
ဝတ္ထု မင်းသိင်္ခ၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာ ခင်စောမျိုး ပုံဖော်ရိုက်ကူးထားတဲ့ ‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ” ရုပ်ရှင် ဇာတ်ကားကြီးကို ဒီဇင်ဘာလ၂၃ရက်နေ့ကစပြီး ရုံတင်ပြသတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာ ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ အေးမြတ်သူနဲ့ အခြား အနုပညာရှင်ပေါင်းများစွာနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခင်စောမျိုးက..
” ဒီဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းကို ရိုက်ကူးထားတာ။ ပေးချင်တဲ့ မက်ဆေ့ခ်ျက လက်စားချေခြင်းက မကောင်းတဲ့ အဓိပ္ပာယ်ကို ပြတာပါ။ ပြင်ဆင်မှုအပိုင်းက အရင်လည်း အခုလို အင်္ဂလိပ် ခေတ်ပုံစံကိုရိုက်ကူးခဲ့တော့ ထွေထွေထူးထူး တအားမပြင်ဆင်ရပါဘူး။ သရုပ်ဆောင်မှုအပိုင်းကလည်း သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေကိုပဲ ရွေးချယ်ခဲ့တာ။ အဲဒါမှ သရုပ်ဆောင်နိုင်မှာ” လို့ ပြောပါတယ်။ ဒီဇာတ်ကားကြီးရဲ့ အထူးပွဲကိုတော့ ဒီဇင်ဘာလ ၁၁ရက်နေ့ မနက် ၇ နာရီခွဲအချိန်က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
တွယ်တာ၊ ဓာတ်ပုံ -မင်းမင်းထွန်း
