသော ဝန်ကြီး များ၏ ဂူဗိမာန်သုံးလုံးစီ တစ်ဖက်စီ ရံလျက်ရှိသည်။ ဦးအုန်းမောင်နှင့် ကိုထွေး၏ ဂူဗိမာန်နှစ်လုံးကအစွန် နှစ်ဖက်မှာ ဝန်ကြီးများဂူ၏ နောက် သို့ဆုတ်လျက်တည်ရှိသည်။ ထိုအခင်းအကျင်းကို မျက်စိထဲက မထွက်ပါ။

အာဇာနည်ကုန်းတွင် ညဘက် မှာလည်း စည်ကားသည်။ မီးများထိန် လင်းနေပြီး ပရိသတ်စည်ကားသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည် ကြီးများ အကြောင်းမှတ်တမ်း ရုပ်ရှင် များပြသသည်။ ပရိသတ်များပြား သည့်အတွက် လူကွဲသွားလျှင် အသံချဲ့စက်ဖြင့် ကြေညာပေးသည်။ ဘယ်သူက ဘယ်သူ့ကို သခင်မြအုတ် ဂူရှေ့မှာ စောင့်နေပါတယ်။ ဦးအုန်း မောင် အုတ်ဂူရှေ့မှာ စောင့်နေပါ တယ်စသည် ဖြင့် ဂူများကို ရည်ညွှန်း ပြီး ကြေညာပေးလေ့ရှိသည်ကိုလည်း မှတ်မိနေပါသည်။

ဗိုလ်ချုပ်၏နေအိမ်ပြတိုက်မှာ ထင်ပါ၏။ ဗိုလ်ချုပ်၏ ရာထူးဆိုင်း ဘုတ်ကလေးကို ချိတ်ပြထားသည်။ ‘Chairman, Executive Council to the Governor of Burma’ဟူ၍ ရေးထားသည်။ ဗိုလ်ချုပ်အောင်ဆန်းဂူ ဗိမာန်မှစာသားက ထိုအသုံးအနှုန်းအ တိုင်း မြန်မာလိုရေးထားခြင်းဖြစ်သည်။

အာဇာနည်နေ့ နီးတိုင်း အာဇာနည်နေ့သီချင်းအမျိုးမျိုးကို ရေဒီယိုမှ ကြားဆင်ရသည်။ ဒေါ်စိန် ပါတီ၏ ‘လွမ်းမပြေတဲ့ပန်းခွေ‘ သီချင်းမှ ‘ဂျူဘလီဝယ် လွမ်းမပြေ နိုင်ဘဲ ပန်းခွေများနဲ့ အလေးပြုကြ တယ်‘ဆိုသော စာသားကလေးကို ကြားရသောအခါ ဗိုလ်ချုပ်တို့ကျဆုံးစ က လူကြီးများနှင့်အတူ ရန်ကုန်သို့ လာရောက်ပြီး ဂျူဗလီ ဟောမှာ ခင်းကျင်းပြင်ဆင်ထားသော အာဇာ နည်များ၏ ရုပ်ကလာပ်များကို ဂါရဝ ပြုခဲ့ရသည့် ကလေးဘဝကို ပြန် သတိရသည်။ မေလှမြိုင်၊ ကိုမြကြီး၊ တင်တင်မြစသည့် အဆိုတော်များ ၏ တေးသီချင်းများမှသည် ကိုဝင်းဦး ၏ ‘အာဇာနည်နေ့ တမြေ့မြေ့သတိ ရနေ’ဆိုသော သီချင်းအထိ နား ထောင်ရသည်။ ည ၈နာရီ သတင်း အပြီးတွင် “ဗိုလ်ချုပ်အောင် ဆန်း၏ မိန့်ခွန်းများ’ကို နှစ်စဉ်အသံလွှင့် သည့်အတွက် အမြဲနားထောင်ရ သည်။ ‘တက်ထောင် တယ်၊   ကြွားတာ ကြွားတာ၊ဟုတ်လား၊ ခင်ဗျားတိုက် ချင်တိုက်ချင်၊ မတိုက်ချင် မတိုက်ချင် ဝင်တိုက်’ ဆိုသော စကားစဉ်ကလေး တွေကအစ မှတ်မိနေသည်။

ဗိုလ်ချုပ်တို့ကျဆုံးခါစက နိုင်ငံ တော်ဝန်ကြီးချုပ်ဦးနု မိန့်ကြားသော ‘ဗိုလ်ချုပ်ကို မေတ္တာရှိကြတယ်ဆိုရင်’ ဆိုသည့်မိန့်ခွန်းအပါအဝင် ဦးနု၏ မိန့်ခွန်းစုစည်းထားသော’ပြည် ထောင်စုပန်းတိုင်’စာအုပ်ကို ကျွန် တော်တက္ကသိုလ်ဝင်တန်းမှာ သင်ရ သည်။ ထိုမိန့်ခွန်းကို ဦးနု၏ လေယူ လေသိမ်းမျိုးဖြင့် အသံထွက်ပြီး ဖတ်ရင်းအာဇာနည်တစ်ဦးချင်း၏ ဂုဏ်ကိုအလေးအနက် ဆင်ခြင်မိ သည်။ ထိုသို့ဖတ်ရသည်ကို သဘော ကျသည့်အတွက် အကြိမ်ကြိမ် ဖတ် ရင်း စာကျက်ပြီးသားဖြစ်သွားသည်။

‘အာဇာနည်နေ့များနှင့် ဗိုလ် ချုပ်’အကြောင်းဆက်ပြီး အတွေးမျှင် တန်းမိသည်။ ၁၉၆၂ခုနှစ်၊ တော်လှန် ရေးကောင်စီတက်လာပြီး လမ်းစဉ် ပါတီကာလတွင်လည်း ယခင်ကကဲ့ သို့ပင် အာဇာနည်နေ့ကို နိုင်ငံခေါင်း ဆောင်များက အလေးအမြတ်ပြုကြ သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ပြည်ပသို့ ခရီးထွက်သဖြင့် ဗိုလ်မှူး ချုပ်အောင်ကြီးကို တော်လှန်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် တရားဝင် တာ ဝန်လွှဲခဲ့သည်။ အာဇာနည်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ် မှူးချုပ်အောင်ကြီး တက်ရောက်၍ ပန်းခွေချပြီး အလေးပြုသည့်အကြောင်း သတင်းစာများတွင် ကြားရ၊ ဖတ်ရ သည်။ နောက်နှစ်များတွင် ဗိုလ်ချုပ် ကြီး နေဝင်းကိုယ်တိုင် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်၍ ပန်း ခွေချအလေးပြုပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုများ ကို နှုတ်ဆက်ပြောဆိုသည့် သတင်း များလည်း ကြားရဖတ်ရသည်။ နောက်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီး အဆက်ဆက် တက်ရောက်ပြီး ပန်းခွေချ၍ ဂါရဝပြုကြသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ် ချုပ်အောင်ဆန်းအကြောင်း ပြောရာ တွင် ‘ဗိုလ်ချုပ်ကွာ၊ တကယ်ဆိုရင် ဗိုလ်ချုပ်ကြီးဆောင်ဆန်းဖြစ်ရမှာ‘ဟု စိတ်မကောင်းစွာ ပြောဆိုကြောင်း ဖတ်လိုက်ရဖူးသည်။ နှစ်စဉ် အာဇာ နည်နေ့တွင် ဗိုလ်ချုပ်တို့ကျဆုံးသော ၁ဝ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲသံများ တစ်နိုင်ငံလုံး ညံနေသည်။ ကားများ၊ လူများ၊ လမ်းမှာဆုံလျှင် ချက်ချင်း ရပ်နေပြီး ဂါရဝပြုကြသည်။ ရေဒီယို မှလည်း ကြေညာပေးသည်။

ကျွန်တော်က မြန်မာစာဆရာ ဖြစ်သည့်အတွက် မြန်မာစာသင်ကြား ရေးတွင် ဗိုလ်ချုပ်အကြောင်း ရေးသောစာများနှင့် ဗိုလ်ချုပ်ကိုယ် တိုင်ရေးသောစာများကို အလေး အမြတ်ပြဋ္ဌာန်းသင်ကြားသည့် အစဉ် အလာကို နီးနီးကပ်ကပ်တွေ့နေ ရသည်။ မူလတန်းကျောင်းသား များ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာသင်ရသည်။ ‘ဖေဖော်ဝါရီ ၁၃ ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ’ဆိုသော ကဗျာရွတ်ဆိုသံ၊ ‘မြန်မာပြည်သူ့ အချစ်ပန်း၊ ဗိုလ်ချုပ်ဦးအောင်ဆန်း’ ဟူသော ကဗျာရွတ်ဆိုသံများကို ကြားရသည်။ ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ လေးချိုးကြီးများထဲက ‘အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်း တို့ ရွှေလရောင်အဘိုး‘ဟု အဆုံး သတ်သော ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုး ရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင် ဘွဲ့လေးချိုးကြီး၊ ‘အခေါင်မမြန်းရ ခင်က၊ အောင်ပန်းညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော’ဆိုသော အာဇာနည်ဗိမာန်ဘွဲ့လေးချိုးကြီး တို့ကို ကျောင်းများ၊ တက္ကသိုလ်များ မှာ သင်ကြားရသည်။ တက္ကသိုလ် ပထမနှစ် မြန်မာစကားပြေ ရွေးချယ် ချက်မှာ ဆရာမောင်ထင်၏ ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်အင်္ဂါ’ဆို သော ဆောင်းပါးပါသည်။ နောက် လိုက်ငယ်သားများထက် ပို၍ စွန့်လွှတ်ပြီး လျှော့၍အခွင့်အရေး ယူသော ခေါင်းဆောင်ပီသသော ဗိုလ်ချုပ်၏ ဂုဏ်ကို ဖော်ထုတ်ထား သော ဆောင်းပါးဖြစ်သည်။ ဆရာ မောင်ထင်သည် မြဝတီမဂ္ဂဇင်း တွင် ထိုဆောင်းပါးအပါအဝင် ဗိုလ်ချုပ် အကြောင်း ဆောင်းပါးများ ရေးခဲ့ရာ ထိုဆောင်းပါးများကို စုစည်းပြီး ‘ဗမာ့ နိုင်ငံရေး သုခမိန် အမည်ဖြင့် စာအုပ်ထုတ်ထားသည်။ တက္ကသိုလ် တွင် မြန်မာစာမဟာ ဝိဇ္ဇာသင်တန်း သားများ ထိုစာအုပ်ကိုလည်း လေ့ လာရသည်။ ထိုဆောင်းပါးများကို ကျွန်တော်လည်း အကြိမ်ကြိမ် သင် ကြားပို့ချခွင့် ရခဲ့ပါသည်။ ဗိုလ်ချုပ် အကြောင်း ဆက်စပ်နေသည့် အချက်များကို နောက်ခံအဖြစ် ပြောပြပြီး ဆရာမောင်ထင်၏ စကား ပြေအရေးအသားကောင်းပုံကို ဖော် ထုတ်ပြရပါသည်။ ဗိုလ်ချုပ်ကြီး ဝီလျံ ဆလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံသည့်အခန်းကို ဆလင်းက ရေးသားထားရာ ထိုအကြောင်းနှင့် ဆက်စပ်ပြောပြသောအခါ ကျောင်း သားများ ပို၍စိတ်ဝင်စားကြပါ သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားသောစာများကိုလည်း ပြဋ္ဌာန်းစာများတွင် ထည့်သွင်းထား ပါသည်။ ပညာနှင့်ပတ်သက်၍ ဗိုလ် ချုပ်ရေးသားထားသောစာကို ‘ပညာ ဆိုသည်မှာ’ ခေါင်းစဉ်ဖြင့် ထည့်သွင်း ပြဋ္ဌာန်းပါသည်။ ‘ဗိုလ်ချုပ်အောင် ဆန်း၏ ပညာရေးအမြင်‘ဆိုသော ကောက်နုတ်ချက်တစ်ခုလည်း ပြဋ္ဌာန်းထားပါသည်။ ထိုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိများ လည်း မကြာခဏ ထွက်ပါသည်။ ဗိုလ်ချုပ်တို့ကျဆုံးပြီးစက ထွက်လာ သော အမျိုးသားစာအုပ်တိုက်က ထုတ်ဝေသော စုပေါင်း ရေးသား သည့် ‘ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပ တ္တိ‘ကစ၍ ‘ငါတို့ ဗိုလ်ချုပ်ဘာတွေ လုပ်ခဲ့သလဲ’‘အောင်ဆန်း၏ အောင် သန်း၏ အောင်ဆန်း’‘မေ့ပျောက်၍ မရသော အောင်ဆန်း’‘အောင်ဆန်း ဦးတို့ အဖေ’ ‘ဗမာ့နိုင်ငံရေး သုခမိန်’ စသည့်စာအုပ်များဖြစ်သည်။ ဆရာ ဒဂုန်တာရာ၏ ‘အောင်ဆန်း သို့မဟုတ် အရိုင်း‘နှင့် ‘ဦးအောင် ဆန်း၏ နောက်ဆုံးနေ့’ ဆောင်းပါး များကိုအများနှစ်သက်ကြသည်။ ဆရာဇော်ဂျီ ‘ပြောလိုက်ပါဘိဟော ပါဘိ’ ကဗျာကိုလည်း အများနှစ်သက် ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အတွေးဆက်ရင်း ပြုံးစရာ ဖြစ်ရပ်ကလေးတစ်ခုကို လည်း သတိရပါသည်။ တရုတ်မြန်မာ အရေးအခင်းဖြစ်သည့် ကာလတုန်း က တရုတ်လူမျိုးတို့၏ အိမ်များ၊ ပစ္စည်းများကို လိုက်လံဖျက်ဆီးသည့် အဖွဲ့တစ်ဖွဲ့၊ တုတ်တွေဓားတွေနှင့် တစ် လမ်းဝင်တစ်လမ်းထွက်လုပ်နေ စဉ် ကျွန်တော်အပါအဝင် အများ စုမှာ အိမ်တံခါးပိတ်ပြီး ထိတ်ထိတ် လန့်လန့်နေရသည်။ ထိုလူစုက ကြွေးကြော်သံတစ်ခုကိုကြွေးကြော်သည်။ ‘ဗိုလ်ချုပ်ကိုမထိနဲ့ မီးပွင့်သွားမယ်’ ဟူ၍ ဖြစ်သည်။ သုံးလေးကြိမ် ကြွေး ကြော်ပြီးတော့ တစ်ယောက်က ရှင်း လင်းချက်ထုတ်သည်။ ‘ဗိုလ်ချုပ်ဆို တာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာကွ’တဲ့။ ကြားရသူများမှာ ‘ဗိုလ်ချုပ်ချင်းမှားမှာစိုးလို့ ထင်ပါရဲ့’ ဟု ပြောရင်း အထိတ်တလန့်ဖြစ်နေ သည့်ကြားမှပင် ပြုံးရပါသေးသည်။

အစပြန်ကောက်ရလျှင် ဒေါ် အောင်ဆန်းစုကြည်၏ ဟောပြောပွဲ များ ပေါ်လာတော့ ပြည်သူအများ က အားထားကြသည်။ နိုင်ငံကို ကောင်းရာကောင်းကြောင်း ဆောင် ရွက်ပေးမည့်သူအဖြစ် ယုံကြည်မျှော် လင့်ကြသည်။ ‘ဗိုလ်ချုပ်သမီး‘ဟူ သော ဝိသေသတစ်ခုတည်းနှင့်ပင် ပြည်သူလူထုက မေတ္တာထားကြသည်။ ဆရာကြီးတစ်ဦးပြောသည့် စကား ကို အမှတ်ထင်ထင် ဖြစ်နေမိသည်။ “ဒေါ်စုဟာ ဗိုလ်ချုပ်သမီးဆိုတော့ ရိုးရိုးကလေး စဉ်းစားကြည့်ရင် အနည်းဆုံး ဗိုလ်ချုပ်ရဲ့စိတ်ဓာတ် တစ်ဝက်တော့ သူ့မှာရှိမှာပါ။ ဒီစိတ် ဓာတ်နဲ့တင် တိုင်းပြည် ကောင်း အောင် တကယ်လုပ်မယ့်သူဆိုတာ ယုံကြည်တယ်“ဟူ၍ ဖြစ်ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071