Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' Newsလမင်းခ ပုံစံနဲ့ပဲ ရပ်တည်ချင်ပါတယ်...

လမင်းခ ပုံစံနဲ့ပဲ ရပ်တည်ချင်ပါတယ် အငဲ ရဲ့ သမီး လမင်းခ စီးရီးသစ် ထွက်ရှိ

IC အဖွဲ့ရဲ့ရော့်ကာကြီး အငဲရဲ့ သမီးကြီးဖြစ်တဲ့ လမင်းခက သူမရဲ့ တစ်ကိုယ်တော် စီးရီးကို “ကူး..ကူ” လို့ အမည်ပေးထားပြီး အောက်တို ဘာလ ၁၉ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။လမင်းခရဲ့ စီးရီးသစ် မှာတော့ ဖခင်ဖြစ်သူ အငဲအပါအဝင် ရွှေဂျော်ဂျော်၊ ဇဝါ၊ နိုင်းနိုင် စတဲ့ နာမည်ကျော် တေးရေးတွေရဲ့ သီချင်းတွေပါ ဝင်ကြပြီး အငဲ ကိုယ်တိုင်က ၁၂ ပုဒ် ပါမယ့်ဒီစီးရီးမှာ သီချင်း ၆ပုဒ်ရေးပေး ထားတယ်လို့ သိရပါ တယ်။ လမင်းခ ရဲ့စီးရီးထဲမှာတော့  Country,Pop,Rock  ပုံစံတွေ ပါမှာဖြစ်ပြီး လမင်းခ အနေနဲ့ အငဲသမီး ဆိုတာထက် လမင်းခ အနေနဲ့ ပရိသတ် ပိုသတိ ထားမိစေချင်တယ် လို့ ဆိုပါတယ်။

IC အဖွဲ့ရဲ့ရော့်ကာကြီး အငဲရဲ့ သမီးကြီးဖြစ်တဲ့ လမင်းခက သူမရဲ့ တစ်ကိုယ်တော် စီးရီးကို “ကူး..ကူ” လို့ အမည်ပေးထားပြီး အောက်တို ဘာလ ၁၉ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။လမင်းခရဲ့ စီးရီးသစ် မှာတော့ ဖခင်ဖြစ်သူ အငဲအပါအဝင် ရွှေဂျော်ဂျော်၊ ဇဝါ၊ နိုင်းနိုင် စတဲ့ နာမည်ကျော် တေးရေးတွေရဲ့ သီချင်းတွေပါ ဝင်ကြပြီး အငဲ ကိုယ်တိုင်က ၁၂ ပုဒ် ပါမယ့်ဒီစီးရီးမှာ သီချင်း ၆ပုဒ်ရေးပေး ထားတယ်လို့ သိရပါ တယ်။ လမင်းခ ရဲ့စီးရီးထဲမှာတော့  Country,Pop,Rock  ပုံစံတွေ ပါမှာဖြစ်ပြီး လမင်းခ အနေနဲ့ အငဲသမီး ဆိုတာထက် လမင်းခ အနေနဲ့ ပရိသတ် ပိုသတိ ထားမိစေချင်တယ် လို့ ဆိုပါတယ်။

“အဖေ့ကို ချစ်တဲ့စိတ်နဲ့လည်း သမီးကို ချစ်ပေးတဲ့အတွက် ဝမ်းသာ ပါတယ်။ ဒါပေမဲ့ အနုပညာ လောကမှာ ရပ်တည်တဲ့ အခါ အဖေအငဲ သမီးဆိုတာထက် လမင်းခ အနေနဲ့ သမီးပုံစံနဲ့ ရပ်တည်ချင်ပါတယ်။ အဲ့ ဒီအတွက်လည်း ညီမ အများကြီး ကြိုးစားနေပါတယ်” လို့  လမင်းခက ပြောပါတယ်။
လမင်းခက ရော့ခ် သီချင်းတွေကို ပိုနှစ် သက်ပေမယ့် ဒီစီးရီးခွေထဲမှာတော့ သူမအသံနဲ့ လိုက်ဖက်တဲ့ ဂီတ ပုံစံတွေကို ထည့်သွင်းထားတယ် လို့လည်း ဆိုပါတယ်။    “ညီမ ကြိုက်တာကတော့ ရော့ခ်ကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ညီမအသံနဲ့ သိပ် မလိုက်ဖက်တဲ့ ပုံစံလေး တွေရှိတယ်။ ညီမ အသံနဲ့က သီချင်း ချိုချိုလေးတွေ ပိုလိုက်ဖက်တာဆိုတော့ ဒီအခွေထဲ မှာ တော့ မျှတစွာ ထည့်သွင်းထားပါ တယ်။ စိတ်ထဲကလည်း ရော့ခ်ကိုပဲ ကြိုက်တော့ ရော့ခ်ကို ကြိုးစား ဆိုမယ်လို့ လည်း ပြင်ဆင်ထားပါတယ်” လို့ လမင်းခ က ပြောပါတယ်။   အငဲရဲ့သမီး လမင်းခရဲ့ စီးရီးသစ် စာနယ်ဇင်း မိတ်ဆက်ပွဲကိုလည်း အောက်တိုဘာလ ၇ရက်နေ့က Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာလည်း အငဲက သူကိုယ်တိုင် သူ့သမီးကို စာ နယ်ဇင်းတွေနဲ့ မိတ်ဆက်ခဲ့ပြီး သမီး ဖြစ်သူနဲ့ ပတ် သက်လို့ သူပြောပြတာတော့… ကျွန်တော့်အနေ နဲ့ကတော့ သူ့ကို မျက်စိရှေ့ မြင်တာ လေးတွေ ပြောပြတာပေါ့။ ဒီလိုပဲ သွားရင်းလာရင်းပဲ လိုတာရှိရင် ပြောပြတာပါပဲ။ သီးသန့် ကြီးတော့ မပြောဖြစ်ပါဘူး။ ဒီအခွေအတွက် သီချင်းတွေ ရွေးတဲ့ အခါမှာလည်း ၂ယောက် အတူ ရွေး ပါတယ်။ ညှိပြီးတော့ အဆင်ပြေမယ့် ပုံစံလေးတွေ ထည့်ထားပါတယ်။ ရေးတဲ့အခါ ကျတော့ ရေးရင်းနဲ့ အခွေ တစ်ခြမ်းလောက်က ကျွန်တော်ကိုယ်တိုင် ရေးဖြစ်သွားတယ်။ ဒီထဲမှာ သူ နဲ့လည်း တစ်ပုဒ်တွဲ ဆိုထားတယ်။ သူက ခုမှ စဆိုတာပေါ့။ သူ ပထမဆုံး စဆိုတုန်းက ကျွန်တော်တို့ သင်္ကြန် တစ်နှစ်မှာ သူဆိုတယ်။ အဲဒီတုန်းက ကျွန်တော်တို့ IC က လူတွေ သူ့ကို သိပ်ကြိုက်ပုံ မရဘူး။ သူကနုသေးတာပေါ့။ အဲဒီ ကြားထဲမှာပဲ သူဆိုဆိုလာရင်း တ ဖြည်းဖြည်း ပိုကောင်းလာတယ်။ ကျွန်တော်ကလည်း အဲ့ဒီ လိုလေး တဖြည်းဖြည်း ပိုကောင်းလာတာကို သဘောကျပါတယ်။ အခုလမင်းခရဲ့ အခွေလေး ကိုလည်း တစ်ခေါက်လောက် ဖြစ်ဖြစ် တော့ နားထောင် ကြည့်စေချင်ပါတယ်။ နားထာင်ပြီး မကြိုက် တော့လည်း ဆက်နားမထောင်ပါနဲ့ပေါ့။ ဒါပေမဲ့ တစ်ခေါက် လောက်ဖြစ်ဖြစ်တော့ နားထောင် ကြည့် စေချင်ပါတယ် “လို့ ဖခင်ဖြစ်တဲ့ အငဲ ကပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071