ထိုင်းတွင် ရုံးပိတ်ရက်ဆက်နေသောကြောင့် တနင်္လာနေ့ မနက်ပိုင်းက Ladphrao လမ်းဆုံတွင် ယာဉ်အသွားအလာနည်းပါးပြီးလမ်းရှင်းလျှက်ရှိနေသည်။
ဝါဆိုလပြည့်ကို မြန်မာက ဓမ္မစကြာနေ့ဟု ခေါ်တွင်ပြီး ထိုင်းက Asahna Bucha ဟုခေါ်သည်။
အာသဠှ ပူဇာ(Aslha-Puja)- အာသဠှ ဝါဆိုလ၊ပူဇာ- ပူဇော်ခြင်း၊ ဝါဆိုလပြည့်နေ့ သည် ဗုဒ္ဓမြတ်စွာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂိီ ၅ ဦးတို့အား တရားဦး ဓမ္မစကြာတရားတော် ဟောတော်မူသော နေ့ကို အာသဠှ
ပူဇာနေ့ ဟုဆိုသည်။ကာလရွေ့လျောလာသဖြင့် အာသန ဘူချာ- ဟုလည်း အချို့ သုံးနှုန်းလာကြသည်။
ဉာဏ်အလင်းရရှိပြီးနောက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ပထမဆုံးသော “သစ္စာလေးပါး” တရားပွဲနေ့အဖြစ်ထိုင်းနိုင်ငံ၌ကျင်းပကြသည်။
ထိုင်းပြည်သူများက ဘုန်းတော်ကြီးကျောင်းများသို့ ဆီမီး၊ ပန်းများ ကပ်လှူကာ ဘုရားကျောင်းကန်များသို့ သွားရောက် လည်ပတ်ကြသည်။ အချို့သော လူငယ်များဒုလ္လဘရဟန်းဝတ်ကြသည်။
(ဓာတ်ပုံ Yokin Charoenying )